တရုတ်မှာ ၆ ရက်ဆက် ကူးစက်မှု မြင့်တက်၊ အရောင်းသမားတဦးက လူ ၁၀၀ ကျော်ကို ကူးစက်စေခဲ့
တရုတ်မှာ ၆ ရက်ဆက် ကိုဗစ်၁၉ ဖြစ်ပွားမှုသစ် လူနာ ၁၀၀ ကျော်ရှိကြောင်း သိရပြီး
အရှေ့မြောက်ပိုင်းမှာ ရောဂါကူးစက်မှု များပြားလာမှုနဲ့အတူ လာမယ့်နှစ်သစ်ကူး အားလပ်ရက်မတိုင်ခင်
နောက်ထပ်ရောဂါပိုးကူးစက်လှိုင်း တိုးလာမှာကို စိုးရိမ်နေကြကြောင်း သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကိုဗစ် ဖြစ်ပွားမှု စုစုပေါင်း ၁၀၉ ဦးတွေ့ရှိကြောင်း တရုတ်အမျိုးသား
ကျန်းမာရေးကော်မရှင်အဖွဲ့ကထုတ်ပြန်သွားပြီး ယမန်နေ့ကအတိုင်း ပိုးတွေ့လူနာ ၁၀၀ ကျော်တွေ့ရှိခဲ့တယ်လို့
သိရပါတယ်။ ဒေသတွင်း ကူးစက်မှု ၉၃ ဦးရှိခဲ့ပြီး ၅၄ ဦးဟာ ပေကျင်းပတ်ဝန်းကျင်ရှိ ဟီဘေးပြည်နယ်က
ဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဂျီလင်ပြည်နယ်မှာ လူနာသစ် ၃၀ ရှိခဲ့ပြီ
း ရောဂါကူးစက်မှု ဖြစ်ပွားရာအသစ်အဖြစ် ယူဆထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းက နိုင်ငံတွင်း ကူးစက်မှု အမြင့်ဆုံးတွ့ရှိခဲ့တဲ့ တရုတ်မှာတော့
နေ့စဉ်ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပြီး တရုတ်အာဏာပိုင်တွေက လူပေါင်း ၂၈ သန်း
ကျော်ကို လော့ဒေါင်း ချမှတ်ခြင်းအပါအဝင် ရောဂါပိုးတွေ့ရှိရာ ဒေသကလူတွေ အစုလိုက်
ရောဂါစစ်ဆေးမှုတွေ၊ ခြေရာခံကောက်ခံမှုတွေအထိ အပြင်းအထန် အကောင်အထည် ဖော်လျက်ရှိနေပါတယ်။
ပြည်တွင်းကူးစက်သူသစ် နှစ်ဦးရှိခဲ့ရာ ပေကျင်းမြို့မှာလည်း ပြည်ပက လာရောက်သူ ခရီးသွားတွေကို
၂၁ ရက်ကြာ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးပြီး နောက်ထပ် ၇ ရက်ထပ်တိုး စစ်ဆေးမှုတွေ
ချမှတ်ဖို့ စီစဉ်နေကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြထားပါတယ်။
တရုတ်မြောက်ပိုင်းမှာ နယ်လှည့် ဆေးအရောင်းသမားတဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁၀၂ ခုနဲ့
ဆက်စပ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကိုဗစ်ကူးစက်မှု အစပျိုးအဆင့်မှာရှိတဲ့ ဒီလူဟာ ဟေလုံကျန်းနယ်ကနေ ကျီလင်နယ်ကို သွားရောက်ပြီး
