News

ထိုင်းထီ၊ စင်ကာပူထီ အပါအဝင် ဘယ်နိုင်ငံထီမှ မြန်မာပြည်ထဲ ရောင်းမရပါ၊ အဖမ်းခံရနိုင်ပါတယ်

ထိုင်းထီ၊ စင်ကာပူထီ အပါအဝင် ဘယ်နိုင်ငံထီမှ မြန်မာပြည်ထဲ ရောင်းမရပါ၊ အဖမ်းခံရနိုင်ပါတယ်

မြန်မာနိုင်ငံအတွင်းတွင် ထိုင်းထီနှင့် စင်္ကာပူထီများကို ရောင်းချကြသည်ကို လူမှုကွန်ယက်ပေါ်တွင်

မကြာခဏတွေ့လာရပါသည်။ နိုင်ငံခြားထီများကို ကံစမ်းကစားခြင်းသည် ဥပဒေကို

ဖောက်ဖျက်ကျူးလွန်မိနေသည်ကို သတိပြုမိစေရန် တင်ပြပေးခြင်းဖြစ်ပါတယ်။

ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံမှထီထိုးခြင်း၏ သဘောသဘာဝသည်

အဆိုပါနိုင်ငံထုတ် ထီလက်မှတ်များကို ဝယ်ယူပြီး ထီပေါက် မပေါက် ကံစမ်းကစားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အောင်ဘာလေ ထီနှင့်အလားတူပင်ဖြစ်သည်။ ထီပေါက်လျှင် ငွေကြေးအမြောက်အများ

ရရှိမည်ဖြစ်ပြီး၊ ထီမပေါက်လျှင် ထီလက်မှတ်ဝယ်ယူခဲ့သည့် ငွေကြေးဆုံးရှုံးမှာ ဖြစ်ပါတယ်။

လောင်းကစားဥပဒေ ပုဒ်မ ၂(က) အရ လောင်းကစားခြင်းဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု

ကစားခြင်းတစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်လည်းကောင်း၊

ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန်

သဘောတူပြီးဖြစ်သော ပစ္စည်း တစ်စုံတစ်ရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို ဆိုသည်ဟု

ပြဌာန်းထားသည်။ ထို့ကြောင့် ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံမှထီထိုးခြင်းသည်

ကံစမ်းကစားခြင်းဖြစ်သဖြင့် လောင်းကစားဥပဒေ ပုဒ်မ ၂(က) တွင် ပြဌာန်းထားသည့် လောင်းကစားခြင်း

အဓိပ္ပါယ်အတွင်း အကျုံးဝင်ပြီး ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပါတယ်။

ထီဆိုသည်ကို လောင်းကစားဥပဒေ ပုဒ်မ-၂(ည) အရ ထီဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့်

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အောင်ဘာလေထီကိုဆိုသည်ဟု

ပြဌာန်းထားသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာက ရောင်းချသည့်

အောင်ဘာလေထီများသည်သာ တရားဝင် ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့်ရှိပါသည်။ အခြားနိုင်ငံမှ

ထီလက်မှတ်များကို မြန်မာနိုင်ငံအတွင်း ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့် မရှိပါ။

ထိုင်းထီ၊ စင်္ကာပူထီ ရောင်းချသူသည် ပုဒ်မ ၁၁(က) အရ ထီ (သို့မဟုတ်)ထီကဲ့သို့သော အခြားကံစမ်

း ကစားနည်းတစ်ခုခုကို စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း ဆိုသည့်

တားမြစ်ချက်များကို ကျူးလွန်ရာရောက်ပါသည်။ ထိုသို့ဖောက်ဖျက်ကျူးလွန်လျှင် လောင်ကစားစားဥပဒေပုဒ်မ

၁၈(က)အရ အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး

ကျပ် (၁) သိန်းမှ အများဆုံး ကျပ် (၅) သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။

ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံ ပစ္စည်းနှင့်ငွေကို

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမှာ ဖြစ်ပါတယ်။

လောင်းကစားဥပဒေ ပုဒ်မ-၁၂ အရ မည်သူမျှ ပုဒ်မ-၁၁ ပါ ကစားနည်းတစ်မျိုးမျိုးတွင် ပါဝင်

လောင်းကစားခြင်း မပြုရဟု တားမြစ်ထားပါသည်။ ထိုသို့လောင်းကစားနည်းတစ်ခုခုကို ပါဝင်ကစားလျှင်

