News

ကျောက်ဆည် အနှိပ်ခန်းကို ရဲဝင်ဖမ်း၊ နှိပ်သူရော၊ ဖောက်သည်ရော အားလုံးကို အာမခံ မပေး

ကျောက်ဆည် အနှိပ်ခန်းကို ရဲဝင်ဖမ်း၊ နှိပ်သူရော၊ ဖောက်သည်ရော အားလုံးကို အာမခံ မပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ် ကာလ ထုတ်ပြန်ထားသည့်

အမိန့်ညွှန်ကြားချက်များ လိုက်နာခြင်း မရှိဘဲ အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေသူများနှင့်

လာရောက် အနှိပ်ခံသူများကို ဇန်နဝါရီ(၁၃)ရက် ညပိုင်းက ဖမ်းဆီးခဲ့ကြောင်း

ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းစံပြကျေးရွာရှိ ရွှေကမ္ဘာ(၃) စားသောက်ဆိုင်၌

တရားမဝင်အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ဇန်နဝါရီ(၁၃)ရက် ညပိုင်းတွင်

ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း၊

ထိုသို့ သွားရောက်စစ်ဆေးရာ ဆိုင်တာဝန်ခံဖြစ်သူ အသက်(၃၅)နှစ်အရွယ် အမျိုးသမီး အပါအဝင်

ဆိုင်ဝန်ထမ်း နှစ်ဦး၊ အနှိပ်သမား အမျိုးသမီး ခြောက်ဦးနှင့် လာရောက်အနှိပ်ခံသူ အမျိုးသားလေးဦး၊

စုစုပေါင်း(၁၂)ဦးကို အနှိပ်ခန်းတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်

အတူ တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စားသောက်ဆိုင် ပိုင်ရှင်အမျိုးသား အပါအဝင် ဆိုင်တာဝန်ခံ

အမျိုးသမီး၊ ဆိုင်ဝန်ထမ်း၊ အနှိပ်သမားများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း (၁၃)ဦးကို

ကျောက်ဆည်မြို့မ ရဲစခန်း၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၃၀(က)ဖြင့်

အမှုဖွင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၁၃ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အရ မည်သူမဆို ဆန်းစစ်ချက်

မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို

သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ်

ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်

အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

ယင်း ဥပဒေ ပုဒ်မ ၃၀ မူ မည်သူမဆို (က) သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု တစ်ရပ်ရပ်ကို

ဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏

ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်း၊ သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို

ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊

ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

zawgyi

ေက်ာက္ဆည္ အႏွိပ္ခန္းကို ရဲဝင္ဖမ္း၊ ႏွိပ္သူေရာ၊ ေဖာက္သည္ေရာ အားလုံးကို အာမခံ မေပး

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ကိုဗစ္ ကာလ ထုတ္ျပန္ထားသည့္

အမိန႔္ၫႊန္ၾကားခ်က္မ်ား လိုက္နာျခင္း မရွိဘဲ အႏွိပ္ခန္း ဖြင့္လွစ္လုပ္ကိုင္ေနသူမ်ားႏွင့္

လာေရာက္ အႏွိပ္ခံသူမ်ားကို ဇန္နဝါရီ(၁၃)ရက္ ညပိုင္းက ဖမ္းဆီးခဲ့ေၾကာင္း

ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ေက်ာက္ဆည္ၿမိဳ႕နယ္၊ အင္ဒိုင္းစံျပေက်း႐ြာရွိ ေ႐ႊကမာၻ(၃) စားေသာက္ဆိုင္၌

တရားမဝင္အႏွိပ္ခန္း ဖြင့္လွစ္လုပ္ကိုင္ေနေၾကာင္း သတင္းအရ ဇန္နဝါရီ(၁၃)ရက္ ညပိုင္းတြင္

ေက်ာက္ဆည္ခ႐ိုင္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ေၾကာင္း၊

ထိုသို႔ သြားေရာက္စစ္ေဆးရာ ဆိုင္တာဝန္ခံျဖစ္သူ အသက္(၃၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီး အပါအဝင္

ဆိုင္ဝန္ထမ္း ႏွစ္ဦး၊ အႏွိပ္သမား အမ်ိဳးသမီး ေျခာက္ဦးႏွင့္ လာေရာက္အႏွိပ္ခံသူ အမ်ိဳးသားေလးဦး၊

စုစုေပါင္း(၁၂)ဦးကို အႏွိပ္ခန္းတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္

အတူ ေတြ႕ရွိဖမ္းဆီးရမိခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ စားေသာက္ဆိုင္ ပိုင္ရွင္အမ်ိဳးသား အပါအဝင္ ဆိုင္တာဝန္ခံ

အမ်ိဳးသမီး၊ ဆိုင္ဝန္ထမ္း၊ အႏွိပ္သမားမ်ားႏွင့္ လာေရာက္အႏွိပ္ခံသူ စုစုေပါင္း (၁၃)ဦးကို

ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္း၌ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅/၃၀(က)ျဖင့္

အမႈဖြင့္ အေရးယူထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

၂၀၁၃ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ အရ မည္သူမဆို ဆန္းစစ္ခ်က္

မျပဳလုပ္ဘဲ ေပါ့ဆစြာေဆာင္႐ြက္မႈ တစ္ခုခုေၾကာင့္ျဖစ္ေစ၊ ေဘးအႏၲရာယ္ တစ္စုံတစ္ရာ က်ေရာက္ႏိုင္သည္ကို

သိလ်က္ႏွင့္ တမင္ျပဳလုပ္မႈေၾကာင့္ ျဖစ္ေစ၊ သဘာဝေဘးအႏၲရာယ္ ျဖစ္ေပၚလွ်င္ သို႔မဟုတ္

ျဖစ္ေပၚေစရန္ အေၾကာင္းရွိလွ်င္ ထိုသူကို သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္

အျပင္ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟု ျပဌာန္းထားသည္။

ယင္း ဥပေဒ ပုဒ္မ ၃၀ မူ မည္သူမဆို (က) သဘာဝေဘးအႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲမႈ တစ္ရပ္ရပ္ကို

ေဆာင္႐ြက္ရန္ ဤဥပေဒအရ တာဝန္ေပးအပ္ျခင္း ခံရသည့္ဌာန၊ အဖြဲ႕အစည္း သို႔မဟုတ္ ပုဂၢိဳလ္၏

ၫႊန္ၾကားခ်က္တစ္ရပ္ရပ္ကို လိုက္နာရန္ တမင္ပ်က္ကြက္ျခင္း၊ သို႔မဟုတ္ ပ်က္ကြက္မႈတစ္ရပ္ရပ္ကို

က်ဴးလြန္ေၾကာင္းျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊

ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျပဌာန္းထားသည္။