International News

မြန်မာပြည်အတွက် ကိုဗစ်ကာကွယ်ဆေးများကို အိန္ဒိယက ယနေ့ စတင် ပေးပို့တော့မည်

မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး ရောက်တော့မည်။ မြန်မာအပါအဝင် ၆ နိုင်ငံသို့

ကိုဗစ်ကာကွယ်ဆေးများ ပေးပို့ခြင်းအစီအစဥ်ကို ယနေ့စတင်မည်ဖြစ်ကြောင်း အိန္ဒိယက သတင်းထုတ်ပြန်

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၏ မနေ့က သတင်းထုတ်ပြန်ချက်အရ

မြန်မာ၊ ဘူတန်၊ နီပေါ၊ မောလ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ် နှင့် ဆေးရှဲလ်နိုင်ငံများသို့ အိန္ဒိယထုတ်

ကိုဗစ်ကာကွယ်ဆေးများကို ၂၀.၁.၂၀၂၁ ရက်မှစ၍ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ယင်းနောက် အာဖဂန်နစ္စတန်၊ သီရိလင်္ကာ နှင့် မော်ရစ်သျှ နိုင်ငံများသို့လည်း

ဆက်လက်ပေးပို့ရန်အစီအစဥ်ရှိကြောင်း၊ ကမ္ဘာအနှံ့ ဖြန့်ဝေပေးပို့သွားမည်ဖြစ်ရာ နိုင်ငံ ၉၀

ကျော်သို့ ဖြန့်ဝေမည့် COVAX အစီအစဥ်အပါအဝင် နိုင်ငံတကာ၏

လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ရန် စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

မြန်မာက အိန္ဒိယ ၏ Serum Institute မှ လူ ၁၅ သန်းစာ Covishield အမည်ရှိ

Oxford/AstraZenica ကာကွယ်ဆေးအလုံး သန်း ၃၀ ဝယ်ယူရေးစာချုပ်ကို ၂၄.၁၂.၂၀ ရက်က

ချုပ်ဆို၍ ၅.၁.၂၀၂၁ ရက်တွင် ကုန်အမှာပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

zawgyi

ျမန္မာႏိုင္ငံသို႔ ကိုဗစ္ကာကြယ္ေဆး ေရာက္ေတာ့မည္။ ျမန္မာအပါအဝင္ ၆ ႏိုင္ငံသို႔

ကိုဗစ္ကာကြယ္ေဆးမ်ား ေပးပို႔ျခင္းအစီအစဥ္ကို ယေန႔စတင္မည္ျဖစ္ေၾကာင္း အိႏၵိယက သတင္းထုတ္ျပန္

အိႏၵိယႏိုင္ငံ ျပည္ပေရးရာဝန္ႀကီးဌာန၏ မေန႔က သတင္းထုတ္ျပန္ခ်က္အရ

ျမန္မာ၊ ဘူတန္၊ နီေပါ၊ ေမာလ္ဒိုက္၊ ဘဂၤလားေဒ့ရွ္ ႏွင့္ ေဆးရွဲလ္ႏိုင္ငံမ်ားသို႔ အိႏၵိယထုတ္

ကိုဗစ္ကာကြယ္ေဆးမ်ားကို ၂၀.၁.၂၀၂၁ ရက္မွစ၍ ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

ယင္းေနာက္ အာဖဂန္နစၥတန္၊ သီရိလကၤာ ႏွင့္ ေမာ္ရစ္သွ် ႏိုင္ငံမ်ားသို႔လည္း

ဆက္လက္ေပးပို႔ရန္အစီအစဥ္ရွိေၾကာင္း၊ ကမာၻအႏွံ႔ ျဖန္႔ေဝေပးပို႔သြားမည္ျဖစ္ရာ ႏိုင္ငံ ၉၀

ေက်ာ္သို႔ ျဖန္႔ေဝမည့္ COVAX အစီအစဥ္အပါအဝင္ ႏိုင္ငံတကာ၏

လိုအပ္ခ်က္မ်ားကို ျဖည့္စြမ္းႏိုင္ရန္ စီစဥ္ေနေၾကာင္း သတင္းရရွိပါတယ္။

ျမန္မာက အိႏၵိယ ၏ Serum Institute မွ လူ ၁၅ သန္းစာ Covishield အမည္ရွိ

Oxford/AstraZenica ကာကြယ္ေဆးအလုံး သန္း ၃၀ ဝယ္ယူေရးစာခ်ဳပ္ကို ၂၄.၁၂.၂၀ ရက္က

ခ်ဳပ္ဆို၍ ၅.၁.၂၀၂၁ ရက္တြင္ ကုန္အမွာပို႔ခဲ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။