International News

ကိုဗစ်ကူးခံရမှာ ကြောက်လို့ လေယာဉ်တစ်စီးလုံးစာ လက်မှတ်ဝယ်ပြီး ခရီးထွက်တဲ့ အင်ဒိုသူဌေး

အင်ဒိုနီးရှားနိုင်ငံက သူဌေးတစ်ဦးဟာ ကိုဗစ်ကူးစက်ခံရမှာကို ကြောက်တာကြောင့် လေယာဉ်တစ်စီးလုံးစာ

လက်မှတ်တွေအားလုံးကို ဝယ်ယူပြီး တစ်ဦးတည်း ခရီးထွက်သွားခဲ့တယ်လို့ သိရပါတယ်။

နှစ်သစ်ကူးအပန်းဖြေခရီးထွက်မှုအဖြစ် ဘာလီကို ထွက်ခွာခဲ့တာဖြစ်ပြီး သူ့ရဲ့အင်စတာဂရမ်မှာ

အဆိုပါအကြောင်းကို ဖော်ပြခဲ့မှုက ရေပန်းစားနေပါတယ်။

Richard Muljadi နဲ့ သူ့ရဲ့ဇနီးသည် ရုပ်ရှင်သရုပ်ဆောင် Shalvynne Chang တို့ဟာ ကိုဗစ်ကူးစက်ခံရမှာကို

အရမ်းထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် လေယာဉ်ကို စင်းလုံးငှားသဘောမျိုးနဲ့

လိုက်ပါစီးနင်းသွားခဲ့ကြပြီး သူတို့နှစ်ဦးတည်းသာ ရှိနေတဲ့ မြင်ကွင်းကို ဓာတ်ပုံရိုက်ကူးခဲ့ကာ

ကိုယ်ပိုင်ဂျက်လေယာဉ်စီးနေရသလို ခံစားရတယ်လို့ လူမှုကွန်ယက်မှာ ရေးသားပြောဆိုခဲ့ပါတယ်။

သူတို့ဟာ Batik Air လေကြောင်းလိုင်းကို စီးနင်းခဲ့တာဖြစ်ပြီး “ရနိုင်သမျှ ခုံအားလုံးကို ကျွန်တော်

ဘွတ်ကင်လုပ်ခဲ့ပါတယ်၊ ဒါက ကိုယ်ပိုင်ဂျက်လေယာဉ်ထက်တော့ စျေးပေါနေပါသေးတယ်” လို့ သူဌေး Richard က ဆိုပါတယ်။

အင်စတာဂရမ်မှာ သူတို့ဖော်ပြခဲ့မှုဟာ တော်တော်လေးလူသိများပြန့်နှံ့ခဲ့ပြီး စိတ်ဝင်စားမှုအပြည့်အဝ ရရှိခဲ့ပါတယ်။

ခန့်မှန်းတွက်ချက်မှုတွေအရ လေယာဉ်တစ်စီးလုံးစာ လက်မှတ်ခစုစုပေါင်းဟာ ဒေါ်လာ ၇၀၁၀ အထိ

ကျသင့်တယ်လို့ သိရပြီး Business တန်းထိုင်ခုံ ၁၂ ခုံနဲ့ Economy တန်း ၁၅၀ ခုံပါဝင်တယ်လို့ သိရပါတယ်။

Tribun Batam သတင်းစာရဲ့ ဖော်ပြချက်မှာတော့ အသက် ၃၂ နှစ်အရွယ် Richard ဟာ

အင်ဒိုနီးရှားရဲ့ အချမ်းသာဆုံးအမျိုးသမီးတစ်ဦးရဲ့ မြေးဖြစ်တယ်လို့ သိရပါတယ်။

သူဟာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Dua Tech Global ကို ပူးတွဲတည်ထောင်ထားပြီး

မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေမှာ ဒါရိုက်တာအဖြစ် တာဝန်ယူနေသူလည်းဖြစ်တယ်လို့ သိရပါတယ်။

မကြာခဏဆိုသလို အခုလိုမျိုး ငွေကြေးသုံးစွဲမှုတွေကြောင့် မီဒီယာတွေထက်မှာ ရေပန်းစားသူဖြစ်ကာ

အခုလို လေယာဉ်လက်မှတ်အားလုံးကို ဝယ်ယူပြီး စီးနင်းမှုကလည်း ထင်ပေါ်သွားတဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။

zawgyi

အင္ဒိုနီးရွားႏိုင္ငံက သူေဌးတစ္ဦးဟာ ကိုဗစ္ကူးစက္ခံရမွာကို ေၾကာက္တာေၾကာင့္ ေလယာဥ္တစ္စီးလုံးစာ

