International News

အိန္ဒိယကိုဗစ်ကာကွယ်ဆေး မြန်မာပြည်ကို ရက်အနည်းငယ်အတွင်း ရောက်လာတော့မယ်

အိန္ဒိယကိုဗစ်ကာကွယ်ဆေး မြန်မာပြည်ကို ရက်အနည်းငယ်အတွင်း ရောက်လာတော့မယ်

အိန္ဒိယနိုင်ငံဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေထံ

ကိုဗစ်ကာကွယ်ဆေးတွေ ပေးပို့သွားတော့မယ်လို့ အိန္ဒိယတိုင်းမ် သတင်းဌာနက ရေးသားဖော်ပြခဲ့တယ်။

ကာကွယ်ဆေးတွေကို သံတမန်အရေးအရ အိမ်နီးချင်နိုင်ငံတွေထံ အမြန်ဆုံးပို့ပေးတာမျိုးဖြစ်ပြီး

ဈေးနှုန်းကလည်း သူတို့နိုင်ငံက ကာကွယ်ဆေးအတွက်ပေးရတဲ့ ကုန်ကျစရိတ်အတိုင်းသာ

ပေးရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Officials unload boxes containing vials of COVISHIELD, a coronavirus disease (COVID-19) vaccine manufactured by Serum Institute of India, after a consignment of the vaccines arrived from the western city of Pune for its distribution, outside a vaccination storage centre in Ahmedabad, India, January 12, 2021. REUTERS/Amit Dave

အိန္ဒိယနိုင်ငံဟာ သူတို့နိုင်ငံအတွက် ကာကွယ်ဆေးလုံလုံလောက်လောက်ထိုးနှံနိုင်မယ့်

ပမာဏကိုတွက်ချက်ပြီးတာနဲ့ မြန်မာ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊

မောရေးသျှ စတဲ့နိုင်ငံတွေကို ဆေးစတင်ပေးပို့သွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၆) ရက် စနေနေ့မှာ တစ်ရက်တည်းနဲ့ လူပေါင်း (၁.၉)

သိန်းအထိ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပြီး ပထမအဆင့် ကာကွယ်ဆေးဖြန့်ဝေတာကို မူရင်းဈေးအတိုင်းပဲ

အိမ်နီးချင်းတွေထံရောင်းသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးပို့ဆောင်မည့်ကာ ကွယ်ဆေးများသည် အိန္ဒိယ၏ Vaccine Diplomacy

(ကာကွယ် ဆေးသံခင်းတမန်ခင်း) ဖြစ်ပြီး နောက်ပိုင်းဝယ်ယူသည့်ဆေးဝါးများကို သက်ဆိုင်ရာနိုင်ငံများက

၎င်းတို့ ဝယ်ယူသည့် Serum Institute (သို့မဟုတ်) Bharat Biotech

ဆေးကုမ္ပဏီများသို့ ပေး ချေရမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရသည် အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute of India က ထုတ်လုပ်သည့်

Covishield အမည်ရကာကွယ် ဆေးကို ဝယ်ယူထားပြီး တစ်ဦး လျှင်နှစ်ကြိမ်ထိုးနှံရန် လူဦးရေ

၁၅ သန်းအတွက် ဆေးသန်း ၃၀ ဝယ်ယူရေးစာချုပ်ကို ချုပ်ဆိုထား ခြင်းဖြစ်ပါတယ်။

နီပေါ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာ ကိုဗစ်ကာကွယ်ဆေးအတွက် Serum Institute နဲ့

ညှိနှိုင်းစာချုပ်တွေ ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံအတွက်လည်း ဒီကာကွယ်ဆေးဝေငှဖို့

သဘောတူထားကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

တခြားပြည်ပ နိုင်ငံတွေကလည်း ဒီကုမ္ပဏီနှစ်ခုထံကနေ ဆေးဝယ်ဖို့အတွက် ဆွေးနွေးနိုင်တယ်လို့

အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပေမယ့် တကယ်တမ်းမှာ ဘရာဇီး၊ ယူအေအီး၊ ဆော်ဒီ၊ မော်ရိုကို၊

တောင်အာဖရိကနိုင်ငံတွေကို Serum Institute က ရောင်းချဖို့

စာချုပ်တွေချုပ်ထားပြီးသား ဖြစ်နေတဲ့အတွက် ဝေဖန်စရာတော့ ဖြစ်နေပါတယ်။

ဘရာဇီးနိုင်ငံက Fiocruz Institute ဟာ Serum Institute ထံက ဆေးဝယ်ဖို့

သဘောတူစာချုပ်ပြီးထားပြီး ဆေးအလုံး နှစ်သန်းသယ် ဆောင်သွားဖို့ လေယာဉ်တောင်ပြင်ဆင်ထားပြီ

း ပြည်တွင်းမှာ လုံလုံလောက်လောက်မထိုးနှံရသေးပဲ ပြည်ပကိုရောင်းချခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။

zawgyi

အိႏၵိယကိုဗစ္ကာကြယ္ေဆး ျမန္မာျပည္ကို ရက္အနည္းငယ္အတြင္း ေရာက္လာေတာ့မယ္

အိႏၵိယႏိုင္ငံဟာ ရက္သတၱပတ္အနည္းငယ္အတြင္း ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြထံ

