မန္တလေး-မြစ်ကြီးနား ရထားပေါ်တွင် ရဟန်းတပါး လဲကျ၍ ပျံလွန်တော်မူမှု ဖြစ်ပွား
မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို ထွက်ခွာလာတဲ့ အမှတ်(၄၁) အဆန် ရထားပေါ်မှာ
ဇန်နဝါရီလ ၁၇ ရက် ညပိုင်းက ရဟန်း တစ်ပါးပျံလွန်ခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
ဇန်နဝါရီလ ၁၇ ရက် ညပိုင်းမှာအမှတ်(၄၁) အဆန် ရထားပေါ် မှာ လိုက်ပါလာတဲ့
ရဟန်းတစ်ပါး ကွယ်လွန် သွားတယ်လို့ သတင်းရတာကြောင့် ရထားလိုက် လုံခြုံရေး ရဲတပ်ခွဲ က
သွားရောက်စစ်ဆေးခဲ့ရာ ရထားတွဲ အမှတ် ၅ ထိုင်ခုံအမှတ် ၅၉-၆၀ မှာ လိုက်ပါလာပြိး
မန္တလေး-မြစ်ကြီးနား လက်မှတ်ကိုင် ဆောင်ထားတဲ့ ရဟန်းတော် ဦးဥာဏ ပျံလွန်တော်မူနေတာကို တွေ့ရှိရပါတယ်။
ရဟန်းတော် ဦးဥာဏဟာ သက်တော်(၅၆)နှစ် ဝါတော် (၃၆)ဝါ ရှိပြီး မန္တလေးမြို့၊
အောင်မြေသာဇံမြို့နယ် ဒေါနဘွားရပ်ကွက် အတုလဂုဏ်ရည် ကျောင်းတိုက်မှာ သီတင်းသုံးနေသူဖြစ်တယ်လို့
ကိုင်ဆောင်ထားတဲ့ သာသနာဝင်ကဒ်အရ သိရပါတယ်။
ရထားစီးနေစဥ် ညနေ ၆ နာရီခွဲအချိန်မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ၊ အဖော်အဖြစ် မြစ်ကြီးနားမြို့မှာ
နေထိုင်တဲ့ တူတော်စပ်သူ အောင်မြင့်ကျော် လိုက်ပါလာတယ်လို့ ပြောပါတယ်။ သေဆုံးခဲ့တဲ့နေရာကို
မီးရထားရဲတပ်ဖွဲ့ဝင်တွေ ၊ အင်းတော်မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်
အုပ်ချုပ်ရေးမှူး၊ အင်းတော်ဆေးရုံ ဝန်ထမ်းတွေနဲ့ မြို့နယ်သံဃနာယကဆရာတော်
လာရောက်စစ်ဆေးခဲ့ပြီး ဓမ္မတာအတိုင်း ပျံလွန်တာ ဟုတ်မဟုတ် သိရှိနိုင်ဖို့
အင်းတော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဲဒီ ဖြစ်စဉ်အတွက် အင်းတော်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဥ် ၂/၂၀၂၁ ဖွင့်လှစ်
ထားတယ်လို့ ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။ အမှတ် ၄၁ အဆန်ရထား ကိုတော့
မော်လူးပရဟိတလူငယ်များအဖွဲ့က ကလိုရင်းပိုးသတ်ဆေးရည် ပက်ဖျန်းပြီး ည ၉ နာရီခွဲမှာ
မြစ်ကြီးနားဘက်ကို ဆက်လက် ထွက်ခွာသွား တယ်လို့ မော်လူး ဘူတာရုံပိုင်ကြီး ဦးဝင်းသူက ပြောကြားပါတယ်။
