ကျောက်ဆည်မြို့ ပြည်ပန်းဂိတ်တွင် ကိုဗစ်ပိုးတွေ့လူနာ ယာဥ်မောင်းတဦး ထွက်ပြေးတိမ်းရှောင်
မန္တလေးတိုင်း ကျောက်ဆည်မြို့ တောင်ဘက် ပြည်ပန်းဂိတ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့က
ကိုဗစ် ရောဂါပိုးတွေ့တဲ့ ယာဉ်မောင်း ၁ ဦး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
ဂတ်စ်အိုးတွေ တင်လာတဲ့ ယာဉ်မောင်းဟာ SWAB အဖြေအရ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက်
စစ်ဆေးရေးဂိတ်ကနေ ဆေးရုံပို့ဖို့ လုပ်ဆောင်နေစဉ်မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့တယ်လို့
myanmar rescue kyaukse ပရဟိတအသင်းနာယက ဦးဟန်မျိုးအောင်က ပြောပါတယ်။
“အမျိုးမျိုး လက်လှမ်းမီသလောက် စုံစမ်းခဲ့ရာ ပလိပ်မြို့ မြွေဘုရားမှာ ရောက်ရှိနေကြောင်း သတင်းရရှိတာနဲ့
ချက်ချင်းလိုက်သွားတော့ ဘုရားအရောက် ထပ်အဆက်သွယ်ပြတ်သွားပြီး စဥ့်ကိုင်မြို့နယ်ပေါ်တော်မူ
ဘုရားမှာဆိုလို့ ပေါ်တော်မူ ဘုရားနားက ချုံပုတ်ထဲမှာ ပုန်းနေလို့ မနည်း ချော့မော့ခေါ်လာပြီး
ကျောက်ဆည်ဆေးရုံကြီး တာဝန်ရှိသူတွေဆီ အပ်နှံပေးခဲ့ပြီ”လို့ ပြောပါတယ်။
ကျောက်ဆည်မြို့နယ်ရဲစခန်းက ထွက်ပြေးသူကို သဘာဝဘေးဥပဒေနဲ့ အရေးယူအမှုဖွင့်သွားမယ်လို့ သိရပါတယ်။
zawgyi
ေက်ာက္ဆည္ၿမိဳ႕ ျပည္ပန္းဂိတ္တြင္ ကိုဗစ္ပိုးေတြ႕လူနာ ယာဥ္ေမာင္းတဦး ထြက္ေျပးတိမ္းေရွာင္
မႏၲေလးတိုင္း ေက်ာက္ဆည္ၿမိဳ႕ ေတာင္ဘက္ ျပည္ပန္းဂိတ္မွာ ဇန္နဝါရီ ၁၈ ရက္ေန႔က
ကိုဗစ္ ေရာဂါပိုးေတြ႕တဲ့ ယာဥ္ေမာင္း ၁ ဦး ထြက္ေျပးတိမ္းေရွာင္သြားတယ္လို႔ သိရပါတယ္။
ဂတ္စ္အိုးေတြ တင္လာတဲ့ ယာဥ္ေမာင္းဟာ SWAB အေျဖအရ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိခဲ့ၿပီးေနာက္
စစ္ေဆးေရးဂိတ္ကေန ေဆး႐ုံပို႔ဖို႔ လုပ္ေဆာင္ေနစဥ္မွာ ထြက္ေျပး တိမ္းေရွာင္သြားခဲ့တယ္လို႔
myanmar rescue kyaukse ပရဟိတအသင္းနာယက ဦးဟန္မ်ိဳးေအာင္က ေျပာပါတယ္။
“အမ်ိဳးမ်ိဳး လက္လွမ္းမီသေလာက္ စုံစမ္းခဲ့ရာ ပလိပ္ၿမိဳ႕ ေႁမြဘုရားမွာ ေရာက္ရွိေနေၾကာင္း သတင္းရရွိတာနဲ႔
ခ်က္ခ်င္းလိုက္သြားေတာ့ ဘုရားအေရာက္ ထပ္အဆက္သြယ္ျပတ္သြားၿပီး စဥ့္ကိုင္ၿမိဳ႕နယ္ေပၚေတာ္မူ
ဘုရားမွာဆိုလို႔ ေပၚေတာ္မူ ဘုရားနားက ခ်ဳံပုတ္ထဲမွာ ပုန္းေနလို႔ မနည္း ေခ်ာ့ေမာ့ေခၚလာၿပီး
ေက်ာက္ဆည္ေဆး႐ုံႀကီး တာဝန္ရွိသူေတြဆီ အပ္ႏွံေပးခဲ့ၿပီ”လို႔ ေျပာပါတယ္။
ေက်ာက္ဆည္ၿမိဳ႕နယ္ရဲစခန္းက ထြက္ေျပးသူကို သဘာဝေဘးဥပေဒနဲ႔ အေရးယူအမႈဖြင့္သြားမယ္လို႔ သိရပါတယ္။