လက္မွတ္ေတြအားလုံးကို ဝယ္ယူၿပီး တစ္ဦးတည္း ခရီးထြက္သြားခဲ့တယ္လို႔ သိရပါတယ္။

ႏွစ္သစ္ကူးအပန္းေျဖခရီးထြက္မႈအျဖစ္ ဘာလီကို ထြက္ခြာခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အင္စတာဂရမ္မွာ

အဆိုပါအေၾကာင္းကို ေဖာ္ျပခဲ့မႈက ေရပန္းစားေနပါတယ္။

Richard Muljadi နဲ႔ သူ႔ရဲ႕ဇနီးသည္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ Shalvynne Chang တို႔ဟာ ကိုဗစ္ကူးစက္ခံရမွာကို

အရမ္းထိတ္လန႔္ေနၾကတယ္လို႔ ဆိုပါတယ္။ ဒီအတြက္ေၾကာင့္ ေလယာဥ္ကို စင္းလုံးငွားသေဘာမ်ိဳးနဲ႔

လိုက္ပါစီးနင္းသြားခဲ့ၾကၿပီး သူတို႔ႏွစ္ဦးတည္းသာ ရွိေနတဲ့ ျမင္ကြင္းကို ဓာတ္ပုံ႐ိုက္ကူးခဲ့ကာ

ကိုယ္ပိုင္ဂ်က္ေလယာဥ္စီးေနရသလို ခံစားရတယ္လို႔ လူမႈကြန္ယက္မွာ ေရးသားေျပာဆိုခဲ့ပါတယ္။

သူတို႔ဟာ Batik Air ေလေၾကာင္းလိုင္းကို စီးနင္းခဲ့တာျဖစ္ၿပီး “ရႏိုင္သမွ် ခုံအားလုံးကို ကြၽန္ေတာ္

ဘြတ္ကင္လုပ္ခဲ့ပါတယ္၊ ဒါက ကိုယ္ပိုင္ဂ်က္ေလယာဥ္ထက္ေတာ့ ေစ်းေပါေနပါေသးတယ္” လို႔ သူေဌး Richard က ဆိုပါတယ္။

အင္စတာဂရမ္မွာ သူတို႔ေဖာ္ျပခဲ့မႈဟာ ေတာ္ေတာ္ေလးလူသိမ်ားျပန႔္ႏွံ႔ခဲ့ၿပီး စိတ္ဝင္စားမႈအျပည့္အဝ ရရွိခဲ့ပါတယ္။

ခန႔္မွန္းတြက္ခ်က္မႈေတြအရ ေလယာဥ္တစ္စီးလုံးစာ လက္မွတ္ခစုစုေပါင္းဟာ ေဒၚလာ ၇၀၁၀ အထိ

က်သင့္တယ္လို႔ သိရၿပီး Business တန္းထိုင္ခုံ ၁၂ ခုံနဲ႔ Economy တန္း ၁၅၀ ခုံပါဝင္တယ္လို႔ သိရပါတယ္။

Tribun Batam သတင္းစာရဲ႕ ေဖာ္ျပခ်က္မွာေတာ့ အသက္ ၃၂ ႏွစ္အ႐ြယ္ Richard ဟာ

အင္ဒိုနီးရွားရဲ႕ အခ်မ္းသာဆုံးအမ်ိဳးသမီးတစ္ဦးရဲ႕ ေျမးျဖစ္တယ္လို႔ သိရပါတယ္။

သူဟာ နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Dua Tech Global ကို ပူးတြဲတည္ေထာင္ထားၿပီး

မိသားစုပိုင္စီးပြားေရးလုပ္ငန္းေတြမွာ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူေနသူလည္းျဖစ္တယ္လို႔ သိရပါတယ္။

မၾကာခဏဆိုသလို အခုလိုမ်ိဳး ေငြေၾကးသုံးစြဲမႈေတြေၾကာင့္ မီဒီယာေတြထက္မွာ ေရပန္းစားသူျဖစ္ကာ

အခုလို ေလယာဥ္လက္မွတ္အားလုံးကို ဝယ္ယူၿပီး စီးနင္းမႈကလည္း ထင္ေပၚသြားတဲ့ ျဖစ္ရပ္တခုျဖစ္ပါတယ္။