zawgyi
မႏၲေလး-ျမစ္ႀကီးနား ရထားေပၚတြင္ ရဟန္းတပါး လဲက်၍ ပ်ံလြန္ေတာ္မူမႈ ျဖစ္ပြား
မႏၲေလးၿမိဳ႕ကေန ျမစ္ႀကီးနားၿမိဳ႕ကို ထြက္ခြာလာတဲ့ အမွတ္(၄၁) အဆန္ ရထားေပၚမွာ
ဇန္နဝါရီလ ၁၇ ရက္ ညပိုင္းက ရဟန္း တစ္ပါးပ်ံလြန္ခဲ့တယ္လို႔ အင္းေတာ္ၿမိဳ႕မရဲစခန္း တာဝန္ရွိသူက ေျပာပါတယ္။
ဇန္နဝါရီလ ၁၇ ရက္ ညပိုင္းမွာအမွတ္(၄၁) အဆန္ ရထားေပၚ မွာ လိုက္ပါလာတဲ့
ရဟန္းတစ္ပါး ကြယ္လြန္ သြားတယ္လို႔ သတင္းရတာေၾကာင့္ ရထားလိုက္ လုံၿခဳံေရး ရဲတပ္ခြဲ က
သြားေရာက္စစ္ေဆးခဲ့ရာ ရထားတြဲ အမွတ္ ၅ ထိုင္ခုံအမွတ္ ၅၉-၆၀ မွာ လိုက္ပါလာၿပိး
မႏၲေလး-ျမစ္ႀကီးနား လက္မွတ္ကိုင္ ေဆာင္ထားတဲ့ ရဟန္းေတာ္ ဦးဥာဏ ပ်ံလြန္ေတာ္မူေနတာကို ေတြ႕ရွိရပါတယ္။
ရဟန္းေတာ္ ဦးဥာဏဟာ သက္ေတာ္(၅၆)ႏွစ္ ဝါေတာ္ (၃၆)ဝါ ရွိၿပီး မႏၲေလးၿမိဳ႕၊
ေအာင္ေျမသာဇံၿမိဳ႕နယ္ ေဒါနဘြားရပ္ကြက္ အတုလဂုဏ္ရည္ ေက်ာင္းတိုက္မွာ သီတင္းသုံးေနသူျဖစ္တယ္လို႔
ကိုင္ေဆာင္ထားတဲ့ သာသနာဝင္ကဒ္အရ သိရပါတယ္။
ရထားစီးေနစဥ္ ညေန ၆ နာရီခြဲအခ်ိန္မွာ ပ်ံလြန္ေတာ္မူခဲ့တာျဖစ္ၿပီး ၊ အေဖာ္အျဖစ္ ျမစ္ႀကီးနားၿမိဳ႕မွာ
ေနထိုင္တဲ့ တူေတာ္စပ္သူ ေအာင္ျမင့္ေက်ာ္ လိုက္ပါလာတယ္လို႔ ေျပာပါတယ္။ ေသဆုံးခဲ့တဲ့ေနရာကို
မီးရထားရဲတပ္ဖြဲ႕ဝင္ေတြ ၊ အင္းေတာ္ၿမိဳ႕မရဲစခန္းက တပ္ဖြဲ႕ဝင္ေတြ၊ အင္းေတာ္ၿမိဳ႕ ေအာင္ေမတၱာရပ္ကြက္
အုပ္ခ်ဳပ္ေရးမႉး၊ အင္းေတာ္ေဆး႐ုံ ဝန္ထမ္းေတြနဲ႔ ၿမိဳ႕နယ္သံဃနာယကဆရာေတာ္
လာေရာက္စစ္ေဆးခဲ့ၿပီး ဓမၼတာအတိုင္း ပ်ံလြန္တာ ဟုတ္မဟုတ္ သိရွိႏိုင္ဖို႔
အင္းေတာ္ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။
အဲဒီ ျဖစ္စဥ္အတြက္ အင္းေတာ္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၂/၂၀၂၁ ဖြင့္လွစ္
ထားတယ္လို႔ ရဲစခန္းတာဝန္ရွိသူက ေျပာပါတယ္။ အမွတ္ ၄၁ အဆန္ရထား ကိုေတာ့
ေမာ္လူးပရဟိတလူငယ္မ်ားအဖြဲ႕က ကလိုရင္းပိုးသတ္ေဆးရည္ ပက္ဖ်န္းၿပီး ည ၉ နာရီခြဲမွာ
ျမစ္ႀကီးနားဘက္ကို ဆက္လက္ ထြက္ခြာသြား တယ္လို႔ ေမာ္လူး ဘူတာ႐ုံပိုင္ႀကီး ဦးဝင္းသူက ေျပာၾကားပါတယ္။