News

မီးအိမ်ရှင်ဆရာဝန်ကြီးနဲ့ ပုသိမ်ဆေးရုံတရုံလုံး ဝမ်းသာမျက်ရည်ကျရသော နေ့တနေ့

မီးအိမ်ရှင်ဆရာဝန်ကြီးနဲ့ ပုသိမ်ဆေးရုံတရုံလုံး ဝမ်းသာမျက်ရည်ကျရသော နေ့တနေ့

မျက်ရည်လည်သော နေ့တစ်နေ့။ ဒီနေ့ ကျွန်တော် မျက်ရည်ကျရပါသည်။ ကျွန်တော်သာလား

ဆိုတော့ မဟုတ်ပါ။ အနီးအနားက လူတွေပါ မျက်ရည်ကျရပါသည်။ ယုတ်စွအဆုံး လာခေါ်သော

ကားသမားကြီးပင် မျက်ရည်တွေ ပြည့်လို့။ ကိုဗစ် ကာလကြီးမှာ ဒီတစ်ခါ ကျသော မျက်ရည်ကတေ

ာ့ ဘာနဲ့မှ မတူ။ အရသာ ရှိသော မျက်ရည်၊ ပီတိ မျက်ရည် ဖြစ်ပါလေသည်။

အဘယ်ကြောင့်ပါနည်း။ ဟိုး လွန်ခဲ့သော (၇၅)ရက်။ အတိအကျ ပြောရရင် ၂၀၂၀ ပြည့်နှစ်

နိုဝင်ဘာလ (၃) ရက်နေ့မှာ သူတို့ ပုသိမ်ဆေးရုံ ICU ကို ရောက်လာခဲ့ကြသည်။ သူတို့ကို

လွှဲလိုက်သည့်နေရာက ငါးသိုင်းချောင်း ဆေးရုံ။ သူတို့ဆိုသည်က ဒေါ်သင်းသင်းဌေးနှင့်

ဒေါ်သင်းသင်းအေး ဆိုသော အမွှာညီအမ။ နောက် ထပ်ရောက်လာသူက ဒေါ်သင်းသင်းဌေး၏

အမျိုးသား ဦးအောင်တင်စိန်။ သူတို့ ရောက်လာရသည့် အကြောင်းရင်းက ကိုဗစ်ပိုးတွေ့လို့ပါပဲ။

သူတို့အထဲမှာ ဒေါ်သင်းသင်းဌေးက အဆိုးဆုံး။ သွေးတိုးရှိသည်။ ဆီးချိုရှိသည်။ နှလုံးရောဂါရှိသည်။

အောက်စီဂျင်ကျသည်။ မောသည်။ သည်လောက် ရောဂါစုံနေသည့်အထဲ စိတ်ဓါတ်ပါကျနေသည်။ ရောက်ပြီး

သိပ်မကြာခင်။ HFNC တင်ရသည်။ စက်ကို ဂိတ်ဆုံးအထိ ဖွင့်တာတောင်မှ အောက်စီဂျင်က မတက်ချင်။

သည်ကြားထဲ ဆီးချိုတက်လျှင် မောလာပြန်သည်။ တစ်ရက် နှလုံးခုန်နှုန်းတွ

ေ ၂၀၀ ကျော်လို့ ပြေးကြလွှားကြ၊ အသက်ကယ်ကြပြန်သည်။

သူ့အခန်းထဲက လူတစ်ယောက်ဆုံးပြီဆို သူက ရင်တွေတုန် အသက်ရှုတွေကြပ်၊ ဆရာ ဆရာမတွေခမျာ

ဆုံးခါနီးလူနာက တစ်ဘက်၊ သူက တစ်ဘက်။ သည်လိုနှင့် HFNC စက်ကို (၂)လကျော်လောက်

တင်ဖြစ်ခဲ့သည်။ သူ အမောဖောက်တိုင်း သမားတော် ဒေါက်တာခင်သူဇာက စလို့ လက်ထောက်ဆရာဝန်လေးတွေ၊