လောင်းကစားဥပဒေ ပုဒ်မ ၁၉(က)အရ အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်

ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ် နိုင်သည်။

ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမှာ ဖြစ်ပါတယ်။

ထို့ကြောင့် လောင်းကစားဥပဒေပါ ပြဌာန်းချက်များအရ ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံမှထီများကို

မြန်မာနိုင်ငံအတွင်း ရောင်းချခြင်း၊ ဝယ်ယူထီထိုးခြင်း ပြုလုပ်ခွင့်မရှိပါကြောင်းနှင့် ပြလုပ်ပါက

လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်ပါကြောင်း

ဗဟုသုတရရှိစေရန် ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။။

ဖော်ပြထားတဲ့ ဥပဒေထဲက အတိုင်းဆိုရင်တော့ ထီပုံစံမျိုးကို ဒိုင်ကိုင်တာ၊ အေးဂျင့်လုပ်တာတွေဟာ

ဥ ဒေနဲ့ ငြိစွန်းနေကြပါတယ်။ ထိုးသားများလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါဆို အခုလည်း ရောင်းနေ

ထိုးနေကြတာပဲ ဘာဖြစ်လို့ ဘာမှ မဖြစ်တာလဲလို့ မေးခွန်းထုတ်စရာ ရှိပါလိမ့်မယ်။

အားလုံး သိတဲ့အတိုင်း မြန်မာပြည်ရဲ့ ဥ ဒေ အတော်များများဟာ စာရွက်ပေါ်မှာတင်ပဲ ရှိနေကြတာပါ။

ဒါပေမယ့် ဥပဒေ ပြဌာန်းထားတဲ့အတွက် တိုင်ရင်တော့ ရဲက အရေးယူပြီး တရားသူကြီးက ပြစ်ဒဏ်ပေးပြီး

ထောင်ချရမှာပါပဲ။ အဲဒါကြောင့် ထိုင်းထီရောင်းသူနဲ့ ထိုးသူများ လူမြင်ကပ်အောင် မလုပ်ကြပါနဲ့လို့ အသိပေးလိုက်ချင်ပါတယ်။

ယခုစာသည် မည်သူ၏ စီးပွားရေးကိုမှ တိုက်ခိုက်လိုခြင်း မရှိဘဲ။ စေတနာနဲ့ အသိပေးသော စာသာ ဖြစ်ပါတယ်။

zawgyi

ထိုင္းထီ၊ စင္ကာပူထီ အပါအဝင္ ဘယ္ႏိုင္ငံထီမွ ျမန္မာျပည္ထဲ ေရာင္းမရပါ၊ အဖမ္းခံရႏိုင္ပါတယ္

ျမန္မာႏိုင္ငံအတြင္းတြင္ ထိုင္းထီႏွင့္ စကၤာပူထီမ်ားကို ေရာင္းခ်ၾကသည္ကို လူမႈကြန္ယက္ေပၚတြင္

မၾကာခဏေတြ႕လာရပါသည္။ ႏိုင္ငံျခားထီမ်ားကို ကံစမ္းကစားျခင္းသည္ ဥပေဒကို

ေဖာက္ဖ်က္က်ဴးလြန္မိေနသည္ကို သတိျပဳမိေစရန္ တင္ျပေပးျခင္းျဖစ္ပါတယ္။

ထိုင္းထီ၊ စကၤာပူထီ အစရွိသည့္ အျခားႏိုင္ငံမွထီထိုးျခင္း၏ သေဘာသဘာဝသည္

အဆိုပါႏိုင္ငံထုတ္ ထီလက္မွတ္မ်ားကို ဝယ္ယူၿပီး ထီေပါက္ မေပါက္ ကံစမ္းကစားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံရွိ ေအာင္ဘာေလ ထီႏွင့္အလားတူပင္ျဖစ္သည္။ ထီေပါက္လွ်င္ ေငြေၾကးအေျမာက္အမ်ား

