International News

ကိုဗစ်ကူးစက်မှာ ကြောက်လို့ လေဆိပ်ထဲမှာ ၃ လကြာ ပုန်းအောင်းနေတဲ့ လူတဦး

ကိုဗစ်ကူးစက်မှာ ကြောက်လို့ လေဆိပ်ထဲမှာ ၃ လကြာ ပုန်းအောင်းနေတဲ့ လူတဦး

အမေရိကန်အမျိုးသားတစ်ဦးဟာ ကိုဗစ်ကူးစက်ခံရမှာကို ကြောက်ရွံ့ပြီး လေယာဉ်မစီးရဲတဲ့အတွက်

ချီကာဂိုလေဆိပ်မှာ ၃ လကြာ ခိုအောင်းနေထိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနွယ်ဖွားဖြစ်ပြီး

ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ အဒီယာဆင်းဂ် ဆိုသူဖြစ်ပြီး အခုအခါမှာတော့ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆင်းဂ်ကို ဒေသအာဏာပိုင်တွေက ထိန်းသိမ်းထားပြီး

လုံခြုံရေးအရ ဝင်ရောက်ခွင့်မပြုထားတဲ့ တားမြစ်ဧရိယာအတွင်း ပုန်းအောင်းနေထိုင်ခဲ့လို့ အရေးယူခံရဖွယ်လည်း

ရှိနေပါတယ်။ အရာရှိတစ်ဦးရဲ့ ပြောဆိုချက်အရ ဆင်းဂ်ဟာ အောက်တိုဘာ ၁၉ ရက်နေ့က လေဆိပ်ကို

ရောက်ရှိခဲ့ပြီး လုံခြုံရေးဇုန်အတွင်းမှာ ဘယ်သူမှမသိအောင် ပုန်းအောင်းနေခဲ့တာလို့ သိရပါတယ်။

ဆင်းဂ်ကို လေကြောင်းလိုင်းဝန်ထမ်းတစ်ဦးက တွေ့ရှိကာ စစ်ဆေးခဲ့ပြီး အချက်အလက်တွေ ပြသဖို့

တောင်းဆိုခဲ့ရာမှာ တံဆိပ်တစ်ခုကို ပြသခဲ့ပေမယ့် အဆိုပါတံဆိပ်ဟာ

လေကြောင်းလိုင်းအရာရှိတစ်ဦးရဲ့ ပျောက်ဆုံးခဲ့တဲ့တံဆိပ်ဖြစ်နေခဲ့ပါတယ်။

ကွတ်ခ်ကောင်တီ တရားသူကြီး ဆူဆန်နာ အော်တစ်ဇ်က ဒီအမှုအတွက် အံ့အားသင့်ကာ တုန်လှုပ်မိတယ်လို့

တရားရုံးမှာ မနေ့က ပြောဆိုခဲ့ပြီး ဒီလိုကာလရှပုန်းအောင်းနေထိုင်ခဲ့တဲ့

အပေါ်မှာ တာဝန်ရှိသူတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဆင်းဂ်အနေနဲ့ အာမခံကြေးဒေါ်လာ ၁၀၀၀ ပေးဆောင်နိုင်ခဲ့မယ်ဆိုရင်တောင်မှ လေဆိပ်တွင်းကို

ဝင်ခွင့်မရှိတဲ့ အခြေအနေဖြစ်နေပြီး အသေးစားခိုးမှုနဲ့လည်း စွဲချက်တင်ခံရဦးမှာဖြစ်ပါတယ်။

တရားသူကြီး အော်တစ်ဇ် ကတော့ “ကျွန်တော်တို့ တွေ့ရှိခဲ့ရတဲ့ အချက်အလက်နဲ့ အခြေအနေတွေက

ဒီလောက်ထိ ကြာမြင်ခဲ့တဲ့အချိန်တွေအတွက် တော်တော်လေးထိတ်လန့်ရပါတယ်”

“အခုလို သက်သေခံကတ်ပြားတွေ၊ တံဆိပ်တွေကို တရားမဝင်ကိုင်ဆောင်နေတာကလည်း ခရီးသွားတွေရဲ့

လုံခြုံရေးအတွက် စိုးရိမ်စရာပါ၊ လုံခြုံစိတ်ချရမှုအပြည့်ရှိဖို့ လိုအပ်ပြီး လူတွေက ခရီးသွားဖို့

အန္တရာယ်မရှိဘူးလို့ ခံစားစေရဖို့လိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

ကိုဗစ္ကူးစက္မွာ ေၾကာက္လို႔ ေလဆိပ္ထဲမွာ ၃ လၾကာ ပုန္းေအာင္းေနတဲ့ လူတဦး

အေမရိကန္အမ်ိဳးသားတစ္ဦးဟာ ကိုဗစ္ကူးစက္ခံရမွာကို ေၾကာက္႐ြံ႕ၿပီး ေလယာဥ္မစီးရဲတဲ့အတြက္