သက်ကြီးရွယ်အိုတွေအတွက် ဆေးအရောင်းမြှင်တင်ရေးသွားလုပ်ရာက လူအများကို ဗိုင်းရပ်စ် ကူးစက် သွားတယ်လို့ ဆိုပါတယ်။
ဒီလူဟာ ရောဂါသယ်ဆောင်သူဖြစ်ကြောင်း ပြီးခဲ့တဲ့ အင်္ဂါမှာ စစ်ဆေးတွေ့ရှိပြီး တနင်္ဂနွေမှာတော့ ကိုဗစ်
ကူးစက်နေကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ကျီလင် ဒေသ ကျန်းမာရေးကော်မရှင်က ပြောပါတယ်
။ ကူးစက်မှုကို ကျန်းမာရေးအာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြှင့် ခြေရာခံနေပြီး
ဒီလူစီးနင်းသွားတဲ့ ကား၊ ရထား ခရီးစဉ်တွေလဲ ပါဝင်ပါတယ်။
ဒ့ါအပြင် လေးရက်အတွင်း ကျန်းမာရေးဆွေးနွေးပွဲ လေးခုကို ဒီလူတက်ရောက်ခဲ့လို့ တက်ရောက်သူတွေထဲက
၇၉ ဦးကို ကူးစက်ပြီး ဒီလူတွေနဲ့နီးစပ်သူ ၂၃ ဦးကို ထပ်ဆင့်ကူးစက်တယ်လို့ ကျန်းမာရေးကော်မရှင်
ဒု-ညွှန်မှူး ကျန့်ရန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးစက်သူတွေရဲ့ ပျမ်းမျှအသက်ဟာ
၆၃ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးက ၈၇ နှစ်လို့ဆိုပါတယ်။. ။
zawgyi
တ႐ုတ္မွာ ၆ ရက္ဆက္ ကူးစက္မႈ ျမင့္တက္၊ အေရာင္းသမားတဦးက လူ ၁၀၀ ေက်ာ္ကို ကူးစက္ေစခဲ့
တ႐ုတ္မွာ ၆ ရက္ဆက္ ကိုဗစ္၁၉ ျဖစ္ပြားမႈသစ္ လူနာ ၁၀၀ ေက်ာ္ရွိေၾကာင္း သိရၿပီး
အေရွ႕ေျမာက္ပိုင္းမွာ ေရာဂါကူးစက္မႈ မ်ားျပားလာမႈနဲ႔အတူ လာမယ့္ႏွစ္သစ္ကူး အားလပ္ရက္မတိုင္ခင္
ေနာက္ထပ္ေရာဂါပိုးကူးစက္လႈိင္း တိုးလာမွာကို စိုးရိမ္ေနၾကေၾကာင္း သိရပါတယ္။
ဇန္နဝါရီ ၁၈ ရက္ေန႔မွာ ကိုဗစ္ ျဖစ္ပြားမႈ စုစုေပါင္း ၁၀၉ ဦးေတြ႕ရွိေၾကာင္း တ႐ုတ္အမ်ိဳးသား
က်န္းမာေရးေကာ္မရွင္အဖြဲ႕ကထုတ္ျပန္သြားၿပီး ယမန္ေန႔ကအတိုင္း ပိုးေတြ႕လူနာ ၁၀၀ ေက်ာ္ေတြ႕ရွိခဲ့တယ္လို႔
သိရပါတယ္။ ေဒသတြင္း ကူးစက္မႈ ၉၃ ဦးရွိခဲ့ၿပီး ၅၄ ဦးဟာ ေပက်င္းပတ္ဝန္းက်င္ရွိ ဟီေဘးျပည္နယ္က
ျဖစ္ေၾကာင္း သိရပါတယ္။ ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ဂ်ီလင္ျပည္နယ္မွာ လူနာသစ္ ၃၀ ရွိခဲ့ၿပီ
