“တာဝန်ရှိလူကြီးမင်းများ လက်ပိုက်ကြည့်မနေကြပါနဲ့တော့”
ဒီနေ့ ၂၀ ကျော် မိန်းကလေးတစ်ယောက် ဆေးခန်းရောက်လာပါတယ် လာရတဲ့အကြောင်းက
ဗိုက်ထဲမှာ မအီမလည်ကြီးနဲ့ နေရခက်နေပါသတဲ့ ဒီမနက် သွေးစလေးတွေအန်တယ်
အဖျားနည်းနည်းရှိတယ် လွန်ခဲ့တဲ့တပတ်က သွေးနည်းနည်းဆင်းပြီး ခါးအောင့် ဗိုက်နာ အဖျားလေးပါဝင်နေပါသတဲ့။
မိန်းကလေးကိုကြည့်လိုက်တော့ မျက်နှာလေးချောင်ကျနေပြီး ဝေဒနါကိုကြိတ်ခံစားနေရပုံပဲ။ ဒါနဲ့
ဗိုက်ကိုစမ်းကြည့်တော့ သားအိမ်ကလေးစမ်းမိနေတယ်။ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့လက္ခဏာပေါ့။
ကိုယ်ဝန်ရှိတဲ့သူသွေးဆင်းတယ်ဆိုတော့ တခုခုလုပ်ထားသလား ချော့မော့မေးမြန်းပြီး
သေသေချာချာစစ်ဆေးကြည့်တော့ မိန်းကလေးက အမှန်အတိုင်းပြောလာရှာတယ်။
လွန်ခဲ့တဲ့ တပတ်က လိုင်းပေါ်ကနေ ကိုယ်ဝန်ပျက်ဆေးဝယ်သောက်ခဲ့မိပါတယ်တဲ့ ဆေးတစ်စုံစာကို
၁၅၀၀၀၀ ပေးရပါသတဲ့ ဆေးသောက်ပြီး တစ်ရက်သွေးနဲနဲလေးဆင်းပြီး နောက်ရက်တွေထပ်မဆင်းတော့ပဲ
နေရခက်လာသတဲ့ ၆ ရက်မြောက်မှာ အဖျားပါဝင်လာပြီး မအီမသာဖြစ်လာတယ်။ နေမထိထိုင်မထိခံစားနေရတယ်
ဒီမနက်မှာ လည်ပင်းထဲ တခုခုစို့လာသလိုဖြစ်ပြီး အန်လိုက်တော့ သွေးစတွေပါလာတယ်။
ဒါ့ကြောင့်ဆေးခန်းရောက်လာရပါသတဲ့။
ဒီမိန်းကလေးလိုအဖြစ်မျိုး (အွန်လိုင်းပေါ်က ဆေးဝယ်သောက်ပြီး ကိုယ်ဝန်တဝက်တပြတ်ပျက်ကျပြီး
အသက်အန္တရာယ်ရှိတဲ့ လက္ခဏာမျိုးနဲ့ရောက်လာသူ) ၄ ယောက်ရှိပါပြီ။ ကျမတို့တွ
ေ မသိနိုင်သေးတဲ့ ဒုက္ခရောက်သူ မိန်းကလေးများစွာ ရှိနေအုံးမှာပါ။
အွန်လိုင်းပေါ်မှာ ကိုယ်ဝန်ပျက်ဆေးတွေကို ပေါ်တင်ရောင်းနေတဲ့သူတွေရှိနေသ၍ မသိနားမလည်ပဲ
ဝယ်သောက်နေတဲ့ မိန်းကလေးတွေ ဘယ်နှယောက်တောင် အသက်စတေးနေရပြီလဲ။ အထွေထွေကု
ဆရာဝန်တယောက်အနေနဲ့ အမုန်းခံပြီး တင်ပြပါရစေ။ လူကြီးမင်းတို့ ဒီပြသနာတွေဖြေရှင်းပေးကြပါအုံ
း အသက်တွေ အရမ်းစျေးပေါနေတဲ့ နိုင်ငံဖြစ်နေပြီလား။
ထိုမိန်းကလေးရဲ့ဖုန်းထဲကနေ အွန်လိုင်းပေါ်မှ သူမအား ကိုယ်ဝန်ပျက်ဆေး ရောင်းပေးခဲ့သူရဲ့ ပရိုဖိုင်းပုံနဲ့
ဆေးတွေ စာရွက်တွေ တင်ပြပေးလိုက်ပါတယ်။ (ပရိုဖိုင်းထဲက ဓာတ်ပုံပိုင်ရှင်က အကောင့်ပိုင်ရှင်အစစ်မဟုတ်ပဲ။
တခြားမိန်းကလေးရဲ့ ပုံလို့ ထင်မိပါတယ်။ ဓာတ်ပုံပိုင်ရှင်မိန်းကလေးအတွက် နစ်နာလှပါတယ်။ အခုလို
သူနာပြု ယူနီဖောင်းလေးနဲ့ပုံတင်ပြီး သူများအသက်နဲ့ ကြောက်စရာ အလုပ်ကြီးလုပ်ပြနေတာ
ကျန်းမာရေးဝန်ထမ်းများကို စော်ကားသလိုပါဖြစ်နေပါတယ် သက်ဆိုင်ရာလူကြီးမင်းတို့
ဒီပြသနာတွေ လက်ပိုက်ကြည့်မနေကြပါနဲ့တော့)
