Lifestyle

ကလေးငယ်ကို ဓားဖြင့်ထောက်ပြီးဖမ်းသွားသူကို ရဲတပ်ဖွဲ့ နှင့်ပြည်သူ ဝိုင်းဝန်းဖမ်းဆီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်မှာ အရက်ကြောင်နေတဲ့သူက အိမ်နီးချင်း(၇)နှစ်အရွယ် ကလေးကို ယနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့မှာ ဓားထောက်ပြီးခေါ်ဆောင်သွားတာကြောင့် ရပ်ကွက်နေ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့က ဝိုင်းဝန်းဖမ်းဆီးခဲ့ရတယ်လို့ မြစ်ကြီးနားအမှတ်(၂)နယ်မြေရဲစခန်းက သိရပါတယ်။

ကလေးအား ဖမ်းဆီးသောသူသည် အလုပ်အကိုင်တိတိကျကျမရှိသည့်အပြင် အမျိုးသမီးဖြစ်သူနဲ့ မကြာခဏရန်ဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်ပေးတာကြောင့် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။

“ရပ်ကွက်က ရဲကိုတိုင်တဲ့သတင်းထွက်တော့ သူက ဒီနေ့မနက် အိမ်ပြန်ရောက်တဲ့အခါ မိန်းမနဲ့ထပ်ရန်ဖြစ်တယ်။ မနက်(၉)နာရီလောက်မှာ ခဏခဏရန်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲကဖမ်းမယ်ဆိုတဲ့သတင်းကို သိထားတော့ စိုးရိမ်ပြီး ထွက်ပြေးဖို့လုပ်တာပေါ့။

အရက်ကလည်း ကြောင်နေတယ်။ အိမ်ဘေးနားကကလေးကို ရေခဲခြစ်ဝယ် စားနေတုန်းမှာ ကောက်ယူပြီး ထွက်ပြေးသွားတာ။ သူ့လက်ထဲမှာ ဓားပါတယ်။ ဓားထောက်ပြီးထွက်ပြေးသွားတာပေါ့။”လို့ အမှတ်(၂)နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဇေယျက ပြောပါတယ်။

ဒါကြောင့် ရပ်ကွက်နေ ပြည်သူတွေနဲ့အတူ ဝိုင်းဝန်းဖမ်းဆီးခဲ့ချိန် ကြည့်မြင်သာရပ်ကွက် ကျွန်းရွှေဝါလမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့ဖြစ်ပြီး စစ်ဆေးချိန်မှာတော့ ကလေးကို အန္တရာယ်ပြုလိုသောရည်ရွယ်ချက်ဖြင့် ဖမ်းဆီးသွားခဲ့တာမဟုတ်ဘဲ ဒီတိုင်းခေါ်ယူသွားခဲ့တာလို့ ဆိုပါတယ်။ဒါကြောင့် ကလေးကို ဖမ်းဆီးခေါ်ဆောင်သွားသူကို မြစ်ကြီးနားမြို့ အမှတ်(၂)နယ်မြေရဲစခန်းက (ပ)၃၀၉၊ ရာဇသတ်ကြီးပုဒ်မ(၃၆၄)နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

#crd
Zawgyi