News

ဖားကန့်တွင် အင်အားအသင့်အတင့်ရှိ ငလျင်အလတ်စားလှုပ်ခတ်၊ မြေစာပုံများ ပြိုကျနိုင်ဟု သတိပေး

ဖားကန့်တွင် အင်အားအသင့်အတင့်ရှိ ငလျင်အလတ်စားလှုပ်ခတ်၊ မြေစာပုံများ ပြိုကျနိုင်ဟု သတိပေး

ဖားကန့်နှင့် တွန်းဇံမြို့ တွင် မြေအနက်အလွန်တိမ်သည့် နေရာကို ဗဟိုပြု၍ ရစ်ချ်တာ စကေး ၄ နှင့် ၅ ကြား

ငလျင်နှစ် ကြိမ်လှုပ်ရှားခဲ့ပြီး ထိခိုက်ပျက်စီး မှုမရှိခဲ့ကြောင်း

ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့အနီးတွင် ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီခန့်က

ရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့် ငလျင်လှုပ်ရှားခဲ့ပါတယ်။

ယင်းနေ့နံနက်တွင် ချင်းပြည်နယ် တွန်းဇံမြို့အနီး၌ ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်

ငလျင်လှုပ်ရှားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ငလျင်နှစ်ကြိမ်စလုံးသည် မြေအနက် နှစ်မိုင်မှ မိုင် ၂၀ ခန့် တွင် လှုပ်ရှားခဲ့သော ဇောက်တိမ်

ငလျင်ဖြစ်သော်လည်း ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာန

ညွှန် ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

၂၀၂၁ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝနှင့် မင်းကင်းမြို့အနီးတွင်ရစ်ချ်တာစကေး

၃ နှင့် ၄ ကြား ငလျင်နှစ်ကြိမ် လှုပ်ရှားပြီးနောက် ယခုအခါ

ရစ်ချ်တာစကေး ၄အထက် ငလျင်လှုပ်ရှားခြင်း ဖြစ်ပါတယ်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရာမှ ဖြစ်ပေါ်လာ သော မြေစာပုံအများအပြားရှိပြီး

မြေအနက် တိမ်သည့်နေရာတွင် ငလျင်လှုပ်ရှားသွားခဲ့၍

မြေစာပုံ ပြိုမည့်အန္တရာယ်ကို သတိပြုရန် လိုအပ်နေပါတယ်။

zawgyi


ဖားကန့်နှင့် တွန်းဇံမြို့ တွင် မြေအနက်အလွန်တိမ်သည့် နေရာကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၄ နှင့် ၅ ကြား




ရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့် ငလျင်လှုပ်ရှားခဲ့ပါတယ်။

ယင်းနေ့နံနက်တွင် ချင်းပြည်နယ် တွန်းဇံမြို့အနီး၌ ရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့်





၂၀၂၁ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝနှင့် မင်းကင်းမြို့အနီးတွင်ရစ်ခ်ျတာစကေး


ရစ်ခ်ျတာစကေး ၄အထက် ငလျင်လှုပ်ရှားခြင်း ဖြစ်ပါတယ်။


