News

တိုင်းဒေသကြီးနဲ့ ပြည်နယ် (၃) ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် (ပုံမှန်ထက် အအေးပိုမည်)

တိုင်းဒေသကြီးနဲ့ ပြည်နယ် (၃) ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည် (ပုံမှန်ထက် အအေးပိုမည်)

လေထုမငြိမ်မသက်ဖြစ်စဉ်ကြောင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည် နယ်သုံးခုတွင်

အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

လတ်လောရာသီဥတုအခြေအနေကို ဇန်နဝါရီ ၁၇ ရက် တိုင်းတာချက်အရ ကချင်နှင့် ရှမ်းပြည်နယ်၊

စစ်ကိုင်းတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးရွာနိုင်သည် ဟု သတိပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပြင်ပမှ တိုးဝင်လာနေသည့် လေအေး များကြောင့် ဒေသအများစုတွင်

လေထုမငြိမ်မသက်ဖြစ်ပေါ်နေ၍ အချိန်အခါမဟုတ် မိုးရွာသွန်းမည့် သတိပေးချက် ထုတ်ပြန်ခြင်းဟု

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်အထိ မိုးရွာနိုင်မည့် ဒေသများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက

ကြိုတင်ခန့်မှန်းထားရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သည်

ကျန်ဒေသများထက် မိုးပိုနိုင်ကြောင်း သတိပေးထားပါတယ်။

ဆောင်းရာသီအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းပါက သီးနှံစိုက်ခင်းများ

ထိခိုက်ပျက်စီးမှု ကြုံတွေ့နိုင်သေကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ

လုပ်ဆောင်ထားရန် စိုက်ပျိုးရေးဦးစီးဌာနက သတိပေးထားပါတယ်။

zawgyi



























