ပြင်ဦးလွင်မှာ ဂျင်းထည့်ပြီး ရောင်းစားထားတဲ့ သစ်တောမြေ ဧကပေါင်း ၃၀၀ ကျော်ရှိနေ
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်အတွင်းရှိ သစ်တော ကြိုးဝိုင်းများအတွင်း ကျူးကျော် မှုနှင့်
အကွက်ရိုက်ရောင်းချသည့် မြေဧကပေါင်း ၃၀၀ ကျော်ရှိ ကြောင်း မန္တလေးတိုင်းသစ်တော
ဦးစီးဌာနတိုင်းဦးစီးမှူး ဦးဇော်ဝင်း မြင့်က ပြောပါတယ်။
ပြင်ဦးလွင်ခရိုင်တွင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်မှုနှင့် အကွက်ရိုက်ရောင်းချမှုများ ကြောင့်
၂၀၁၅-၁၆ မှ ၂၀၂၀-၂၁ အထိ တရားစွဲဆိုသည့် အမှု ၁၂၇ မှုရှိပြီး တရားစွဲဆိုခဲ့သူ
၂၁၀ ဦးရှိကာ တရားရုံး၌ လက်ရှိကျန်ရှိနေသေးသော အမှု ၃၈ ခုရှိပြီး ၈၃ ဦးကို
တရားစွဲဆိုထားကြောင်း ဦးဇော်ဝင်းမြင့်က ပြောပါတယ်။
“ကျူးကတော့ ကိုင်တွယ်ရ ခက်တဲ့ အခြေအနေဖြစ်နေတာပေါ့။ စကျူးကတည်းက တားတယ်၊
တရားစွဲတယ်။ ဒါပေမဲ့ သူတို့က ဆက်လုပ်တယ်’’ဟု ဦးဇော်ဝင်းမြင့်က ဆိုပါတယ်။
သစ်တောကြိုးဝိုင်းနှင့် ထိစပ်နေသည့် နေရာများတွင် သစ်တောမြေဧရိယာဖြစ်ကြောင်း
သတိပေးဆိုင်းဘုတ်များ စိုက်ထူနေပြီး ရောင်းမှားဝယ်မှားမဖြစ်အောင် လုပ်ဆောင်နေကြောင်း
၎င်းက ဆက်လက်ပြောပါတယ်။ ပြင်ဦးလွင်ခရိုင်တွင် သစ်တောကြိုးဝိုင်း ၁၅ ခုရှိပြီး
ဧက ပေါင်း ၁၈၀,၀၀၀ ကျော်ရှိကြောင်း သစ်တောဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။
သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်လုပ်ကိုင် အခြေကျနေ ထိုင်ခြင်းများကို ၂၀၁၇ ခုနှစ်အထိ
၁၉၉၁ ခုနှစ် သစ်တောဥပဒေအရ အရေးယူပြီး ၂၀၁၈ က စတင်ကာ ၂၀၁၈ ခုနှစ် သစ်တောဥပဒေ၊
ပုဒ်မ ၄၀ (က) အရ သစ်တောမြေ အတွင်း ကျူးကျော် နေထိုင်သူများကို တစ်နှစ် ထက်မပိုသေ
ာ ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသောဒဏ်ငွေကိုဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း
ချမှတ်နိုင်ပြီး ပြစ်မှုထင်ရှား၍ တရားစီရင်ပြီးပါက ပြစ်မှုနှင့် သက်ဆိုင်သည့် လူ၊ တိရစ္ဆာန်
၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို စီရင်ချက်ချမှတ်
သည့်နေ့ကစ၍ ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားစေကာ သစ် တောမြေကို ဌာနသို့
လက်ရောက် ပေးအပ်ရမည်ဟု ဖော်ပြထားပါတယ်။
“ပြင်ဦးလွင်မှာ မြေယာ ပြဿနာက အများကြီးရှိတယ်။ ကျူးဆိုရင် ပုံစံအမျိုးမျိုးရှိတယ်။
ဒီဟာကလည်း တချို့က မသိလို့ ဝယ်တာ။ တချို့ကျတော့ သိသိနဲ့ ဝယ်တာ။ အရင်လူတွေလည်း
ဒီ လိုလုပ်လို့ရတယ်ဆိုပြီး ဝယ်သွား တာ”ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးကိုကိုကြီးကဆိုသည်။
