News

ကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်းသားအားလုံးကို ကိုဗစ်စစ်ဆေးရန် မဖြစ်နိုင်ဟုဆို

ကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်းသားအားလုံးကို ကိုဗစ်စစ်ဆေးရန် မဖြစ်နိုင်ဟုဆို

အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရန်အတွက်

Technical Team ဖွဲ့ပြီး ဆွေးနွေးနေသည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

အခြေခံပညာကျောင်းများ အဆင်သင့်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက

စီမံချက်များ ရေးဆွဲကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အခြေခံပညာဦးစီးဌာနက

ဇန်နဝါရီ ၅ ရက်က ညွှန်ကြား ထားခြင်းဖြစ်ပါတယ်။

ဦးကိုလေးဝင်းက “Technical Team က စစ်ဆေးဖို့ ပြည်နယ်၊ တိုင်းအလိုက် အဆင့်အလိုက်

ကျန်းမာရေး၊ ပညာရေး၊ ထွေအုပ်ပေါင်းစစ်တဲ့ဟာကတော့ လောလောဆယ် Technical Team

ေ ပြန်ဖွဲ့ပြီး ပြန်ပြီးဆွေးနွေးနေတယ်”ဟု ပြောပါတယ်။

ထို့အပြင် အခြေခံပညာကျောင်းတခုတည်းမဟုတ်ဘဲ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့်

သက်မွေးပညာရေးလေ့ကျင့်ရေးစသည်ဖြင့် ကဏ္ဍအစုံကြိုတင် ပြင်ဆင်ထားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊

အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းပြန်ဖွင့်ခွင့်ရရှိရန် အချက်ပေါင်း ၈ဝ နှင့် ကိုက်ညီအောင်

ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး A အဆင့်ရရှိသည့် ကျောင်းများသာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် အဆိုပါအချက် ၈ဝ နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုများကို မြို့နယ်အချို့တွင်

မြို့နယ်ပညာရေးမှူးများက ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

ကိုဗစ် ကာလအတွင်း Quarantine Centre အဖြစ် ပြုလုပ်ထားသည့် ကျောင်းအချို့ရှိပြီး

အဆိုပါကျောင်းများနှင့် ပတ်သက်၍လည်း ကျောင်းမဖွင့်မီ သင့်တင့်သည့် အချိန်အတိုင်းအတာတခုတွင်

ပြန်အပ်ရန် ကြေညာချက် ထုတ်သွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုပါတယ်။

ကျောင်းပြန်ဖွင့်ပါက ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ် ရှိ၊ မရှိ စစ်ဆေးပေးရန်

အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဦးကိုလေးဝင်းက “ကျောင်းသူ၊ကျောင်းသားရှိသမျှ ၉ ဒသမ ၇ သန်းလုံးတေ

ာ့ ဘယ်လိုစစ်နိုင် မှာလဲ။ လိုအပ်ရင် လိုအပ်သလို စစ်တာ ပြုတာတွေကတော့ ရှိမှာပေါ့။ ရှိသမျှ

ကျောင်းသူ၊ကျောင်းသား အကုန်လုံးစစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ” ဟု ပြောပါတယ်။

ထို့အပြင် ကျောင်းပြန်ဖွင့်ပါကလည်း ကျောင်းအကြိုအပို့များတွင် မိဘနှင့် ကျောင်းသားလိုက်နာရမည့်ကိစ္စ၊

စာသင်ခန်းအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်ကိစ္စများ

စသည်ဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ကိုဗစ် ကာကွယ်ရေးနှင့် ပတ်သက်ပြီးလည်း ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ၎င်းကပြောပါတယ်။

zawgyi

ေက်ာင္းမ်ား ျပန္ဖြင့္ခ်ိန္တြင္ ေက်ာင္းသားအားလုံးကို ကိုဗစ္စစ္ေဆးရန္ မျဖစ္ႏိုင္ဟုဆို

အေျခခံပညာေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ႏိုင္ေရးကြင္းဆင္းစစ္ေဆးမႈမ်ားေဆာင္႐ြက္ရန္အတြက္

Technical Team ဖြဲ႕ၿပီး ေဆြးေႏြးေနသည္ဟု အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

အေျခခံပညာေက်ာင္းမ်ား အဆင္သင့္ဖြင့္လွစ္ႏိုင္ေရးအတြက္ သက္ဆိုင္ရာေက်ာင္းအုပ္ႀကီးမ်ားက