ကိုဗစ္ကာကြယ္ေဆးေတြ ေပးပို႔သြားေတာ့မယ္လို႔ အိႏၵိယတိုင္းမ္ သတင္းဌာနက ေရးသားေဖာ္ျပခဲ့တယ္။

ကာကြယ္ေဆးေတြကို သံတမန္အေရးအရ အိမ္နီးခ်င္ႏိုင္ငံေတြထံ အျမန္ဆုံးပို႔ေပးတာမ်ိဳးျဖစ္ၿပီး

ေဈးႏႈန္းကလည္း သူတို႔ႏိုင္ငံက ကာကြယ္ေဆးအတြက္ေပးရတဲ့ ကုန္က်စရိတ္အတိုင္းသာ

ေပးရမွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

အိႏၵိယႏိုင္ငံဟာ သူတို႔ႏိုင္ငံအတြက္ ကာကြယ္ေဆးလုံလုံေလာက္ေလာက္ထိုးႏွံႏိုင္မယ့္

ပမာဏကိုတြက္ခ်က္ၿပီးတာနဲ႔ ျမန္မာ၊ နီေပါ၊ ဘူတန္၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာ၊ ေမာ္လ္ဒိုက္၊

ေမာေရးသွ် စတဲ့ႏိုင္ငံေတြကို ေဆးစတင္ေပးပို႔သြားမယ္လို႔ ဆိုပါတယ္။

အိႏၵိယႏိုင္ငံဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ (၁၆) ရက္ စေနေန႔မွာ တစ္ရက္တည္းနဲ႔ လူေပါင္း (၁.၉)

သိန္းအထိ ကာကြယ္ေဆး ထိုးေပးႏိုင္ခဲ့ၿပီး ပထမအဆင့္ ကာကြယ္ေဆးျဖန႔္ေဝတာကို မူရင္းေဈးအတိုင္းပဲ

အိမ္နီးခ်င္းေတြထံေရာင္းသြားမွာ ျဖစ္ပါတယ္။

ပထမဆုံးပို႔ေဆာင္မည့္ကာ ကြယ္ေဆးမ်ားသည္ အိႏၵိယ၏ Vaccine Diplomacy

(ကာကြယ္ ေဆးသံခင္းတမန္ခင္း) ျဖစ္ၿပီး ေနာက္ပိုင္းဝယ္ယူသည့္ေဆးဝါးမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားက

၎တို႔ ဝယ္ယူသည့္ Serum Institute (သို႔မဟုတ္) Bharat Biotech

ေဆးကုမၸဏီမ်ားသို႔ ေပး ေခ်ရမွာ ျဖစ္ပါတယ္။

ျမန္မာအစိုးရသည္ အိႏၵိယ ေဆးကုမၸဏီ Serum Institute of India က ထုတ္လုပ္သည့္

Covishield အမည္ရကာကြယ္ ေဆးကို ဝယ္ယူထားၿပီး တစ္ဦး လွ်င္ႏွစ္ႀကိမ္ထိုးႏွံရန္ လူဦးေရ

၁၅ သန္းအတြက္ ေဆးသန္း ၃၀ ဝယ္ယူေရးစာခ်ဳပ္ကို ခ်ဳပ္ဆိုထား ျခင္းျဖစ္ပါတယ္။

နီေပါ၊ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြဟာ ကိုဗစ္ကာကြယ္ေဆးအတြက္ Serum Institute နဲ႔

ညႇိႏႈိင္းစာခ်ဳပ္ေတြ ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။ သီရိလကၤာႏိုင္ငံအတြက္လည္း ဒီကာကြယ္ေဆးေဝငွဖို႔

သေဘာတူထားေၾကာင္း အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

တျခားျပည္ပ ႏိုင္ငံေတြကလည္း ဒီကုမၸဏီႏွစ္ခုထံကေန ေဆးဝယ္ဖို႔အတြက္ ေဆြးေႏြးႏိုင္တယ္လို႔

အိႏၵိယအစိုးရက ထုတ္ျပန္ခဲ့ေပမယ့္ တကယ္တမ္းမွာ ဘရာဇီး၊ ယူေအအီး၊ ေဆာ္ဒီ၊ ေမာ္႐ိုကို၊

ေတာင္အာဖရိကႏိုင္ငံေတြကို Serum Institute က ေရာင္းခ်ဖို႔

စာခ်ဳပ္ေတြခ်ဳပ္ထားၿပီးသား ျဖစ္ေနတဲ့အတြက္ ေဝဖန္စရာေတာ့ ျဖစ္ေနပါတယ္။

ဘရာဇီးႏိုင္ငံက Fiocruz Institute ဟာ Serum Institute ထံက ေဆးဝယ္ဖို႔

သေဘာတူစာခ်ဳပ္ၿပီးထားၿပီး ေဆးအလုံး ႏွစ္သန္းသယ္ ေဆာင္သြားဖို႔ ေလယာဥ္ေတာင္ျပင္ဆင္ထားၿပီ

း ျပည္တြင္းမွာ လုံလုံေလာက္ေလာက္မထိုးႏွံရေသးပဲ ျပည္ပကိုေရာင္းခ်ခဲ့တဲ့အတြက္ ေဝဖန္မႈေတြ ခံေနရပါတယ္။