News

ရန်ကုန်လို ကားတွေရှုပ် လမ်းတွေကြပ်တဲ့ မြို့မှာ ဆိုင်ကယ်စီးခွင့်ရရင် ဖြစ်လာမယ့် နောက်ဆက်တွဲများ

ရန်ကုန်လို ကားတွေရှုပ် လမ်းတွေကြပ်တဲ့ မြို့မှာ ဆိုင်ကယ်စီးခွင့်ရရင် ဖြစ်လာမယ့် နောက်ဆက်တွဲများ..

ရန်ကုန်လို ကားတွေရှုပ်ပြီး လမ်းတွေကြပ်တဲ့ မြို့တော်မျိုးမှာ ဆိုင်ကယ်စီးပြီး သွားလာချင်ကြတဲ့

ကလေးတွေ အနေနဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ကြိုမတွေးကြ မမြင်ကြတာ အံ့ဩမိတယ်။

ဆိုင်ကယ်စီးလို့ လူငယ်အများစု အတွက် ဆီဖိုးသက်သာစွာနဲ့ သွားရေးလာရေး ပိုပြီး အဆင်ပြေနိုင်ပေမယ့်

အကယ်၍ မန္တလေးလို ဆိုင်ကယ်တွေသာ များလာခဲ့ရင် ကားတွေအတွက် ပိုပြီး မောင်းရတာ

ယာဉ်ကြော ပိုကြပ်မယ်။ မန္တလေးနဲ့မတူတာက ကားကြပ်တဲ့ရန်ကုန်မှာ ကားနဲ့ဆိုင်ကယ်

လမ်းလုမောင်းကြရင်း ယာဉ်တိုက်မှုတွေ ပိုများလာမယ်။

ဒီ့ထက်ပိုဆိုးတာက ဆိုင်ကယ်ပေါ်ကနေ ပိုက်ဆံအိပ်လုပြေးတာ၊ ဆွဲကြိုးဖြတ်ပြေးတာတွေ ကျူးလွန်ပြီး

ကားရှုပ်တဲ့ကြားထဲကနေ မောင်းပြေးလွတ်မြောက်သွားနိုင်တယ်။ ဆိုင်ကယ်ဦးထုတ်ဆောင်းထားတဲ့အတွက်

ဘယ်သူမှန်းမသိ ဘယ်လိုက်ရမှန်းမသိနဲ့ တရားခံမပေါ်တဲ့ ရာဇဝတ်မှုတွေ ပိုမို

များပြားလာနိုင်တဲ့အတွက် ပြည်သူလူထုရဲ့ လုံခြုံမှု ပိုကင်းမဲ့လာနိုင်တယ်။

ဒါကြောင့် မျက်တောင်တစ်ဆုံး မကြည့်ကြပဲ မျက်စိတစ်ဆုံး ကြည့်ကြပါ ညီငယ်တို့..

ဆိုင်ကယ်စီးချင်ရင် နယ်ပြန်စီးကြပါ.. ရန်ကုန်က မိဘပြည်သူတွေကို

ကျီးလန့်စာစားဖြစ်အောင် မနှိပ်စက်ကြပါနဲ့လား.. (ZNH)

ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး လှုပ်ရှားမှု ရန်ကုန်တွင်ပြုလုပ်..

ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးအတွက် တောင်းဆိုလှုပ်ရှားမှု တစ်ခုကို

ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ ရှေ့တွင်ပြုလုပ်ခဲ့ကြသည်။

ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး လှုပ်ရှားသူများအဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လှုပ်ရှားမှုအဖြစ်

ဆိုင်ကယ်ဦးထုပ်များ ဆောင်းကာ Mask များဝေဌခြင်းများပြုလုပ်ခဲ့သည်။ ယင်းအစီအစဥ်များကို

ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ထပ်မံ ပြုလုပ်သွားမည်ဖြစ်ပြီး တောင်ဆိုလှုပ်ရှားမှု