zawgyi
ျပင္ဦးလြင္မွာ ဂ်င္းထည့္ၿပီး ေရာင္းစားထားတဲ့ သစ္ေတာေျမ ဧကေပါင္း ၃၀၀ ေက်ာ္ရွိေန
မႏၲေလးတိုင္း ျပင္ဦးလြင္ခ႐ိုင္အတြင္းရွိ သစ္ေတာ ႀကိဳးဝိုင္းမ်ားအတြင္း က်ဴးေက်ာ္ မႈႏွင့္
အကြက္႐ိုက္ေရာင္းခ်သည့္ ေျမဧကေပါင္း ၃၀၀ ေက်ာ္ရွိ ေၾကာင္း မႏၲေလးတိုင္းသစ္ေတာ
ဦးစီးဌာနတိုင္းဦးစီးမႉး ဦးေဇာ္ဝင္း ျမင့္က ေျပာပါတယ္။
ျပင္ဦးလြင္ခ႐ိုင္တြင္ သစ္ေတာႀကိဳးဝိုင္းအတြင္း က်ဴးေက်ာ္မႈႏွင့္ အကြက္႐ိုက္ေရာင္းခ်မႈမ်ား ေၾကာင့္
၂၀၁၅-၁၆ မွ ၂၀၂၀-၂၁ အထိ တရားစြဲဆိုသည့္ အမႈ ၁၂၇ မႈရွိၿပီး တရားစြဲဆိုခဲ့သူ
၂၁၀ ဦးရွိကာ တရား႐ုံး၌ လက္ရွိက်န္ရွိေနေသးေသာ အမႈ ၃၈ ခုရွိၿပီး ၈၃ ဦးကို
တရားစြဲဆိုထားေၾကာင္း ဦးေဇာ္ဝင္းျမင့္က ေျပာပါတယ္။
“က်ဴးကေတာ့ ကိုင္တြယ္ရ ခက္တဲ့ အေျခအေနျဖစ္ေနတာေပါ့။ စက်ဴးကတည္းက တားတယ္၊
တရားစြဲတယ္။ ဒါေပမဲ့ သူတို႔က ဆက္လုပ္တယ္’’ဟု ဦးေဇာ္ဝင္းျမင့္က ဆိုပါတယ္။
သစ္ေတာႀကိဳးဝိုင္းႏွင့္ ထိစပ္ေနသည့္ ေနရာမ်ားတြင္ သစ္ေတာေျမဧရိယာျဖစ္ေၾကာင္း
သတိေပးဆိုင္းဘုတ္မ်ား စိုက္ထူေနၿပီး ေရာင္းမွားဝယ္မွားမျဖစ္ေအာင္ လုပ္ေဆာင္ေနေၾကာင္း
၎က ဆက္လက္ေျပာပါတယ္။ ျပင္ဦးလြင္ခ႐ိုင္တြင္ သစ္ေတာႀကိဳးဝိုင္း ၁၅ ခုရွိၿပီး
ဧက ေပါင္း ၁၈၀,၀၀၀ ေက်ာ္ရွိေၾကာင္း သစ္ေတာဦးစီးဌာန မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားပါတယ္။
သစ္ေတာႀကိဳးဝိုင္းအတြင္း က်ဴးေက်ာ္လုပ္ကိုင္ အေျခက်ေန ထိုင္ျခင္းမ်ားကို ၂၀၁၇ ခုႏွစ္အထိ
၁၉၉၁ ခုႏွစ္ သစ္ေတာဥပေဒအရ အေရးယူၿပီး ၂၀၁၈ က စတင္ကာ ၂၀၁၈ ခုႏွစ္ သစ္ေတာဥပေဒ၊
ပုဒ္မ ၄၀ (က) အရ သစ္ေတာေျမ အတြင္း က်ဴးေက်ာ္ ေနထိုင္သူမ်ားကို တစ္ႏွစ္ ထက္မပိုေသ
ာ ေထာင္ဒဏ္ကို ျဖစ္ေစ၊ က်ပ္သုံးသိန္းထက္ မပိုေသာဒဏ္ေငြကိုျဖစ္ေစ၊ ျပစ္ဒဏ္ ႏွစ္ရပ္စလုံးကိုလည္း
ခ်မွတ္ႏိုင္ၿပီး ျပစ္မႈထင္ရွား၍ တရားစီရင္ၿပီးပါက ျပစ္မႈႏွင့္ သက္ဆိုင္သည့္ လူ၊ တိရစာၦန္
၊ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းႏွင့္ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို စီရင္ခ်က္ခ်မွတ္
သည့္ေန႔ကစ၍ ရက္ေပါင္း ၃၀ အတြင္း ဖယ္ရွားေစကာ သစ္ ေတာေျမကို ဌာနသို႔
လက္ေရာက္ ေပးအပ္ရမည္ဟု ေဖာ္ျပထားပါတယ္။
“ျပင္ဦးလြင္မွာ ေျမယာ ျပႆနာက အမ်ားႀကီးရွိတယ္။ က်ဴးဆိုရင္ ပုံစံအမ်ိဳးမ်ိဳးရွိတယ္။
ဒီဟာကလည္း တခ်ိဳ႕က မသိလို႔ ဝယ္တာ။ တခ်ိဳ႕က်ေတာ့ သိသိနဲ႔ ဝယ္တာ။ အရင္လူေတြလည္း
ဒီ လိုလုပ္လို႔ရတယ္ဆိုၿပီး ဝယ္သြား တာ”ဟု စိမ္းလန္းျပင္ဦးလြင္အဖြဲ႕မွ ဦးကိုကိုႀကီးကဆိုသည္။