ဆရာမလေးတွေ၊ အလုပ်သမားတွေ အငြိမ် မနေရ။ ပြေးကြ လွှားကြ။ စိတ်ဓါတ်ကျပြီး

တရှုံ့ရှုံ့ ငိုပြန်တော့ PPE တွေ ဝတ် သွားချော့ကြ။

ကြာတော့ လူနာနှင့် ဆရာဝန်ကြား၊ လူနာနှင့် ဆရာမတွေကြား သံယောဇဉ် အမြစ်တွယ်လာခဲ့သည်။

(၁)လကျော် ကြာကြာမှာတော့ HFNC ဂိတ်ဆုံးပေးသည့်ကြားက သူ ပြုံးလာနိုင်ခဲ့သည်။ ဆရာဝန်

ဆရာမတွေနှင့် intercom မှာ ဖုန်းခေါ်ရင်း စနိုင် နောက်နိုင်လာပြီ။

သည်တောင်ကို သူကျော်နိုင်မည်ဟု ယုံကြည်စပြုလာပြီ။

ဆရာမလေးတွေကလည်း အားပေးကောင်းသည်။ အကောင်းအတိုင်း ပြန်ဆင်းဖို့ အားတွေပေးကြသည်။

သည်လိုနှင့် ICUထဲမှာ (၇၅)ရက်အကြာ ဒီနေ့မှာ သူတို့ ဆေးရုံဆင်းနိုင်ခဲ့ပါပြီ။ ဆေးရုံဆင်းမည့်အချိန်က

မြင်ကွင်းလေးကို ကြည့်ပါဦး။ သမားတော် ဒေါက်တာခင်သူဇာက ညီအမ(၂)ယောက်အတွက် ခြုံပုဝါ(၂)ထည်

ဆင်တူ။ ကိုယ်တိုင် ခြုံပေးသည်။ ဆောင်းတွင်းနွေးနွေးလေး နေလိုလျှင် သည်ခြုံပုဝါလေးတွေ ခြုံရင်း

သတိရစေဖို့တဲ့။ ဆရာမလေးတွေက အရုပ်လေး လက်ဆောင်ပေးသည်။ ညကျ ကျွန်မတို့ကို သတိရလျှင် ဖက်ထားနော်တဲ့။

ဆရာမလေး သင်းရီမွှေးက သစ်ခွပန်းပင်လေး လက်ဆောင်ပေးလိုက်သည်။ သည်အပင်လေးကို ရှင်အောင်စိုက်။

သည်အပင်ထဲမှာ မေတ္တာတွေရှိသည်လေ။ သူတို့ ထိုင်ကန်တော့ဖို့ လုပ်တော့ ဆရာမလေးတွေက

အကန်တော့မခံ။ ပြာပြာသလဲ။ ထူပေးကြသည်။ လမ်းခရီး ကားမူးမှာ စိုးလို့၊

ကားမူးပြေဆေးတွေ တိုက်လိုက်ကြသေးသည်။

သည်လိုနှင့် (၇၅)ရက်ကြာ ICU ထဲမှာ တိုက်ပွဲဝင်ခဲ့သော ဒေါ်သင်းသင်းဌေးတစ်ယောက် ဒီနေ့

သူ့အိမ် သူ့ရွာကို ပြန်နိုင်ခဲ့ပါပြီ။ သူတစ်ယောက်တည်းအတွက် ကုန်ခဲ့သော အောက်စီဂျင်ဖိုးက

သိန်းတစ်ရာ နီးပါးရှိခဲ့သည်။ ကျန်တဲ့ ဆေးဖိုးတွေ မပါသေး။ သို့သော် သည်ပမာဏကို ပုသိမ်သူ

