ရန်ကုန်က ကျန်းမာရေးဝန်ထမ်း တသောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး အရင်ဆုံး ထိုးပေးမည်
ရန်ကုန်တိုင်းရှိ ကျန်းမာရေး ဝန်ထမ်း ၁၀၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကြိုတင်ပြင်ဆင်နေပြီလို့
တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။
ဒေါက်တာထွန်းမြင့်က “ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၃၀၀၀) ကျော်၊
ကုသရေးဝန်ထမ်း (၈၀၀၀) ကျော် စုစုပေါင်း ကျန်းမာရေးဝန်ထမ်း တစ်သောင်းကျော်ရှိကာ
ဒီဝန်ထမ်းတွေကို ဦးစွာထိုးနှံပေးမှာဖြစ်တယ်” လို့ဆိုပါတယ်။
လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်ကာကွယ်ဆေး ရရှိပါက
ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၅နှစ် အထက် ပြည်သူများကို
ဦးစားပေးထိုးနှံပေး သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးကို ကျွမ်းကျင်စွာ ကာကွယ်ဆေးထိုး ပေးနိုင်အောင်
သင်တန်းပေးခြင်းအာနိသင်မပြယ်ဘဲ ထိုးနှံပေးနိုင်အောင် သင်တန်းပေးတာတွေအပြင်
ကာကွယ်ဆေးထိုးမယ့်စုရပ်တွေကိုလည်း လျာထားသတ်မှတ်တာတွေ ဆောင်ရွက်နေပြီ
လို့ ဒေါက်တာထွန်းမြင့်က ပြောကြားထားပါတယ်။
zawgyi
ရန္ကုန္က က်န္းမာေရးဝန္ထမ္း တေသာင္းေက်ာ္ကို ကိုဗစ္ကာကြယ္ေဆး အရင္ဆုံး ထိုးေပးမည္
ရန္ကုန္တိုင္းရွိ က်န္းမာေရး ဝန္ထမ္း ၁၀၀၀၀ ေက်ာ္ကို ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီလို႔
တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီး ဌာနမႉး ေဒါက္တာထြန္းျမင့္က ေျပာၾကားလိုက္ပါတယ္။
ေဒါက္တာထြန္းျမင့္က “ရန္ကုန္တိုင္းေဒသႀကီးမွာ ျပည္သူ႔က်န္းမာေရးဝန္ထမ္း (၃၀၀၀) ေက်ာ္၊
ကုသေရးဝန္ထမ္း (၈၀၀၀) ေက်ာ္ စုစုေပါင္း က်န္းမာေရးဝန္ထမ္း တစ္ေသာင္းေက်ာ္ရွိကာ
ဒီဝန္ထမ္းေတြကို ဦးစြာထိုးႏွံေပးမွာျဖစ္တယ္” လို႔ဆိုပါတယ္။
လက္ရွိတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ကိုဗစ္ကာကြယ္ေဆး ရရွိပါက
က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အသက္ ၆၅ႏွစ္ အထက္ ျပည္သူမ်ားကို
ဦးစားေပးထိုးႏွံေပး သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။
လက္ရွိတြင္ ကိုဗစ္ကာကြယ္ေဆးကို ကြၽမ္းက်င္စြာ ကာကြယ္ေဆးထိုး ေပးႏိုင္ေအာင္
သင္တန္းေပးျခင္းအာနိသင္မျပယ္ဘဲ ထိုးႏွံေပးႏိုင္ေအာင္ သင္တန္းေပးတာေတြအျပင္
ကာကြယ္ေဆးထိုးမယ့္စုရပ္ေတြကိုလည္း လ်ာထားသတ္မွတ္တာေတြ ေဆာင္႐ြက္ေနၿပီ
လို႔ ေဒါက္တာထြန္းျမင့္က ေျပာၾကားထားပါတယ္။