ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ မန္တလေးတိုင်း စီမံဘဏ္ဍာဝန်ကြီးရဲ့ လက်ရှိအခြေအနေ
ကိုဗစ်ပိုးကူးစက်ခံရသဖြင့် ဆေးဝါးကုသမှု ခံယူနေရသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၏ အခြေအနေနှင့် ပတ်သက်၍ မန္တလေးဆေးတက္ကသိုလ်
ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်မောင်လွင်က ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင်
လူမှုကွန်ရက်စာမျက်နှာ မှတဆင့် အောက်ပါအတိုင်း အသိပေးရေးသားထားသည်ကို တွေ့ရပါတယ်။
“မန္တလေးတိုင်းဒေသကြီးဝန်ကြီး ဦးမြတ်သူကို စိတ်ပူနေကြသူများအတွက်ပါ။ ဧရာဝတီစင်တာ
မန္တလေး HDU မှာ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားပါတယ်”ဟု ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်သည်လည်း
ကိုဗစ်ပိုးကူးစက်ခံရခဲ့သော်လည်း ရောဂါသက်သာပျောက်ကင်းခဲ့တယ်လို့ သိရပါတယ်။
zawgyi