Lifestyle

ကိုယ်ပိုင်မြေများလှူဒါန်းကာ နေစရာမြေမရှိသူများကို ရွာသုံးရွာတည်ပေးသည့် သူဌေးကြီး

မွန်ပြည်နယ်တွင် နေစရာမြေမရှိသူများကို သူဌေးတစ်ဦးက ၂၃၇ ဧက အကျယ်အဝန်းတွင် ရွာသုံးရွာ တည်ပေးမည်မွန်ပြည်နယ်၌ နေစရာမြေမရှိသူများကို ဒေသခံသူဌေး ဦးခွေးက ၎င်းပိုင် ရော်ဘာစိုက်ခင်း ၂၃၇ ဧကတွင် ရွာသုံးရွာ တည်ပေးမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်။မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တစ်ရက်သွားတွေ့ကြတယ်။ ပုံစံ(၇)ထုတ်ပေးဖို့က အစိုးရက စီမံချက် အကြီးကြီးတွေနဲ့ဆုံရင် ပေးမှာမဟုတ်ဘူး။

သူတို့မှာ အိုးအိမ်စီမံချက်ကြီးတွေ ရှိထားမယ်ဆိုရင်၊ အဲဒါ သွားစုံစမ်းတာ၊ ပြည်နယ်အစိုးရ စီမံချက်ဆွဲထားတဲ့အထဲ မပါဘူး’ဟု ဦးဉာဏ်ဟိန်းက ပြောသည်။တည်မည့်ရွာများမှာ မွန်ပြည်နယ် မုဒုံမြို့တွင် တစ်ရွာတည်မည်ဖြစ်ပြီး ယင်းရွာသည် ပြည်ထောင်စုကားလမ်းမကြီးဘေး တစ်ဖာလုံခန့် ဝင်ရမည်ဖြစ်ကြောင်း၊ သံဖြူဇရပ်မြို့တွင် နှစ်ရွာတည်မည်ဖြစ်ကာ တစ်ရွာသည် သံဖြူဇရပ်နှင့် ဘုရားသုံးဆူကားလမ်းဘေးတွင် တည်မည်ဖြစ်ကာ နောက်တစ်ရွာသည်သံဖြူဇရပ်နှင့် ရေးကားလမ်းနံဘေးတွင် တည်ဆောက်မည်ဖြစ်ကြောင်း ဦးဉာဏ်ဟိန်းက ပြောသည်။

‘မြေစာရင်းနဲ့တိုင်းပြီး အကွက်တွေပါရိုက်မှာ။ လျှောက်လွှာတင်တဲ့လူ မဲနှိုက်ယူပေါ့။ မိသားစုသုံးထောင်လောက် နေစရာရသွားမယ်။ ရွာနာမည်ကတော့ ဦးခွေး၊ ဒေါ်ရွေး ရွာလို့ ပေးမယ်စိတ်ကူးတယ်’ဟု ဦးဉာဏ်ဟိန်းက ပြောသည်။ဒေသခံသူဌေး ဦးခွေးသည် ရော်ဘာခြံဧကများစွာပိုင်ဆိုင်ပြီး သားသမီးများကိုလည်း အမွေပေးထားပြီးဖြစ်ကြောင်း၊ အိမ်ရာများနေထိုင်ခွင့်ကို ရောင်းစားမည်စိုးရိမ်၍ ၁၀ နှစ်စာချုပ်ဖြင့်ထားမည်ဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၏ အကျယ်အဝန်းသည် ၃၂၇ စတုရန်းမိုင်ရှိ၍ ကျေးရွာအုပ်စု ပေါင်း ၂၁ ရွာပါဝင်ပြီး မြို့နယ်တစ်ခုလုံးတွင် လူဦးရေ ၁၇၀၄၈၀ (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ) ရှိကြောင်း သိရသည်။အများစုမှာ မွန်တိုင်းရင်းသားများနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်း၊ ရော်ဘာစေး လုပ်ငန်း၊ ထင်းလုပ်ငန်း၊ ဆားချက်လုပ်ငန်းတို့ကို လုပ်ကိုင်ကြကြောင်း သိရသည်။

Unicode

#credit