Knowledge

လူနာပေါင်း (၆၇၀၀) ကျော်ကို ကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်ပေးနိုင်ခဲ့တဲ့ မသန်စွမ်းဒေါက်တာမလေး လီဂျောင်း

လူတွေဟာ လူသားဆန်တယ်ဆိုတာက ရုပ်ချောတာ မချောတာနဲ့လည်းမဆိုင်တာဖြစ်ပြီး ဆင်းရဲတာ ချမ်းသာတာတွေ ကျန်းမာတာ မသန်စွမ်းတာတွေနဲ့ နဲနဲလေးမှမဆိုင်ပါဘူး။

ဒီဆရာဝန်မလေးကလည်း ကံအကြောင်းမလှလို့ လူ့လောကမှာ မသန်စွမ်းတစ်ယောက်အဖြစ်ရပ်တည်နေရပေမယ့်လည်း လူသားဆန်လှတဲ့ စိတ်ဓာတ်ရှိသူတစ်ယောက်ပါနော်။ဒေါက်တာမလေး လီဂျောင်း Li Juhong ကတော့ သူ့ရဲခြေနှစ်ချောင်းမရှိတော့ပေမဲ့လည်း အိမ်မှာဆေးကုတဲ့ အခါတိုင်းမှာ ခွေးခြေလေးတွေကို အသုံးပြီး ရွေ့လျား သွားလာပြီးတော့ ဆေးကုလေ့ရှိပါတယ်တဲ့။

အရေးကြီးတဲ့ လူနာ ဆိုရင်တော့ သူကိုယ်တိုင်ပဲ အိမ်တိုင်ရာရောက် သွားရောက် ကုသပေးပါတာပါ။သို့ပေမယ့်လည်းဘဲ ခုလိုအရေးပေါ်အခြေအနေတွေမှာဆိုရင်တော့ သူမရဲ့ယောက်ျားဟာ ကုန်းပိုးပိုးပြီးတော့ လိုက်ပို့ပေးရတာပါ။

သူမကတော့ လူနာတွေကို 2001 ကတည်းကနေ စတင်ကုသပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာဆိုရင် လူနာပေါင်း ၆၇၀၀ လောက်ကုသပေးပြီးပါပြီတဲ့။ ကိုယ့်မှာ အားနည်းချက်ရှိနေပေမယ့်လည်းဘဲ အားမလျော့ဘဲနဲ့ လူသားဆန်ပြီးတော့ လူပီသတဲ့နှလုံးသားနဲ့ လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ သူမကတော့ နောင်လာနောက်သားတွေအတွက် တကယ့်ကို စံပြ ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ကံကံရဲ့ အကျိုးကြောင့်လည်း သူမကို အေးအတူပူအမျှရင်ဆိုင်ပေးမယ့်လည်း ခင်ပွန်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်တဲ့။

Source; သံဇဉ်မိုးဇတ်

Zawgyi