Celebrities

ဂျော်ဒန်က ပြန်လာသူတွေမှာ ဗီဇပြောင်းကိုဗစ်ပိုးတွေ့တဲ့ ကိစ္စ ဒေါက်တာခင်ခင်ကြီး ပြောပြီ

ဂျော်ဒန်က ပြန်လာသူတွေမှာ ဗီဇပြောင်းကိုဗစ်ပိုးတွေ့တဲ့ ကိစ္စ ဒေါက်တာခင်ခင်ကြီး ပြောပြီ

ကိုဗစ်ဗီဇပြောင်းပိုးနှင့် ပတ်သက်၍ သိရှိသင့်သည့်အချက်များ

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ UK ဗီဇပြောင်းပိုး တောင်အာဖရိကဗီဇပြောင်းပိုး မတွေ့ရှိသေးပါ။

ဆေးသုတေသနဦးစီးဌာနမှ ဇန်နဝါရီ ဒုတိယပတ်အတွင်း စစ်ဆေးချက်အရ ဂျော်ဒန်မှပြန်လာပြီးပိုးတွေ့သူ

၆၃ ဦးအနက်မှ ပိုးအကောင်ရေများသူ ၆ ဦး ရန်ကုန်တိုင်းမှ ၃ ဦး ပဲခူးတိုင်းမှ ၂ ဦး

စုစုပေါင်း ၁၁ ဦးကို ပိုးမျိုးရိုးဗီဇစစ်ဆေးခဲ့ပါသည်။

အဆိုပါစစ်ဆေးချက်အရ ဂျော်ဒန်မှ ပြန်လာသူများတွင် ပိုး၏ မျိုးရိုးဗီဇသည် GR strain ဖြစ်ပြီး မျိုးနွယ်အရ

B 1.1.312 Clade 20B ဖြစ်ပါသည် အဆိုပါမျိုးဗီဇသည် အဆိုပါနိုင်ငံများတွင် နဂိုရှိရင်းစွဲ မျိုးဗီဇဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့နေသော ပိုးမျိုးဗီဇသည် GH strain ဖြစ်ပါသည် မျိုးနွယ်စု B 1.36 Clade 20A ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားပျံ့နှံ့နေသောပိုးသည် 614G နှင့် Q57H

တွဲနေသော GH strain သာဖြစ်ပါကြောင်း သိစေအပ်ပါသည်။ လက်ရှိအချိန်ထိ ပိုး၏ မျိုးရိုးဗီဇကို

၇ ခုသတ်မှတ်နိုင်ပါသည် အောက်တွင်ပုံနှင့်ပြထားပါသည်။

မူလပထမ L strain၊ ၂၀၂၀ အစပိုင်းတွင် S strain ပြောင်း၊ နောက်ပိုင်းတွင် V နှင့် G အဖြစ်ပြောင်း၊

ထို့နောက် GR, GH နှင့် GV ဟုပြောင်း၊ နာမည်မပေးရသေးသော ပြောင်းလဲမှုများကို O strain ဟုခေါ်ပါသည်။

ထပ်ဖြည့်စွက်။ အချုပ်ပြောရလျှင် ဂျော်ဒန်နိုင်ငံသား ၆ ဦးတွင်သာ ဂျော်ဒန်နိုင်ငံတွင်ဖြစ်ပွားနေသောပိုး

GR strain B 1.1.312 တွေ့ရခြင်းဖြစ်ပါသည်။ ကျန် ရန်ကုန် ပဲခူး ဓာတ်ခွဲနမူနာ

၅ ခုတွင် နဂိုရှိရင်းစွဲ GH strain သာတွေ့ရပါသည်။

ပြည်ပက ပြန်လာသူများတွင် ဂျော်ဒန်တွင် ဖြစ်ပွားပျံ့နှံ့နေသော ပိုးတွေ့ရတာမဟုတ်ပါ။ ဂျော်ဒန်က

ပြန်လာသူများတွင်သာ တွေ့ရခြင်းဖြစ်ပါသည်။ ပေါက်ကရ မဖြန့်ကြပါနှင့် အဓိပ္ပါယ်ခြင်း တခြားစီဖြစ်ပါကြောင်း။

ဒေါက်တာာခင်ခင်ကြီး

zawgyi

ေဂ်ာ္ဒန္က ျပန္လာသူေတြမွာ ဗီဇေျပာင္းကိုဗစ္ပိုးေတြ႕တဲ့ ကိစၥ ေဒါက္တာခင္ခင္ႀကီး ေျပာၿပီ