အဖြစ် စုပေါင်းဆိုင်ကယ်စီးခြင်းများကိုလည်း ပြုလုပ်သွားရန် စီစဥ်လျက်ရှိသည်။

သူတို့အဖွဲ့အနေနဲ့ ဇန်နဝါရီ ၁၆ ရက်ကတည်းကစပြီး ရန်ကုန်တိုင်းထဲက မြို့နယ်အသီးသီးမှာရှိတဲ့

ဆိုက်ကယ်စီးနင်းသူတွေထံကနေ လက်မှတ်ကောက်ယူတာတွေပြုလုပ်နေပြီး ဇန်နဝါရီလ ၁၉

ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးထံ

ပေးပို့ပြီး ဥပဒေနဲ့အညီ စီးနင်းခွင့်ရဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ သန်လျင်၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊

ကွမ်းခြံကုန်းနဲ့ ကော့မှူး စတဲ့မြို့နယ်တွေကလွဲပြီး ကျန်တဲ့ စည်ပင်သာယာနယ်နိမိတ်

၃၃ မြို့နယ်ကို ဆိုက်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက တစ်နေရာနဲ့တစ်နေရာ သွားလာရခက်ခဲပြီး ကျယ်ပြန့်တဲ့ မြို့နယ်တွေမှာ

ဥပဒေနဲ့အညီ မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုဖို့ လွှတ်တော်ကိုယ်စားလှယ်အချို့က

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ ခွင့်မပြုသေးပါဘူး။

zawgyi

ရန္ကုန္လို ကားေတြရႈပ္ လမ္းေတြၾကပ္တဲ့ ၿမိဳ႕မွာ ဆိုင္ကယ္စီးခြင့္ရရင္ ျဖစ္လာမယ့္ ေနာက္ဆက္တြဲမ်ား..

ရန္ကုန္လို ကားေတြရႈပ္ၿပီး လမ္းေတြၾကပ္တဲ့ ၿမိဳ႕ေတာ္မ်ိဳးမွာ ဆိုင္ကယ္စီးၿပီး သြားလာခ်င္ၾကတဲ့

ကေလးေတြ အေနနဲ႔ ေနာက္ဆက္တြဲ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္ကို ႀကိဳမေတြးၾက မျမင္ၾကတာ အံ့ဩမိတယ္။

ဆိုင္ကယ္စီးလို႔ လူငယ္အမ်ားစု အတြက္ ဆီဖိုးသက္သာစြာနဲ႔ သြားေရးလာေရး ပိုၿပီး အဆင္ေျပႏိုင္ေပမယ့္

အကယ္၍ မႏၲေလးလို ဆိုင္ကယ္ေတြသာ မ်ားလာခဲ့ရင္ ကားေတြအတြက္ ပိုၿပီး ေမာင္းရတာ

ယာဥ္ေၾကာ ပိုၾကပ္မယ္။ မႏၲေလးနဲ႔မတူတာက ကားၾကပ္တဲ့ရန္ကုန္မွာ ကားနဲ႔ဆိုင္ကယ္

လမ္းလုေမာင္းၾကရင္း ယာဥ္တိုက္မႈေတြ ပိုမ်ားလာမယ္။

ဒီ့ထက္ပိုဆိုးတာက ဆိုင္ကယ္ေပၚကေန ပိုက္ဆံအိပ္လုေျပးတာ၊ ဆြဲႀကိဳးျဖတ္ေျပးတာေတြ က်ဴးလြန္ၿပီး

ကားရႈပ္တဲ့ၾကားထဲကေန ေမာင္းေျပးလြတ္ေျမာက္သြားႏိုင္တယ္။ ဆိုင္ကယ္ဦးထုတ္ေဆာင္းထားတဲ့အတြက္

ဘယ္သူမွန္းမသိ ဘယ္လိုက္ရမွန္းမသိနဲ႔ တရားခံမေပၚတဲ့ ရာဇဝတ္မႈေတြ ပိုမို

မ်ားျပားလာႏိုင္တဲ့အတြက္ ျပည္သူလူထုရဲ႕ လုံၿခဳံမႈ ပိုကင္းမဲ့လာႏိုင္တယ္။

ဒါေၾကာင့္ မ်က္ေတာင္တစ္ဆုံး မၾကည့္ၾကပဲ မ်က္စိတစ္ဆုံး ၾကည့္ၾကပါ ညီငယ္တို႔..

