News

ပြင်ဦးလွင် ကန်တော်ကြီးမှ ရေများ ထူးဆန်းစွာ ခန်းခြောက်လာနေ (ထက်ဝက်ခန့် လျော့နည်းလာ)

ပြင်ဦးလွင် ကန်တော်ကြီးမှ ရေများ ထူးဆန်းစွာ ခန်းခြောက်လာနေ (ထက်ဝက်ခန့် လျော့နည်းလာ)

ပြင်ဦးလွင်မြို့တွင် မိုးရွာသွန်းမှု တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာပြီး ပြင်ဦးလွင် အမျိုးသား

ကန်တော်ကြီး ဥယျာဉ်ရှိ ကန်တော်ကြီး ရေကန်ဧရိယာ၏ ထက်ဝက်ခန့်အထိ ရေခန်းခြောက်မှု ဖြစ်ပေါ်နေပါတယ်။

ပြင်ဦးလွင်မြို့တွင် ရွာသွန်းမြဲမိုးရေချိန်မှာ ၆၀ လက်မအထက် ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်တွင်

၄၂ လက်မသာ ရွာသွန်းခဲ့ကြောင်း သိရပြီး မြို့၏ပျမ်းမျှရွာသွန်းမြဲ မိုးရေချိန်အောက်

သုံးနှစ်ဆက်တိုက်နီးပါး လျော့နည်းလျက်ရှိကြောင်း သိရပါတယ်။

ယင်းသို့ မိုးရွာသွန်းမှုတစ်နှစ်ထက်တစ် နှစ်လျော့နည်းလာခြင်းနှင့်အတူ ကန်တော်ကြီး

ဧရိယာအတွင်း အဓိက ရေဝင်ရောက်မှုရှိသည့် ရေဝေရေလဲ ဧရိယာများမှ ယခင်ကကဲ့သို့

ရေဝင်ရောက်မှု မရှိတော့ခြင်းကြောင့် ယခုကဲ့သို့ ထူးခြားစွာ ရေခန်းခြောက်မှု ဖြစ်ပေါ်လာသည်ဟု

ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်မှ သိရှိရပါတယ်။

ယင်းသို့ ပြင်ဦးလွင်မြို့၏ အထင်ကရ ကန်တော်ကြီးရေကန် ခန်းခြောက်မှုမှာ သစ်တောဧရိယာများတွင်

လူနေထူထပ်လာခြင်းကြောင့် သစ်ပင်များ အလွန်အကျွံခုတ်လှဲခြင်း၊ သစ်တောသစ်ပင်များ

ထိန်းသိမ်းမှု အားနည်းခြင်းများအပြင် ကန်၏ အသက်သွေးကြောဖြစ်သည့် ရေဝေရေလဲ

ဧရိယာများတွင် မြေယာ စီမံခန့်ခွဲမှုများ၏ သက်ရောက်မှုဖြစ်ကြောင်း မြို့ခံလေ့လာသူများကလည်း သုံးသပ်ကြပါတယ်။

အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ ကြားခံဖြည့်နယ်မြေဇုန် (Buffer Zone) ကို ၁၉၉၅-၉၆

ခုနှစ်မှ စတင်ကာ ကော်ဖီစီမံကိန်းများ ချမှတ်ပေးခဲ့ပြီး မူလသဘာဝ သစ်တောများကို

ခုတ်ထွင်ခြင်း၊ တစ်ဆင့်လွှဲပြောင်း ရောင်းချခြင်း၊ ကော်ဖီစိုက်ပျိုးခြင်း လုပ်ကိုင်ခြင်းမရှိဘဲ

Villa များဆောက်လုပ်ခြင်း စသဖြင့် စည်းကမ်းဥပဒေများ လိုက်နာခြင်းမရှိရာမှ

ကန်တော်ကြီးဧရိယာ၏ ရေဝေရေလဲ ရေထွက်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်ဟု