ပုသိမ်သားတို့က စေတနာအပြည့်ဖြင့် လှူဒါန်းပေးခဲ့သဖြင့် တစ်ရက်လေးမှ အောက်စီဂျင်အတွက်

စိတ်မပူခဲ့ရ။ အလှူရှင်များကို ကျေးဇူးအထူးတင်ရပါသည်။

ကားလေး ဘီး တစ်လိမ့်လိမ့်ထွက်တော့ အားလုံး လက်ပြကျန်ရစ်ခဲ့ကြသည်။ မျက်ဝန်းမှာ မျက်ရည်တွေစိုလို့။

သည်တစ်ခါကျသော မျက်ရည်သည် ဝမ်းနည်း၍ ကျသော မျက်ရည်မဟုတ်၊ ဝမ်းသာမျက်ရည်၊

ပီတိမျက်ရည် ဆိုတာ ပြောစရာ လိုမည် မထင်ပါလေ။

ဤစာစုလေးဖြင့် သမားတော် ဒေါက်တာခင်သူဇာဦးဆောင်သော ဆရာဝန်များ၊ sister ဒေါ်ခင်ခင်မြင့်

ဦးဆောင်သော ဆရာမများနှင့် အလုပ်သမားများ၊ ဒေါက်တာအိအိမွန် ဦးဆောင်သော ရောဂါရှာဖွေရေးနှင့်

ဓါတ်ခွဲဝန်ထမ်းများ၊ ပုသိမ် ကိုဗစ် Team တစ်ခုလုံးကို ဂုဏ်ပြုပါသည်။)

မီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်

zawgyi

မီးအိမ္ရွင္ဆရာဝန္ႀကီးနဲ႔ ပုသိမ္ေဆး႐ုံတ႐ုံလုံး ဝမ္းသာမ်က္ရည္က်ရေသာ ေန႔တေန႔

မ်က္ရည္လည္ေသာ ေန႔တစ္ေန႔။ ဒီေန႔ ကြၽန္ေတာ္ မ်က္ရည္က်ရပါသည္။ ကြၽန္ေတာ္သာလား

ဆိုေတာ့ မဟုတ္ပါ။ အနီးအနားက လူေတြပါ မ်က္ရည္က်ရပါသည္။ ယုတ္စြအဆုံး လာေခၚေသာ

ကားသမားႀကီးပင္ မ်က္ရည္ေတြ ျပည့္လို႔။ ကိုဗစ္ ကာလႀကီးမွာ ဒီတစ္ခါ က်ေသာ မ်က္ရည္ကေတ

ာ့ ဘာနဲ႔မွ မတူ။ အရသာ ရွိေသာ မ်က္ရည္၊ ပီတိ မ်က္ရည္ ျဖစ္ပါေလသည္။

အဘယ္ေၾကာင့္ပါနည္း။ ဟိုး လြန္ခဲ့ေသာ (၇၅)ရက္။ အတိအက် ေျပာရရင္ ၂၀၂၀ ျပည့္ႏွစ္

ႏိုဝင္ဘာလ (၃) ရက္ေန႔မွာ သူတို႔ ပုသိမ္ေဆး႐ုံ ICU ကို ေရာက္လာခဲ့ၾကသည္။ သူတို႔ကို

လႊဲလိုက္သည့္ေနရာက ငါးသိုင္းေခ်ာင္း ေဆး႐ုံ။ သူတို႔ဆိုသည္က ေဒၚသင္းသင္းေဌးႏွင့္

ေဒၚသင္းသင္းေအး ဆိုေသာ အမႊာညီအမ။ ေနာက္ ထပ္ေရာက္လာသူက ေဒၚသင္းသင္းေဌး၏

အမ်ိဳးသား ဦးေအာင္တင္စိန္။ သူတို႔ ေရာက္လာရသည့္ အေၾကာင္းရင္းက ကိုဗစ္ပိုးေတြ႕လို႔ပါပဲ။