စီမံခ်က္မ်ား ေရးဆြဲကာ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားရွိရန္ အေျခခံပညာဦးစီးဌာနက

ဇန္နဝါရီ ၅ ရက္က ၫႊန္ၾကား ထားျခင္းျဖစ္ပါတယ္။

ဦးကိုေလးဝင္းက “Technical Team က စစ္ေဆးဖို႔ ျပည္နယ္၊ တိုင္းအလိုက္ အဆင့္အလိုက္

က်န္းမာေရး၊ ပညာေရး၊ ေထြအုပ္ေပါင္းစစ္တဲ့ဟာကေတာ့ ေလာေလာဆယ္ Technical Team

ေ ျပန္ဖြဲ႕ၿပီး ျပန္ၿပီးေဆြးေႏြးေနတယ္”ဟု ေျပာပါတယ္။

ထို႔အျပင္ အေျခခံပညာေက်ာင္းတခုတည္းမဟုတ္ဘဲ အဆင့္ျမင့္ပညာေရး၊ နည္းပညာႏွင့္

သက္ေမြးပညာေရးေလ့က်င့္ေရးစသည္ျဖင့္ က႑အစုံႀကိဳတင္ ျပင္ဆင္ထားရန္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊

အေျခခံပညာေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းျပန္ဖြင့္ခြင့္ရရွိရန္ အခ်က္ေပါင္း ၈ဝ ႏွင့္ ကိုက္ညီေအာင္

ႀကိဳတင္ျပင္ဆင္ထားရမည္ျဖစ္ၿပီး A အဆင့္ရရွိသည့္ ေက်ာင္းမ်ားသာ ျပန္လည္ဖြင့္လွစ္ခြင့္ရရွိမည္ ျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိတြင္ အဆိုပါအခ်က္ ၈ဝ ႏွင့္ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္ထားမႈမ်ားကို ၿမိဳ႕နယ္အခ်ိဳ႕တြင္

ၿမိဳ႕နယ္ပညာေရးမႉးမ်ားက ႀကိဳတင္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနေၾကာင္းလည္း သိရပါတယ္။

ကိုဗစ္ ကာလအတြင္း Quarantine Centre အျဖစ္ ျပဳလုပ္ထားသည့္ ေက်ာင္းအခ်ိဳ႕ရွိၿပီး

အဆိုပါေက်ာင္းမ်ားႏွင့္ ပတ္သက္၍လည္း ေက်ာင္းမဖြင့္မီ သင့္တင့္သည့္ အခ်ိန္အတိုင္းအတာတခုတြင္

ျပန္အပ္ရန္ ေၾကညာခ်က္ ထုတ္သြားမည္ျဖစ္ေၾကာင္း ဦးကိုေလးဝင္းက ဆိုပါတယ္။

ေက်ာင္းျပန္ဖြင့္ပါက ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို ကိုဗစ္ ရွိ၊ မရွိ စစ္ေဆးေပးရန္

အစီအစဥ္ရွိ၊ မရွိ ေမးျမန္းခဲ့ရာ ဦးကိုေလးဝင္းက “ေက်ာင္းသူ၊ေက်ာင္းသားရွိသမွ် ၉ ဒသမ ၇ သန္းလုံးေတ

ာ့ ဘယ္လိုစစ္ႏိုင္ မွာလဲ။ လိုအပ္ရင္ လိုအပ္သလို စစ္တာ ျပဳတာေတြကေတာ့ ရွိမွာေပါ့။ ရွိသမွ်

ေက်ာင္းသူ၊ေက်ာင္းသား အကုန္လုံးစစ္ဖို႔ဆိုတာကေတာ့ မျဖစ္ႏိုင္ဘူးေလ” ဟု ေျပာပါတယ္။

ထို႔အျပင္ ေက်ာင္းျပန္ဖြင့္ပါကလည္း ေက်ာင္းအႀကိဳအပို႔မ်ားတြင္ မိဘႏွင့္ ေက်ာင္းသားလိုက္နာရမည့္ကိစၥ၊

စာသင္ခန္းအတြင္း ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား လိုက္နာရမည့္ကိစၥမ်ား

စသည္ျဖင့္ ထုတ္ျပန္ၿပီးျဖစ္ေၾကာင္း၊ ကိုဗစ္ ကာကြယ္ေရးႏွင့္

ပတ္သက္ၿပီးလည္း ႀကိဳတင္ျပင္ဆင္ထားၿပီး ျဖစ္ေၾကာင္း ၎ကေျပာပါတယ္။