း ေရာဂါကူးစက္မႈ ျဖစ္ပြားရာအသစ္အျဖစ္ ယူဆထားပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ အေစာပိုင္းက ႏိုင္ငံတြင္း ကူးစက္မႈ အျမင့္ဆုံးတြ႕ရွိခဲ့တဲ့ တ႐ုတ္မွာေတာ့
ေန႔စဥ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနၾကၿပီး တ႐ုတ္အာဏာပိုင္ေတြက လူေပါင္း ၂၈ သန္း
ေက်ာ္ကို ေလာ့ေဒါင္း ခ်မွတ္ျခင္းအပါအဝင္ ေရာဂါပိုးေတြ႕ရွိရာ ေဒသကလူေတြ အစုလိုက္
ေရာဂါစစ္ေဆးမႈေတြ၊ ေျခရာခံေကာက္ခံမႈေတြအထိ အျပင္းအထန္ အေကာင္အထည္ ေဖာ္လ်က္ရွိေနပါတယ္။
ျပည္တြင္းကူးစက္သူသစ္ ႏွစ္ဦးရွိခဲ့ရာ ေပက်င္းၿမိဳ႕မွာလည္း ျပည္ပက လာေရာက္သူ ခရီးသြားေတြကို
၂၁ ရက္ၾကာ က်န္းမာေရးေစာင့္ၾကည့္စစ္ေဆးၿပီး ေနာက္ထပ္ ၇ ရက္ထပ္တိုး စစ္ေဆးမႈေတြ
ခ်မွတ္ဖို႔ စီစဥ္ေနေၾကာင္း တ႐ုတ္အစိုးရပိုင္ ဆင္ဟြာသတင္းက ေဖာ္ျပထားပါတယ္။
တ႐ုတ္ေျမာက္ပိုင္းမွာ နယ္လွည့္ ေဆးအေရာင္းသမားတဦးဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ၁၀၂ ခုနဲ႔
ဆက္စပ္ေနတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
ကိုဗစ္ကူးစက္မႈ အစပ်ိဳးအဆင့္မွာရွိတဲ့ ဒီလူဟာ ေဟလုံက်န္းနယ္ကေန က်ီလင္နယ္ကို သြားေရာက္ၿပီး
သက္ႀကီး႐ြယ္အိုေတြအတြက္ ေဆးအေရာင္းျမႇင္တင္ေရးသြားလုပ္ရာက လူအမ်ားကို ဗိုင္းရပ္စ္ ကူးစက္ သြားတယ္လို႔ ဆိုပါတယ္။
ဒီလူဟာ ေရာဂါသယ္ေဆာင္သူျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ အဂၤါမွာ စစ္ေဆးေတြ႕ရွိၿပီး တနဂၤေႏြမွာေတာ့ ကိုဗစ္
ကူးစက္ေနေၾကာင္း အတည္ျပဳႏိုင္ခဲ့တယ္လို႔ က်ီလင္ ေဒသ က်န္းမာေရးေကာ္မရွင္က ေျပာပါတယ္
။ ကူးစက္မႈကို က်န္းမာေရးအာဏာပိုင္ေတြက က်ယ္က်ယ္ျပန႔္ျပန႔္ အရွိန္ျမႇင့္ ေျခရာခံေနၿပီး
ဒီလူစီးနင္းသြားတဲ့ ကား၊ ရထား ခရီးစဥ္ေတြလဲ ပါဝင္ပါတယ္။
ဒ့ါအျပင္ ေလးရက္အတြင္း က်န္းမာေရးေဆြးေႏြးပြဲ ေလးခုကို ဒီလူတက္ေရာက္ခဲ့လို႔ တက္ေရာက္သူေတြထဲက
၇၉ ဦးကို ကူးစက္ၿပီး ဒီလူေတြနဲ႔နီးစပ္သူ ၂၃ ဦးကို ထပ္ဆင့္ကူးစက္တယ္လို႔ က်န္းမာေရးေကာ္မရွင္
ဒု-ၫႊန္မႉး က်န႔္ရန္က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ ကူးစက္သူေတြရဲ႕ ပ်မ္းမွ်အသက္ဟာ
၆၃ ႏွစ္ျဖစ္ၿပီး အသက္အႀကီးဆုံးက ၈၇ ႏွစ္လို႔ဆိုပါတယ္။. ။