စိမ်းလန်းပြင်ဦးလွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

ကန်တော်ကြီး ဥယျာဉ်၏ ရေဝေရေလဲ ဧရိယာ ဧက ၂၇၀ ကျော်ကို သမ္မတ ဦးသိန်းစိန်

လက်ထက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ယင်းအချိန်က ဝန်ကြီးများ၊

ဗိုလ်ချုပ်ကြီးများအား စက်မှုဂရမ်များ ချထားပေးရန် ဆောင်ရွက်ခဲ့သော်လည်း

ကန့်ကွက်မှုများကြောင့် ချထားပေးခြင်း မရှိခဲ့ပါဘူး။

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် ၄၃၆ ဒသမ ၉၆ ဧကကျယ်ဝန်းကာ ယင်းအနက်

ကုန်းမြေဧရိယာမှာ ၃၆၆ ဒသမ ၉၆ ဧကနှင့် ရေပြင်ဧရိယာမှာ ဧက ၇၀ ခန့်ရှိကြောင်း သိရပါတယ်။

၁၉၂၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကို ယခုအခါ

ထူးကုမ္ပဏီများအုပ်စုက ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ၁၅ နှစ်သက်တမ်းဖြင့် ငှားရမ်းလုပ်ကိုင် လျက်ရှိပါတယ်။

zawgyi

ျပင္ဦးလြင္ ကန္ေတာ္ႀကီးမွ ေရမ်ား ထူးဆန္းစြာ ခန္းေျခာက္လာေန (ထက္ဝက္ခန႔္ ေလ်ာ့နည္းလာ)

ျပင္ဦးလြင္ၿမိဳ႕တြင္ မိုး႐ြာသြန္းမႈ တစ္ႏွစ္ထက္တစ္ႏွစ္ ေလ်ာ့နည္းလာၿပီး ျပင္ဦးလြင္ အမ်ိဳးသား

ကန္ေတာ္ႀကီး ဥယ်ာဥ္ရွိ ကန္ေတာ္ႀကီး ေရကန္ဧရိယာ၏ ထက္ဝက္ခန႔္အထိ ေရခန္းေျခာက္မႈ ျဖစ္ေပၚေနပါတယ္။

ျပင္ဦးလြင္ၿမိဳ႕တြင္ ႐ြာသြန္းၿမဲမိုးေရခ်ိန္မွာ ၆၀ လက္မအထက္ ရွိေသာ္လည္း ၂၀၂၀ ျပည့္ႏွစ္တြင္

၄၂ လက္မသာ ႐ြာသြန္းခဲ့ေၾကာင္း သိရၿပီး ၿမိဳ႕၏ပ်မ္းမွ်႐ြာသြန္းၿမဲ မိုးေရခ်ိန္ေအာက္

သုံးႏွစ္ဆက္တိုက္နီးပါး ေလ်ာ့နည္းလ်က္ရွိေၾကာင္း သိရပါတယ္။

ယင္းသို႔ မိုး႐ြာသြန္းမႈတစ္ႏွစ္ထက္တစ္ ႏွစ္ေလ်ာ့နည္းလာျခင္းႏွင့္အတူ ကန္ေတာ္ႀကီး

ဧရိယာအတြင္း အဓိက ေရဝင္ေရာက္မႈရွိသည့္ ေရေဝေရလဲ ဧရိယာမ်ားမွ ယခင္ကကဲ့သို႔

ေရဝင္ေရာက္မႈ မရွိေတာ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ထူးျခားစြာ ေရခန္းေျခာက္မႈ ျဖစ္ေပၚလာသည္ဟု

ျပင္ဦးလြင္ အမ်ိဳးသား ကန္ေတာ္ႀကီးဥယ်ာဥ္မွ သိရွိရပါတယ္။

ယင္းသို႔ ျပင္ဦးလြင္ၿမိဳ႕၏ အထင္ကရ ကန္ေတာ္ႀကီးေရကန္ ခန္းေျခာက္မႈမွာ သစ္ေတာဧရိယာမ်ားတြင္