သူတို႔အထဲမွာ ေဒၚသင္းသင္းေဌးက အဆိုးဆုံး။ ေသြးတိုးရွိသည္။ ဆီးခ်ိဳရွိသည္။ ႏွလုံးေရာဂါရွိသည္။

ေအာက္စီဂ်င္က်သည္။ ေမာသည္။ သည္ေလာက္ ေရာဂါစုံေနသည့္အထဲ စိတ္ဓါတ္ပါက်ေနသည္။ ေရာက္ၿပီး

သိပ္မၾကာခင္။ HFNC တင္ရသည္။ စက္ကို ဂိတ္ဆုံးအထိ ဖြင့္တာေတာင္မွ ေအာက္စီဂ်င္က မတက္ခ်င္။

သည္ၾကားထဲ ဆီးခ်ိဳတက္လွ်င္ ေမာလာျပန္သည္။ တစ္ရက္ ႏွလုံးခုန္ႏႈန္းတြ

ေ ၂၀၀ ေက်ာ္လို႔ ေျပးၾကလႊားၾက၊ အသက္ကယ္ၾကျပန္သည္။

သူ႔အခန္းထဲက လူတစ္ေယာက္ဆုံးၿပီဆို သူက ရင္ေတြတုန္ အသက္ရႈေတြၾကပ္၊ ဆရာ ဆရာမေတြခမ်ာ

ဆုံးခါနီးလူနာက တစ္ဘက္၊ သူက တစ္ဘက္။ သည္လိုႏွင့္ HFNC စက္ကို (၂)လေက်ာ္ေလာက္

တင္ျဖစ္ခဲ့သည္။ သူ အေမာေဖာက္တိုင္း သမားေတာ္ ေဒါက္တာခင္သူဇာက စလို႔ လက္ေထာက္ဆရာဝန္ေလးေတြ၊

ဆရာမေလးေတြ၊ အလုပ္သမားေတြ အၿငိမ္ မေနရ။ ေျပးၾက လႊားၾက။ စိတ္ဓါတ္က်ၿပီး

တရႈံ႕ရႈံ႕ ငိုျပန္ေတာ့ PPE ေတြ ဝတ္ သြားေခ်ာ့ၾက။

ၾကာေတာ့ လူနာႏွင့္ ဆရာဝန္ၾကား၊ လူနာႏွင့္ ဆရာမေတြၾကား သံေယာဇဥ္ အျမစ္တြယ္လာခဲ့သည္။

(၁)လေက်ာ္ ၾကာၾကာမွာေတာ့ HFNC ဂိတ္ဆုံးေပးသည့္ၾကားက သူ ၿပဳံးလာႏိုင္ခဲ့သည္။ ဆရာဝန္

ဆရာမေတြႏွင့္ intercom မွာ ဖုန္းေခၚရင္း စႏိုင္ ေနာက္ႏိုင္လာၿပီ။

သည္ေတာင္ကို သူေက်ာ္ႏိုင္မည္ဟု ယုံၾကည္စျပဳလာၿပီ။

ဆရာမေလးေတြကလည္း အားေပးေကာင္းသည္။ အေကာင္းအတိုင္း ျပန္ဆင္းဖို႔ အားေတြေပးၾကသည္။

သည္လိုႏွင့္ ICUထဲမွာ (၇၅)ရက္အၾကာ ဒီေန႔မွာ သူတို႔ ေဆး႐ုံဆင္းႏိုင္ခဲ့ပါၿပီ။ ေဆး႐ုံဆင္းမည့္အခ်ိန္က

ျမင္ကြင္းေလးကို ၾကည့္ပါဦး။ သမားေတာ္ ေဒါက္တာခင္သူဇာက ညီအမ(၂)ေယာက္အတြက္ ၿခဳံပုဝါ(၂)ထည္

