Health & Knowledge

ဒေါက်တာခင်ခင်ကြီးကိုယ်တိုင် ကိုဗစ်လူနာအချို့ကို အိမ်မှာထားပြီး ကုသမယ့်ကိစ္စ ပြောပြီ

အခြားရောဂါအခံ မရှိသူ ကိုဗစ်လူနာ အချို့ကို နေအိမ်တွေမှာ ထားပြီး ကုသနိုင်ဖို့အတွက် အစိုးရက စတင် ပြင်ဆင်နေပြီ လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဒီအစီအစဉ်ကို ကနဦး စတင်စမ်းသပ်တဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ စမ်းသပ် လုပ်ကိုင်သွားမယ်လို့ သူက ပြောပါတယ်။

ရောဂါအခံမရှိသူ၊ စိတ်ချရတဲ့ အနေအထားရှိသူ၊ နေအိမ်တွေမှာ သီးခြားအခန်းနဲ့ နေထိုင်လို့ရနိုင်သူ၊ မိသားစုဝင် နည်းတဲ့သူ၊ နေအိမ်မှာ အသက်အရွယ်ကြီးသူ မရှိတဲ့သူတွေကို မြို့နယ် ကိုဗစ်ကော်မတီ၊ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ စောင့်ကြည့်သွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။အခုလို ကုသဖို့ စီစဉ်ရတာဟာ ဆေးရုံတွေမှာ လူနာတွေအတွက် နေရာမရှိလို့ မဟုတ်ကြောင်း၊ ဖောင်ကြီး ကုသရေးစင်တာ ဆိုရင် လူနာတစ်ထောင်ကျော် ကုသနိုင်တဲ့နေရာမှာ လူနာ ၃၀၀ ကျော်သာ တက်ရောက် ကုသနေတာ ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ရန်ကုန်ကို လာရောက်ပြီး ကူညီဆောင်ရွက်ပေးနေကြတဲ့ တိုင်းနဲ့ပြည်နယ်က ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ သူတို့ဒေသတွေဆီ ပြန်ဖို့ ရှိလာနေပြီး လာရောက်ကူညီ ဆောင်ရွက်ပေးတဲ့ စေတနာ့ ဝန်ထမ်းတွေ နည်းလာတဲ့အပြင် ကုသရေးစင်တာတချို့ကိုလည်း ပြုပြင်မွမ်းမံမှုတွေ လုပ်ဖို့ရှိနေတဲ့ အတွက် အခုလို နေအိမ်မှာ သီးခြားခွဲ ကုသတဲ့ အစီအစဉ်ကို လုပ်ဖို့ စီစဉ်တာဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

နေအိမ်မှာ သီးခြားခွဲပြီး ကုသမှု ခံယူနေစဉ် ကိုဗစ်လူနာ အနေနဲ့ စည်းကမ်း လိုက်နာမှု ရှိမရှိ ဆိုတာကို မြို့နယ် ကိုဗစ်ကော်မတီက‌ စောင့်ကြည့်မှာဖြစ်သလို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆက်သွယ်ပြီး စစ်ဆေးမှုတွေ လုပ်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ကိုဗစ် ကူးစက်ခံရပေမယ့် ဆေးရုံမှာ သတ်မှတ်ရက် ထားပြီး သတ်မှတ်ချက်တွေ ပြည့်စုံ၊ စိတ်ချရတဲ့ အနေအထားမှာ ရှိတဲ့ လူနာတွေကို နေအိမ်တွေမှာ ထားမှာဖြစ်တဲ့ အတွက် လူနာတွေအနေနဲ့လည်း စိတ်သက်တောင့်သက်သာ ရှိမှာ ဖြစ်သလို ဆေးရုံဝန်ထမ်းတွေကလည်း တခြား လူနာတွေကို ပိုပြီး ဂရုစိုက်နိုင်မယ်လို့ ဒေါက်တာခင်ခင်ကြီးက ရှင်းပြပါတယ်။