ကိုဗစ္ဗီဇေျပာင္းပိုးႏွင့္ ပတ္သက္၍ သိရွိသင့္သည့္အခ်က္မ်ား

ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္အထိ UK ဗီဇေျပာင္းပိုး ေတာင္အာဖရိကဗီဇေျပာင္းပိုး မေတြ႕ရွိေသးပါ။

ေဆးသုေတသနဦးစီးဌာနမွ ဇန္နဝါရီ ဒုတိယပတ္အတြင္း စစ္ေဆးခ်က္အရ ေဂ်ာ္ဒန္မွျပန္လာၿပီးပိုးေတြ႕သူ

၆၃ ဦးအနက္မွ ပိုးအေကာင္ေရမ်ားသူ ၆ ဦး ရန္ကုန္တိုင္းမွ ၃ ဦး ပဲခူးတိုင္းမွ ၂ ဦး

စုစုေပါင္း ၁၁ ဦးကို ပိုးမ်ိဳး႐ိုးဗီဇစစ္ေဆးခဲ့ပါသည္။

အဆိုပါစစ္ေဆးခ်က္အရ ေဂ်ာ္ဒန္မွ ျပန္လာသူမ်ားတြင္ ပိုး၏ မ်ိဳး႐ိုးဗီဇသည္ GR strain ျဖစ္ၿပီး မ်ိဳးႏြယ္အရ

B 1.1.312 Clade 20B ျဖစ္ပါသည္ အဆိုပါမ်ိဳးဗီဇသည္ အဆိုပါႏိုင္ငံမ်ားတြင္ နဂိုရွိရင္းစြဲ မ်ိဳးဗီဇျဖစ္ပါသည္။

ျမန္မာႏိုင္ငံတြင္ ကူးစက္ပ်ံ႕ႏွံ႔ေနေသာ ပိုးမ်ိဳးဗီဇသည္ GH strain ျဖစ္ပါသည္ မ်ိဳးႏြယ္စု B 1.36 Clade 20A ျဖစ္ပါသည္။

အခ်ဳပ္အားျဖင့္ဆိုရလွ်င္ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ပြားပ်ံ႕ႏွံ႔ေနေသာပိုးသည္ 614G ႏွင့္ Q57H

တြဲေနေသာ GH strain သာျဖစ္ပါေၾကာင္း သိေစအပ္ပါသည္။ လက္ရွိအခ်ိန္ထိ ပိုး၏ မ်ိဳး႐ိုးဗီဇကို

၇ ခုသတ္မွတ္ႏိုင္ပါသည္ ေအာက္တြင္ပုံႏွင့္ျပထားပါသည္။

မူလပထမ L strain၊ ၂၀၂၀ အစပိုင္းတြင္ S strain ေျပာင္း၊ ေနာက္ပိုင္းတြင္ V ႏွင့္ G အျဖစ္ေျပာင္း၊

ထို႔ေနာက္ GR, GH ႏွင့္ GV ဟုေျပာင္း၊ နာမည္မေပးရေသးေသာ ေျပာင္းလဲမႈမ်ားကို O strain ဟုေခၚပါသည္။

ထပ္ျဖည့္စြက္။ အခ်ဳပ္ေျပာရလွ်င္ ေဂ်ာ္ဒန္ႏိုင္ငံသား ၆ ဦးတြင္သာ ေဂ်ာ္ဒန္ႏိုင္ငံတြင္ျဖစ္ပြားေနေသာပိုး

GR strain B 1.1.312 ေတြ႕ရျခင္းျဖစ္ပါသည္။ က်န္ ရန္ကုန္ ပဲခူး ဓာတ္ခြဲနမူနာ

၅ ခုတြင္ နဂိုရွိရင္းစြဲ GH strain သာေတြ႕ရပါသည္။

ျပည္ပက ျပန္လာသူမ်ားတြင္ ေဂ်ာ္ဒန္တြင္ ျဖစ္ပြားပ်ံ႕ႏွံ႔ေနေသာ ပိုးေတြ႕ရတာမဟုတ္ပါ။ ေဂ်ာ္ဒန္က

ျပန္လာသူမ်ားတြင္သာ ေတြ႕ရျခင္းျဖစ္ပါသည္။ ေပါက္ကရ မျဖန႔္ၾကပါႏွင့္ အဓိပၸါယ္ျခင္း တျခားစီျဖစ္ပါေၾကာင္း။

ေဒါက္တာာခင္ခင္ႀကီး