ဆင္တူ။ ကိုယ္တိုင္ ၿခဳံေပးသည္။ ေဆာင္းတြင္းေႏြးေႏြးေလး ေနလိုလွ်င္ သည္ၿခဳံပုဝါေလးေတြ ၿခဳံရင္း

သတိရေစဖို႔တဲ့။ ဆရာမေလးေတြက အ႐ုပ္ေလး လက္ေဆာင္ေပးသည္။ ညက် ကြၽန္မတို႔ကို သတိရလွ်င္ ဖက္ထားေနာ္တဲ့။

ဆရာမေလး သင္းရီေမႊးက သစ္ခြပန္းပင္ေလး လက္ေဆာင္ေပးလိုက္သည္။ သည္အပင္ေလးကို ရွင္ေအာင္စိုက္။

သည္အပင္ထဲမွာ ေမတၱာေတြရွိသည္ေလ။ သူတို႔ ထိုင္ကန္ေတာ့ဖို႔ လုပ္ေတာ့ ဆရာမေလးေတြက

အကန္ေတာ့မခံ။ ျပာျပာသလဲ။ ထူေပးၾကသည္။ လမ္းခရီး ကားမူးမွာ စိုးလို႔၊

ကားမူးေျပေဆးေတြ တိုက္လိုက္ၾကေသးသည္။

သည္လိုႏွင့္ (၇၅)ရက္ၾကာ ICU ထဲမွာ တိုက္ပြဲဝင္ခဲ့ေသာ ေဒၚသင္းသင္းေဌးတစ္ေယာက္ ဒီေန႔

သူ႔အိမ္ သူ႔႐ြာကို ျပန္ႏိုင္ခဲ့ပါၿပီ။ သူတစ္ေယာက္တည္းအတြက္ ကုန္ခဲ့ေသာ ေအာက္စီဂ်င္ဖိုးက

သိန္းတစ္ရာ နီးပါးရွိခဲ့သည္။ က်န္တဲ့ ေဆးဖိုးေတြ မပါေသး။ သို႔ေသာ္ သည္ပမာဏကို ပုသိမ္သူ

ပုသိမ္သားတို႔က ေစတနာအျပည့္ျဖင့္ လႉဒါန္းေပးခဲ့သျဖင့္ တစ္ရက္ေလးမွ ေအာက္စီဂ်င္အတြက္

စိတ္မပူခဲ့ရ။ အလႉရွင္မ်ားကို ေက်းဇူးအထူးတင္ရပါသည္။

ကားေလး ဘီး တစ္လိမ့္လိမ့္ထြက္ေတာ့ အားလုံး လက္ျပက်န္ရစ္ခဲ့ၾကသည္။ မ်က္ဝန္းမွာ မ်က္ရည္ေတြစိုလို႔။

သည္တစ္ခါက်ေသာ မ်က္ရည္သည္ ဝမ္းနည္း၍ က်ေသာ မ်က္ရည္မဟုတ္၊ ဝမ္းသာမ်က္ရည္၊

ပီတိမ်က္ရည္ ဆိုတာ ေျပာစရာ လိုမည္ မထင္ပါေလ။

ဤစာစုေလးျဖင့္ သမားေတာ္ ေဒါက္တာခင္သူဇာဦးေဆာင္ေသာ ဆရာဝန္မ်ား၊ sister ေဒၚခင္ခင္ျမင့္

ဦးေဆာင္ေသာ ဆရာမမ်ားႏွင့္ အလုပ္သမားမ်ား၊ ေဒါက္တာအိအိမြန္ ဦးေဆာင္ေသာ ေရာဂါရွာေဖြေရးႏွင့္

ဓါတ္ခြဲဝန္ထမ္းမ်ား၊ ပုသိမ္ ကိုဗစ္ Team တစ္ခုလုံးကို ဂုဏ္ျပဳပါသည္။)

မီးအိမ္ရွင္ ဆရာဝန္ႀကီး ေဒါက္တာသန္းမင္းထြဋ္