လူေနထူထပ္လာျခင္းေၾကာင့္ သစ္ပင္မ်ား အလြန္အကြၽံခုတ္လွဲျခင္း၊ သစ္ေတာသစ္ပင္မ်ား

ထိန္းသိမ္းမႈ အားနည္းျခင္းမ်ားအျပင္ ကန္၏ အသက္ေသြးေၾကာျဖစ္သည့္ ေရေဝေရလဲ

ဧရိယာမ်ားတြင္ ေျမယာ စီမံခန႔္ခြဲမႈမ်ား၏ သက္ေရာက္မႈျဖစ္ေၾကာင္း ၿမိဳ႕ခံေလ့လာသူမ်ားကလည္း သုံးသပ္ၾကပါတယ္။

အမ်ိဳးသား ကန္ေတာ္ႀကီးဥယ်ာဥ္၏ ၾကားခံျဖည့္နယ္ေျမဇုန္ (Buffer Zone) ကို ၁၉၉၅-၉၆

ခုႏွစ္မွ စတင္ကာ ေကာ္ဖီစီမံကိန္းမ်ား ခ်မွတ္ေပးခဲ့ၿပီး မူလသဘာဝ သစ္ေတာမ်ားကို

ခုတ္ထြင္ျခင္း၊ တစ္ဆင့္လႊဲေျပာင္း ေရာင္းခ်ျခင္း၊ ေကာ္ဖီစိုက္ပ်ိဳးျခင္း လုပ္ကိုင္ျခင္းမရွိဘဲ

Villa မ်ားေဆာက္လုပ္ျခင္း စသျဖင့္ စည္းကမ္းဥပေဒမ်ား လိုက္နာျခင္းမရွိရာမွ

ကန္ေတာ္ႀကီးဧရိယာ၏ ေရေဝေရလဲ ေရထြက္မ်ား ထိခိုက္ပ်က္စီးမႈ ျဖစ္ေပၚခဲ့သည္ဟု

စိမ္းလန္းျပင္ဦးလြင္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ေျပာပါတယ္။

ကန္ေတာ္ႀကီး ဥယ်ာဥ္၏ ေရေဝေရလဲ ဧရိယာ ဧက ၂၇၀ ေက်ာ္ကို သမၼတ ဦးသိန္းစိန္

လက္ထက္က တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ အပါအဝင္ ယင္းအခ်ိန္က ဝန္ႀကီးမ်ား၊

ဗိုလ္ခ်ဳပ္ႀကီးမ်ားအား စက္မႈဂရမ္မ်ား ခ်ထားေပးရန္ ေဆာင္႐ြက္ခဲ့ေသာ္လည္း

ကန႔္ကြက္မႈမ်ားေၾကာင့္ ခ်ထားေပးျခင္း မရွိခဲ့ပါဘူး။

ျပင္ဦးလြင္ အမ်ိဳးသားကန္ေတာ္ႀကီး ဥယ်ာဥ္သည္ ၄၃၆ ဒသမ ၉၆ ဧကက်ယ္ဝန္းကာ ယင္းအနက္

ကုန္းေျမဧရိယာမွာ ၃၆၆ ဒသမ ၉၆ ဧကႏွင့္ ေရျပင္ဧရိယာမွာ ဧက ၇၀ ခန႔္ရွိေၾကာင္း သိရပါတယ္။

၁၉၂၄ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ေသာ အမ်ိဳးသား ကန္ေတာ္ႀကီး ဥယ်ာဥ္ကို ယခုအခါ

ထူးကုမၸဏီမ်ားအုပ္စုက ၂၀၁၀ ျပည့္ႏွစ္မွ စတင္၍ ၁၅ ႏွစ္သက္တမ္းျဖင့္ ငွားရမ္းလုပ္ကိုင္ လ်က္ရွိပါတယ္။