ဆိုင္ကယ္စီးခ်င္ရင္ နယ္ျပန္စီးၾကပါ.. ရန္ကုန္က မိဘျပည္သူေတြကို

က်ီးလန႔္စာစားျဖစ္ေအာင္ မႏွိပ္စက္ၾကပါနဲ႔လား.. (ZNH)

ဆိုင္ကယ္စီးနင္းခြင့္ရရွိေရး လႈပ္ရွားမႈ ရန္ကုန္တြင္ျပဳလုပ္..

ရန္ကုန္ၿမိဳ႕တြင္ ဆိုင္ကယ္စီးနင္းခြင့္ရရွိေရးအတြက္ ေတာင္းဆိုလႈပ္ရွားမႈ တစ္ခုကို

ဇန္နဝါရီလ ၁၇ ရက္ ညေနပိုင္းက ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလ ပန္းၿခံ ေရွ႕တြင္ျပဳလုပ္ခဲ့ၾကသည္။

ဆိုင္ကယ္စီးနင္းခြင့္ရရွိေရး လႈပ္ရွားသူမ်ားအဖြဲ႕မွ ျပဳလုပ္ခဲ့ျခင္း ျဖစ္ၿပီး လႈပ္ရွားမႈအျဖစ္

ဆိုင္ကယ္ဦးထုပ္မ်ား ေဆာင္းကာ Mask မ်ားေဝဌျခင္းမ်ားျပဳလုပ္ခဲ့သည္။ ယင္းအစီအစဥ္မ်ားကို

ဇန္နဝါရီလ ၁၈ ရက္ေန႔တြင္လည္း ထပ္မံ ျပဳလုပ္သြားမည္ျဖစ္ၿပီး ေတာင္ဆိုလႈပ္ရွားမႈ

အျဖစ္ စုေပါင္းဆိုင္ကယ္စီးျခင္းမ်ားကိုလည္း ျပဳလုပ္သြားရန္ စီစဥ္လ်က္ရွိသည္။

သူတို႔အဖြဲ႕အေနနဲ႔ ဇန္နဝါရီ ၁၆ ရက္ကတည္းကစၿပီး ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္အသီးသီးမွာရွိတဲ့

ဆိုက္ကယ္စီးနင္းသူေတြထံကေန လက္မွတ္ေကာက္ယူတာေတြျပဳလုပ္ေနၿပီး ဇန္နဝါရီလ ၁၉

ရက္ေန႔မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ နယ္စပ္ေရးရာလုံၿခဳံေရးဝန္ႀကီးထံ

ေပးပို႔ၿပီး ဥပေဒနဲ႔အညီ စီးနင္းခြင့္ရဖို႔ ေတာင္းဆိုသြားမွာျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးထဲက ေမွာ္ဘီ၊ လွည္းကူး၊ တိုက္ႀကီး၊ သန္လ်င္၊ ဒလ၊ ဆိပ္ႀကီးခေနာင္တို၊

ကြမ္းၿခံကုန္းနဲ႔ ေကာ့မႉး စတဲ့ၿမိဳ႕နယ္ေတြကလြဲၿပီး က်န္တဲ့ စည္ပင္သာယာနယ္နိမိတ္

၃၃ ၿမိဳ႕နယ္ကို ဆိုက္ကယ္စီးနင္းခြင့္ ပိတ္ပင္ထားတာျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးထဲက တစ္ေနရာနဲ႔တစ္ေနရာ သြားလာရခက္ခဲၿပီး က်ယ္ျပန႔္တဲ့ ၿမိဳ႕နယ္ေတြမွာ

ဥပေဒနဲ႔အညီ ေမာ္ေတာ္ဆိုင္ကယ္စီးနင္းခြင့္ ျပန္လည္ခြင့္ျပဳဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္မွာ တင္ျပေဆြးေႏြးတာေတြရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ခြင့္မျပဳေသးပါဘူး။