News

“ဝ” ပြည်နယ် သတ်မှတ်ပေးဖို့ အန်နယ်လ်ဒီ အစိုးရကို တရားဝင် တောင်းဆိုလိုက်ပြီ

“ဝ” ပြည်နယ် သတ်မှတ်ပေးဖို့ အန်နယ်လ်ဒီ အစိုးရကို တရားဝင် တောင်းဆိုလိုက်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို

ပြည်နယ် အဆင့် တိုးမြှင့် သတ်မှတ်ပေးရေး ဆောင်ရွက်ပေးရန် ‘ဝ’ အမျိုးသားပါတီ (WNP) က

တောင်းဆိုလိုက်သည်ဟု သတင်းရရှိပါတယ်။

‘ဝ’ လူမျိုးများအနေဖြင့် ၎င်းတို့ကို ပြည်နယ်ပေးရေးမှာ ယခုမှ တောင်းဆိုခြင်း မဟုတ်ဘဲ

ဗိုလ်ချုပ်အောင်ဆန်း လက်ထက်၊ တပ်မတော်အစိုးရလက်ထက် ကျင်းပသည့် အမျိုးသားညီလာခံများတွင်လည်း

တစိုက်မတ်မတ် တောင်းဆိုခဲ့သည်ဟု ဦးဆမ်ဆောင်ကားက ဆိုပါတယ်။

ထို့ပြင် အစိုးရသစ်ကို အန်နယ်လ်ဒီက ဖွဲ့စည်းရာ၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းများ၏

ဥက္ကဋ္ဌ များကို ရွေးချယ်ရာတွင် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအတွက် ဥက္ကဋ္ဌကို

“ဝ” အမျိုးသားပါတီထဲမှ တဦးအား ရွေးချယ်ပေးရန် ပွင့်ပွင့်လင်းလင်း

တောင်းဆို ခဲ့သည်ဟုလည်း ဦးဆမ်ဆောင်ကားက ဆိုပါတယ်။

ဦးဆမ်ဆောင်ကားက “ကျနော်တို့က ခေတ်အဆက်ဆက် ပစ်ပယ်ခံရတဲ့ ဒေသတွေဖြစ်လို့ ဖွံ့ဖြိုးရေး

နောက်ကျတယ်။ ဒေသမှာ ၉၀ ရာနှုန်းက စာမတတ်ဘူး။ နောက်မသေသင့်သူတွေ သေနေတာရှိတယ်။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ်ရေးကို ကျနော်တို့ လုပ်ချင်တယ်။ ကျနော်တို့

ဒေသကို ကျနော်တို့ ကိုယ်တိုင်လုပ်မှရမယ်။ ဒါ့ကြောင့် ကျနော်တို့ကို

လုပ်ပိုင်ခွင့် အပ်နှင်းပေးဖို့ တောင်းဆိုခဲ့တယ်” ဟု ပြောပါတယ်။

WNP (“ဝ” အမျိုးသားပါတီ) သည် ပြည်သူ့လွှတ်တော်တွင် ၁ နေရာ၊ ပြည်နယ်လွှတ်တော်တွင်

၂ နေရာ အနိုင်ရရှိထားပါတယ်။ “ဝ” ပါတီ အနေဖြင့် အန်နယ်လ်ဒီ နှင့် အဆက်အသွယ်မပြတ်

ရှိလိုပြီး ပြည်ထောင်စု ကောင်းကျိုးအတွက် ဆောင်ရွက်မည့် မည်သည့်ကိစ္စမဆို ပူးပေါင်းပါဝင်မယ်လို့ ဆိုပါတယ်။

အန်နယ်လ်ဒီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့က တိုင်းရင်းသားပါတီများထံမှ ရယူထားသည့်

သဘောထားများ၊ အကြံပြုချက်များ၊ တင်ပြချက်များကို အစိုးရ ဖွဲ့သည့်အခါတွင် ထည့်သွင်းစဉ်းစားခြင်း၊

အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သွားမည်ဟု သိရပါတယ်။

အန်နယ်လ်ဒီ၏ ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်

ဒေါ်နန်းခင်ထွေးမြင့်နှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့သည်

ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင် တအန်းအမျိုးသားပါတီ (TNP)၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO)၊

ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းတိုင်းရင်းသားများ

ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ (LDP)၊

‘ဝ’ အမျိုးသားပါတီ (WNP) တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တောင်ကြီးမြို့တွင် အန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ပါတီအားလုံးက ရှေ့ဆက်လျှောက်မည့်

နိုင်ငံရေး အခင်းအကျင်းတွင် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး

အတွက် NLD နှင့် ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောဆို ထားကြပါတယ်။

zawgyi

“ဝ” ျပည္နယ္ သတ္မွတ္ေပးဖို႔ အန္နယ္လ္ဒီ အစိုးရကို တရားဝင္ ေတာင္းဆိုလိုက္ၿပီ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အေနျဖင့္ ဖြဲ႕စည္းပုံျပင္ဆင္ရာတြင္ ‘ဝ’ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းကို