အခုလို နေအိမ်မှာ သီးခြားထားပြီး ကုသမယ့် လူနာတွေကို ဘယ်လိုလူနာ၊ ဘယ်လို အသက်အရွယ်တွေကို သတ်မှတ်မလဲ၊ နေအိမ်ကရော ဘယ်လို အနေအထားကို သတ်မှတ်မလဲ ဆိုတာတွေကို အသေးစိတ် ဆွေးနွေးပြီး သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကို ဒီတစ်ပတ်အတွင်း စနိုင်ဖို့ မရှိသေးဘူးလို့တော့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

Unicode

ဒေါက်တာခင်ခင်ကြီးကိုယ်တိုင် ကိုဗစ်လူနာအချို့ကို အိမ်မှာထားပြီး ကုသမယ့်ကိစ္စ ပြောပြီ

အခြားရောဂါအခံ မရှိသူ ကိုဗစ်လူနာ အချို့ကို နေအိမ်တွေမှာ ထားပြီး ကုသနိုင်ဖို့အတွက် အစိုးရက စတင် ပြင်ဆင်နေပြီ လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဒီအစီအစဉ်ကို ကနဦး စတင်စမ်းသပ်တဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ စမ်းသပ် လုပ်ကိုင်သွားမယ်လို့ သူက ပြောပါတယ်။

ရောဂါအခံမရှိသူ၊ စိတ်ချရတဲ့ အနေအထားရှိသူ၊ နေအိမ်တွေမှာ သီးခြားအခန်းနဲ့ နေထိုင်လို့ရနိုင်သူ၊ မိသားစုဝင် နည်းတဲ့သူ၊ နေအိမ်မှာ အသက်အရွယ်ကြီးသူ မရှိတဲ့သူတွေကို မြို့နယ် ကိုဗစ်ကော်မတီ၊ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ စောင့်ကြည့်သွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။အခုလို ကုသဖို့ စီစဉ်ရတာဟာ ဆေးရုံတွေမှာ လူနာတွေအတွက် နေရာမရှိလို့ မဟုတ်ကြောင်း၊ ဖောင်ကြီး ကုသရေးစင်တာ ဆိုရင် လူနာတစ်ထောင်ကျော် ကုသနိုင်တဲ့နေရာမှာ လူနာ ၃၀၀ ကျော်သာ တက်ရောက် ကုသနေတာ ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ရန်ကုန်ကို လာရောက်ပြီး ကူညီဆောင်ရွက်ပေးနေကြတဲ့ တိုင်းနဲ့ပြည်နယ်က ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ သူတို့ဒေသတွေဆီ ပြန်ဖို့ ရှိလာနေပြီး လာရောက်ကူညီ ဆောင်ရွက်ပေးတဲ့ စေတနာ့ ဝန်ထမ်းတွေ နည်းလာတဲ့အပြင် ကုသရေးစင်တာတချို့ကိုလည်း ပြုပြင်မွမ်းမံမှုတွေ လုပ်ဖို့ရှိနေတဲ့ အတွက် အခုလို နေအိမ်မှာ သီးခြားခွဲ ကုသတဲ့ အစီအစဉ်ကို လုပ်ဖို့ စီစဉ်တာဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

နေအိမ်မှာ သီးခြားခွဲပြီး ကုသမှု ခံယူနေစဉ် ကိုဗစ်လူနာ အနေနဲ့ စည်းကမ်း လိုက်နာမှု ရှိမရှိ ဆိုတာကို မြို့နယ် ကိုဗစ်ကော်မတီက‌ စောင့်ကြည့်မှာဖြစ်သလို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆက်သွယ်ပြီး စစ်ဆေးမှုတွေ လုပ်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ကိုဗစ် ကူးစက်ခံရပေမယ့် ဆေးရုံမှာ သတ်မှတ်ရက် ထားပြီး သတ်မှတ်ချက်တွေ ပြည့်စုံ၊ စိတ်ချရတဲ့ အနေအထားမှာ ရှိတဲ့ လူနာတွေကို နေအိမ်တွေမှာ ထားမှာဖြစ်တဲ့ အတွက် လူနာတွေအနေနဲ့လည်း စိတ်သက်တောင့်သက်သာ ရှိမှာ ဖြစ်သလို ဆေးရုံဝန်ထမ်းတွေကလည်း တခြား လူနာတွေကို ပိုပြီး ဂရုစိုက်နိုင်မယ်လို့ ဒေါက်တာခင်ခင်ကြီးက ရှင်းပြပါတ