ရရွိမည္ျဖစ္ၿပီး၊ ထီမေပါက္လွ်င္ ထီလက္မွတ္ဝယ္ယူခဲ့သည့္ ေငြေၾကးဆုံးရႈံးမွာ ျဖစ္ပါတယ္။

ေလာင္းကစားဥပေဒ ပုဒ္မ ၂(က) အရ ေလာင္းကစားျခင္းဆိုသည္မွာ ကံစမ္းကစားျခင္း၊ ကြၽမ္းက်င္မႈ

ကစားျခင္းတစ္ခုခုတြင္ အေကာက္အစားယူသည္ျဖစ္ေစ၊ မယူသည္ျဖစ္ေစ ေငြေၾကးအတြက္လည္းေကာင္း၊

ေငြေၾကးကဲ့သို႔ တန္ဖိုးရွိေသာ သို႔မဟုတ္ ေငြေၾကးတန္ဖိုးအျဖစ္ လႊဲေျပာင္းသတ္မွတ္ရန္

သေဘာတူၿပီးျဖစ္ေသာ ပစၥည္း တစ္စုံတစ္ရာအတြက္လည္းေကာင္း ေလာင္းကစားျပဳျခင္းကို ဆိုသည္ဟု

ျပဌာန္းထားသည္။ ထို႔ေၾကာင့္ ထိုင္းထီ၊ စကၤာပူထီ အစရွိသည့္ အျခားႏိုင္ငံမွထီထိုးျခင္းသည္

ကံစမ္းကစားျခင္းျဖစ္သျဖင့္ ေလာင္းကစားဥပေဒ ပုဒ္မ ၂(က) တြင္ ျပဌာန္းထားသည့္ ေလာင္းကစားျခင္း

အဓိပၸါယ္အတြင္း အက်ဳံးဝင္ၿပီး ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္ရာေရာက္ပါတယ္။

ထီဆိုသည္ကို ေလာင္းကစားဥပေဒ ပုဒ္မ-၂(ည) အရ ထီဆိုသည္မွာ ျပည္ေထာင္စုအစိုးရ စီမံကိန္းႏွင့္

ဘ႑ာေရးဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ား ဦးစီးဌာနက ႀကီးမႉးဖြင့္လွစ္ေသာ ေအာင္ဘာေလထီကိုဆိုသည္ဟု

ျပဌာန္းထားသည္။ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာက ေရာင္းခ်သည့္

ေအာင္ဘာေလထီမ်ားသည္သာ တရားဝင္ ေရာင္း၊ ဝယ္ၿပီး ထီထိုးကံစမ္းခြင့္ရွိပါသည္။ အျခားႏိုင္ငံမွ

ထီလက္မွတ္မ်ားကို ျမန္မာႏိုင္ငံအတြင္း ေရာင္း၊ ဝယ္ၿပီး ထီထိုးကံစမ္းခြင့္ မရွိပါ။

ထိုင္းထီ၊ စကၤာပူထီ ေရာင္းခ်သူသည္ ပုဒ္မ ၁၁(က) အရ ထီ (သို႔မဟုတ္)ထီကဲ့သို႔ေသာ အျခားကံစမ္

း ကစားနည္းတစ္ခုခုကို စီမံခန္႔ခြဲျခင္း၊ ေလာင္းေၾကးလက္ခံျခင္း၊ ေငြေၾကးအက်ိဳးအျမတ္ရယူျခင္း ဆိုသည့္

တားျမစ္ခ်က္မ်ားကို က်ဴးလြန္ရာေရာက္ပါသည္။ ထိုသို႔ေဖာက္ဖ်က္က်ဴးလြန္လွ်င္ ေလာင္ကစားစားဥပေဒပုဒ္မ

၁၈(က)အရ အနည္းဆုံးတစ္ႏွစ္မွ အမ်ားဆုံးသုံးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ အနည္းဆုံး