ခ်ီကာဂိုေလဆိပ္မွာ ၃ လၾကာ ခိုေအာင္းေနထိုင္ခဲ့တယ္လို႔ သိရပါတယ္။ အိႏၵိယႏြယ္ဖြားျဖစ္ၿပီး

ကယ္လီဖိုးနီးယားမွာေနထိုင္တဲ့ အဒီယာဆင္းဂ္ ဆိုသူျဖစ္ၿပီး အခုအခါမွာေတာ့ ထိန္းသိမ္းခံထားရတယ္လို႔ သိရပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ဆင္းဂ္ကို ေဒသအာဏာပိုင္ေတြက ထိန္းသိမ္းထားၿပီး

လုံၿခဳံေရးအရ ဝင္ေရာက္ခြင့္မျပဳထားတဲ့ တားျမစ္ဧရိယာအတြင္း ပုန္းေအာင္းေနထိုင္ခဲ့လို႔ အေရးယူခံရဖြယ္လည္း

ရွိေနပါတယ္။ အရာရွိတစ္ဦးရဲ႕ ေျပာဆိုခ်က္အရ ဆင္းဂ္ဟာ ေအာက္တိုဘာ ၁၉ ရက္ေန႔က ေလဆိပ္ကို

ေရာက္ရွိခဲ့ၿပီး လုံၿခဳံေရးဇုန္အတြင္းမွာ ဘယ္သူမွမသိေအာင္ ပုန္းေအာင္းေနခဲ့တာလို႔ သိရပါတယ္။

ဆင္းဂ္ကို ေလေၾကာင္းလိုင္းဝန္ထမ္းတစ္ဦးက ေတြ႕ရွိကာ စစ္ေဆးခဲ့ၿပီး အခ်က္အလက္ေတြ ျပသဖို႔

ေတာင္းဆိုခဲ့ရာမွာ တံဆိပ္တစ္ခုကို ျပသခဲ့ေပမယ့္ အဆိုပါတံဆိပ္ဟာ

ေလေၾကာင္းလိုင္းအရာရွိတစ္ဦးရဲ႕ ေပ်ာက္ဆုံးခဲ့တဲ့တံဆိပ္ျဖစ္ေနခဲ့ပါတယ္။

ကြတ္ခ္ေကာင္တီ တရားသူႀကီး ဆူဆန္နာ ေအာ္တစ္ဇ္က ဒီအမႈအတြက္ အံ့အားသင့္ကာ တုန္လႈပ္မိတယ္လို႔

တရား႐ုံးမွာ မေန႔က ေျပာဆိုခဲ့ၿပီး ဒီလိုကာလရွပုန္းေအာင္းေနထိုင္ခဲ့တဲ့

အေပၚမွာ တာဝန္ရွိသူေတြကို ေမးခြန္းထုတ္ခဲ့ပါတယ္။

ဆင္းဂ္အေနနဲ႔ အာမခံေၾကးေဒၚလာ ၁၀၀၀ ေပးေဆာင္ႏိုင္ခဲ့မယ္ဆိုရင္ေတာင္မွ ေလဆိပ္တြင္းကို

ဝင္ခြင့္မရွိတဲ့ အေျခအေနျဖစ္ေနၿပီး အေသးစားခိုးမႈနဲ႔လည္း စြဲခ်က္တင္ခံရဦးမွာျဖစ္ပါတယ္။

တရားသူႀကီး ေအာ္တစ္ဇ္ ကေတာ့ “ကြၽန္ေတာ္တို႔ ေတြ႕ရွိခဲ့ရတဲ့ အခ်က္အလက္နဲ႔ အေျခအေနေတြက

ဒီေလာက္ထိ ၾကာျမင္ခဲ့တဲ့အခ်ိန္ေတြအတြက္ ေတာ္ေတာ္ေလးထိတ္လန႔္ရပါတယ္”

“အခုလို သက္ေသခံကတ္ျပားေတြ၊ တံဆိပ္ေတြကို တရားမဝင္ကိုင္ေဆာင္ေနတာကလည္း ခရီးသြားေတြရဲ႕

လုံၿခဳံေရးအတြက္ စိုးရိမ္စရာပါ၊ လုံၿခဳံစိတ္ခ်ရမႈအျပည့္ရွိဖို႔ လိုအပ္ၿပီး လူေတြက ခရီးသြားဖို႔

အႏၲရာယ္မရွိဘူးလို႔ ခံစားေစရဖို႔လိုပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္