ျပည္နယ္ အဆင့္ တိုးျမႇင့္ သတ္မွတ္ေပးေရး ေဆာင္႐ြက္ေပးရန္ ‘ဝ’ အမ်ိဳးသားပါတီ (WNP) က

ေတာင္းဆိုလိုက္သည္ဟု သတင္းရရွိပါတယ္။

‘ဝ’ လူမ်ိဳးမ်ားအေနျဖင့္ ၎တို႔ကို ျပည္နယ္ေပးေရးမွာ ယခုမွ ေတာင္းဆိုျခင္း မဟုတ္ဘဲ

ဗိုလ္ခ်ဳပ္ေအာင္ဆန္း လက္ထက္၊ တပ္မေတာ္အစိုးရလက္ထက္ က်င္းပသည့္ အမ်ိဳးသားညီလာခံမ်ားတြင္လည္း

တစိုက္မတ္မတ္ ေတာင္းဆိုခဲ့သည္ဟု ဦးဆမ္ေဆာင္ကားက ဆိုပါတယ္။

ထို႔ျပင္ အစိုးရသစ္ကို အန္နယ္လ္ဒီက ဖြဲ႕စည္းရာ၌ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္းမ်ား၏

ဥကၠ႒ မ်ားကို ေ႐ြးခ်ယ္ရာတြင္ ‘ဝ’ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ တိုင္းအတြက္ ဥကၠ႒ကို

“ဝ” အမ်ိဳးသားပါတီထဲမွ တဦးအား ေ႐ြးခ်ယ္ေပးရန္ ပြင့္ပြင့္လင္းလင္း

ေတာင္းဆို ခဲ့သည္ဟုလည္း ဦးဆမ္ေဆာင္ကားက ဆိုပါတယ္။

ဦးဆမ္ေဆာင္ကားက “က်ေနာ္တို႔က ေခတ္အဆက္ဆက္ ပစ္ပယ္ခံရတဲ့ ေဒသေတြျဖစ္လို႔ ဖြံ႕ၿဖိဳးေရး

ေနာက္က်တယ္။ ေဒသမွာ ၉၀ ရာႏႈန္းက စာမတတ္ဘူး။ ေနာက္မေသသင့္သူေတြ ေသေနတာရွိတယ္။

ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ လမ္းပန္း ဆက္သြယ္ေရးကို က်ေနာ္တို႔ လုပ္ခ်င္တယ္။ က်ေနာ္တို႔

ေဒသကို က်ေနာ္တို႔ ကိုယ္တိုင္လုပ္မွရမယ္။ ဒါ့ေၾကာင့္ က်ေနာ္တို႔ကို

လုပ္ပိုင္ခြင့္ အပ္ႏွင္းေပးဖို႔ ေတာင္းဆိုခဲ့တယ္” ဟု ေျပာပါတယ္။

WNP (“ဝ” အမ်ိဳးသားပါတီ) သည္ ျပည္သူ႔လႊတ္ေတာ္တြင္ ၁ ေနရာ၊ ျပည္နယ္လႊတ္ေတာ္တြင္

၂ ေနရာ အႏိုင္ရရွိထားပါတယ္။ “ဝ” ပါတီ အေနျဖင့္ အန္နယ္လ္ဒီ ႏွင့္ အဆက္အသြယ္မျပတ္

ရွိလိုၿပီး ျပည္ေထာင္စု ေကာင္းက်ိဳးအတြက္ ေဆာင္႐ြက္မည့္ မည္သည့္ကိစၥမဆို ပူးေပါင္းပါဝင္မယ္လို႔ ဆိုပါတယ္။

အန္နယ္လ္ဒီ၏ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕က တိုင္းရင္းသားပါတီမ်ားထံမွ ရယူထားသည့္

သေဘာထားမ်ား၊ အႀကံျပဳခ်က္မ်ား၊ တင္ျပခ်က္မ်ားကို အစိုးရ ဖြဲ႕သည့္အခါတြင္ ထည့္သြင္းစဥ္းစားျခင္း၊

အေကာင္အထည္ေဖာ္ျခင္းမ်ား ျပဳလုပ္သြားမည္ဟု သိရပါတယ္။

အန္နယ္လ္ဒီ၏ ကိုယ္စားလွယ္ ၃ ဦးျဖစ္သည့္ ေဒါက္တာေအာင္မိုးညိဳ၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္

ေဒၚနန္းခင္ေထြးျမင့္ႏွင့္ ျမစ္ႀကီးနားၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးအင္ထုံးခါးေနာ္ဆန္တို႔သည္

ဇန္နဝါရီ ၁၄ ရက္ႏွင့္ ၁၅ ရက္တြင္ တအန္းအမ်ိဳးသားပါတီ (TNP)၊ ပအို႔ဝ္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO)၊

ကယန္းအမ်ိဳးသားပါတီ (KNP)၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (SNDP)၊ ရွမ္းတိုင္းရင္းသားမ်ား

ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (SNLD)၊ လားဟူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတတ္ေရးပါတီ (LDP)၊

‘ဝ’ အမ်ိဳးသားပါတီ (WNP) တို႔ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ပါတယ္။

ေတာင္ႀကီးၿမိဳ႕တြင္ အန္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ေတြ႕ဆုံခဲ့သည့္ ပါတီအားလုံးက ေရွ႕ဆက္ေလွ်ာက္မည့္

ႏိုင္ငံေရး အခင္းအက်င္းတြင္ ျပည္ေထာင္စုတည္ေဆာက္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး

အတြက္ NLD ႏွင့္ ပူးေပါင္း ေဆာင္႐ြက္မယ္လို႔ ေျပာဆို ထားၾကပါတယ္။