က်ပ္ (၁) သိန္းမွ အမ်ားဆုံး က်ပ္ (၅) သိန္းအထိ ေငြဒဏ္လည္းခ်မွတ္ႏိုင္သည္။

ထို႔ျပင္ ျပစ္မႈႏွင့္အက်ဳံးဝင္ေသာ သက္ေသခံ ပစၥည္းႏွင့္ေငြကို

ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းခံရမွာ ျဖစ္ပါတယ္။

ေလာင္းကစားဥပေဒ ပုဒ္မ-၁၂ အရ မည္သူမွ် ပုဒ္မ-၁၁ ပါ ကစားနည္းတစ္မ်ိဳးမ်ိဳးတြင္ ပါဝင္

ေလာင္းကစားျခင္း မျပဳရဟု တားျမစ္ထားပါသည္။ ထိုသို႔ေလာင္းကစားနည္းတစ္ခုခုကို ပါဝင္ကစားလွ်င္

ေလာင္းကစားဥပေဒ ပုဒ္မ ၁၉(က)အရ အနည္းဆုံးေျခာက္လမွ အမ်ားဆုံးတစ္ႏွစ္အထိ ေထာင္ဒဏ္

ခ်မွတ္ရမည့္ အျပင္ အနည္းဆုံး က်ပ္ငါးေသာင္းမွ အမ်ားဆုံး က်ပ္တစ္သိန္းအထိ ေငြဒဏ္လည္းခ်မွတ္ ႏိုင္သည္။

ထို႔ျပင္ ျပစ္မႈႏွင့္အက်ဳံးဝင္ေသာ သက္ေသခံပစၥည္းႏွင့္ေငြကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္း ခံရမွာ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ေလာင္းကစားဥပေဒပါ ျပဌာန္းခ်က္မ်ားအရ ထိုင္းထီ၊ စကၤာပူထီ အစရွိသည့္ အျခားႏိုင္ငံမွထီမ်ားကို

ျမန္မာႏိုင္ငံအတြင္း ေရာင္းခ်ျခင္း၊ ဝယ္ယူထီထိုးျခင္း ျပဳလုပ္ခြင့္မရွိပါေၾကာင္းႏွင့္ ျပလုပ္ပါက

ေလာင္းကစားဥပေဒႏွင့္ ညိစြန္းေနၿပီး အေရးယူဖမ္းဆီးခံရႏိုင္ပါေၾကာင္း

ဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပျခင္း ျဖစ္ပါတယ္။။

ေဖာ္ျပထားတဲ့ ဥပေဒထဲက အတိုင္းဆိုရင္ေတာ့ ထီပုံစံမ်ိဳးကို ဒိုင္ကိုင္တာ၊ ေအးဂ်င့္လုပ္တာေတြဟာ

ဥ ေဒနဲ႔ ၿငိစြန္းေနၾကပါတယ္။ ထိုးသားမ်ားလည္း ထိုနည္းလည္းေကာင္းပါပဲ။ ဒါဆို အခုလည္း ေရာင္းေန

ထိုးေနၾကတာပဲ ဘာျဖစ္လို႔ ဘာမွ မျဖစ္တာလဲလို႔ ေမးခြန္းထုတ္စရာ ရွိပါလိမ့္မယ္။

အားလုံး သိတဲ့အတိုင္း ျမန္မာျပည္ရဲ႕ ဥ ေဒ အေတာ္မ်ားမ်ားဟာ စာ႐ြက္ေပၚမွာတင္ပဲ ရွိေနၾကတာပါ။

ဒါေပမယ့္ ဥပေဒ ျပဌာန္းထားတဲ့အတြက္ တိုင္ရင္ေတာ့ ရဲက အေရးယူၿပီး တရားသူႀကီးက ျပစ္ဒဏ္ေပးၿပီး

ေထာင္ခ်ရမွာပါပဲ။ အဲဒါေၾကာင့္ ထိုင္းထီေရာင္းသူနဲ႔ ထိုးသူမ်ား လူျမင္ကပ္ေအာင္ မလုပ္ၾကပါနဲ႔လို႔ အသိေပးလိုက္ခ်င္ပါတယ္။

ယခုစာသည္ မည္သူ၏ စီးပြားေရးကိုမွ တိုက္ခိုက္လိုျခင္း မရွိဘဲ။ ေစတနာနဲ႔ အသိေပးေသာ စာသာ ျဖစ္ပါတယ္။