အထွေထွေကု ဆရာဝန်တစ်ဦး
zawgyi
“တာဝန္ရွိလူႀကီးမင္းမ်ား လက္ပိုက္ၾကည့္မေနၾကပါနဲ႔ေတာ့”
ဒီေန႔ ၂၀ ေက်ာ္ မိန္းကေလးတစ္ေယာက္ ေဆးခန္းေရာက္လာပါတယ္ လာရတဲ့အေၾကာင္းက
ဗိုက္ထဲမွာ မအီမလည္ႀကီးနဲ႔ ေနရခက္ေနပါသတဲ့ ဒီမနက္ ေသြးစေလးေတြအန္တယ္
အဖ်ားနည္းနည္းရွိတယ္ လြန္ခဲ့တဲ့တပတ္က ေသြးနည္းနည္းဆင္းၿပီး ခါးေအာင့္ ဗိုက္နာ အဖ်ားေလးပါဝင္ေနပါသတဲ့။
မိန္းကေလးကိုၾကည့္လိုက္ေတာ့ မ်က္ႏွာေလးေခ်ာင္က်ေနၿပီး ေဝဒနါကိုႀကိတ္ခံစားေနရပုံပဲ။ ဒါနဲ႔
ဗိုက္ကိုစမ္းၾကည့္ေတာ့ သားအိမ္ကေလးစမ္းမိေနတယ္။ ကိုယ္ဝန္ရွိေနတယ္ဆိုတဲ့လကၡဏာေပါ့။
ကိုယ္ဝန္ရွိတဲ့သူေသြးဆင္းတယ္ဆိုေတာ့ တခုခုလုပ္ထားသလား ေခ်ာ့ေမာ့ေမးျမန္းၿပီး
ေသေသခ်ာခ်ာစစ္ေဆးၾကည့္ေတာ့ မိန္းကေလးက အမွန္အတိုင္းေျပာလာရွာတယ္။
လြန္ခဲ့တဲ့ တပတ္က လိုင္းေပၚကေန ကိုယ္ဝန္ပ်က္ေဆးဝယ္ေသာက္ခဲ့မိပါတယ္တဲ့ ေဆးတစ္စုံစာကို
၁၅၀၀၀၀ ေပးရပါသတဲ့ ေဆးေသာက္ၿပီး တစ္ရက္ေသြးနဲနဲေလးဆင္းၿပီး ေနာက္ရက္ေတြထပ္မဆင္းေတာ့ပဲ
ေနရခက္လာသတဲ့ ၆ ရက္ေျမာက္မွာ အဖ်ားပါဝင္လာၿပီး မအီမသာျဖစ္လာတယ္။ ေနမထိထိုင္မထိခံစားေနရတယ္
ဒီမနက္မွာ လည္ပင္းထဲ တခုခုစို႔လာသလိုျဖစ္ၿပီး အန္လိုက္ေတာ့ ေသြးစေတြပါလာတယ္။
ဒါ့ေၾကာင့္ေဆးခန္းေရာက္လာရပါသတဲ့။
ဒီမိန္းကေလးလိုအျဖစ္မ်ိဳး (အြန္လိုင္းေပၚက ေဆးဝယ္ေသာက္ၿပီး ကိုယ္ဝန္တဝက္တျပတ္ပ်က္က်ၿပီး
အသက္အႏၲရာယ္ရွိတဲ့ လကၡဏာမ်ိဳးနဲ႔ေရာက္လာသူ) ၄ ေယာက္ရွိပါၿပီ။ က်မတို႔တြ
ေ မသိႏိုင္ေသးတဲ့ ဒုကၡေရာက္သူ မိန္းကေလးမ်ားစြာ ရွိေနအုံးမွာပါ။
အြန္လိုင္းေပၚမွာ ကိုယ္ဝန္ပ်က္ေဆးေတြကို ေပၚတင္ေရာင္းေနတဲ့သူေတြရွိေနသ၍ မသိနားမလည္ပဲ
ဝယ္ေသာက္ေနတဲ့ မိန္းကေလးေတြ ဘယ္ႏွေယာက္ေတာင္ အသက္စေတးေနရၿပီလဲ။ အေထြေထြကု
ဆရာဝန္တေယာက္အေနနဲ႔ အမုန္းခံၿပီး တင္ျပပါရေစ။ လူႀကီးမင္းတို႔ ဒီျပသနာေတြေျဖရွင္းေပးၾကပါအုံ
း အသက္ေတြ အရမ္းေစ်းေပါေနတဲ့ ႏိုင္ငံျဖစ္ေနၿပီလား။
ထိုမိန္းကေလးရဲ႕ဖုန္းထဲကေန အြန္လိုင္းေပၚမွ သူမအား ကိုယ္ဝန္ပ်က္ေဆး ေရာင္းေပးခဲ့သူရဲ႕ ပ႐ိုဖိုင္းပုံနဲ႔
ေဆးေတြ စာ႐ြက္ေတြ တင္ျပေပးလိုက္ပါတယ္။ (ပ႐ိုဖိုင္းထဲက ဓာတ္ပုံပိုင္ရွင္က အေကာင့္ပိုင္ရွင္အစစ္မဟုတ္ပဲ။
တျခားမိန္းကေလးရဲ႕ ပုံလို႔ ထင္မိပါတယ္။ ဓာတ္ပုံပိုင္ရွင္မိန္းကေလးအတြက္ နစ္နာလွပါတယ္။ အခုလို
သူနာျပဳ ယူနီေဖာင္းေလးနဲ႔ပုံတင္ၿပီး သူမ်ားအသက္နဲ႔ ေၾကာက္စရာ အလုပ္ႀကီးလုပ္ျပေနတာ
က်န္းမာေရးဝန္ထမ္းမ်ားကို ေစာ္ကားသလိုပါျဖစ္ေနပါတယ္ သက္ဆိုင္ရာလူႀကီးမင္းတို႔
ဒီျပသနာေတြ လက္ပိုက္ၾကည့္မေနၾကပါနဲ႔ေတာ့)
အေထြေထြကု ဆရာဝန္တစ္ဦး