Knowledge

ကမ္ဘာ့စံချိန်တင် အတိုးနှုန်းတွေနဲ့ ဘယ်တော့မှ ချမ်းသာမှာ မဟုတ်တဲ့ မြန်မာ့လယ်သမားကြီးမျာ

နယူးဇီလန်က သူ့နိင်ငံ စားဖို့ထက် ပိုပြီး စပါးစိုက်ရင် ဖမ်းတယ် ဒဏ်ရိုက်တယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်လို့တဲ့။ မလေးရှားမှာ စိုက်ပျိုးရေးလုပ်ရင် အစိုးရက လမ်းဖောက်ပေးတယ်၊ မီးသွယ်ပေးတယ် မျိုးစေ့ကုမ္ပဏီက မျိုးစေ့ လာရောင်းပေးတယ်။

အာမခံတယ်မြေဩဇာ ကုမ္ပဏီက မြေစမ်းတယ် ဘယ်မြေဩဇာ သုံးသင့်လည်း တာဝန်ယူပေးတယ်။ ဆေးကုမ္ပဏီက ဆေး သေချာ အာမခံ ရောင်းပေးတယ်။ ထွက်နှုန်း ပိုး ပြောတဲ့အတိုင်း မဖြစ်ရင် ပေးစရာမလိုဘူး။ နောက်ယန္တယား ကုမ္ပဏီ ကလည်း လာထွန်ယက်ပေးတယ်။ ‌ဈေးလား အစိုးရက တာဝန်ယူ ပေးထားတယ်။

အလုံးစုံ ထိုင်း မကြည့်နဲ့ လယ်သမားက ကား ဆိုင်ကယ်တဝီဝီနဲ့ ထွန်ယက်ချိန် ထွန်စက် စိုက်ချိန် စိုက်စက်နဲ့ ရိတ်သိမ်းချိန် ရိတ်စက် အခြောက်ခံစက် နဲ့ ဈေးလား ထိုင်းက တစ်ကမ္ဘာလုံး နဲ့ ချိတ်ထားပြီးသား။ ဈေးနူန်းက ပုံသေ တွက်ပြီးသား ထိုင်းဆန်က ဒေါ်လာ ၄၀၀ ကျော်လောက် ရနေချိန်မှာ ကျုပ်တို့ ဗမာဆန်က ၃၀၀ ကျော် တစ်တန်ကို ဘယ်လောက် ကွာနေလဲ စဉ်းစားပေါ့။ အဲ့ဈေးတောင် ခု ဝယ်လက်မရှိလို့ ပြည်တွင်းမှာ ပုံနေတယ်။

ပြောချင်တာကတော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့် အခု ထိုင်းနဲ့မြန်မာ ကုန်သည် ပွဲစားတွေအကြောင်း အနည်းငယ် ပြောခဲ့မယ်။ ထိုင်းမှာက လယ် မလုပ်သူက စပါး မလှောင်ရဘူး။ ဥပဒေထုတ် အရေးယူဖမ်းတယ်။ ဝန်ကြီးချုပ် သက်ဆင်နဲ့ သူ့ညီမ ယင်လတ်တို့ ဆိုတာ ဆန်စပါးကိစ္စ မှာ ဝင်ရှုပ်ခဲ့ကြလို့ အာဏာသိမ်း ဝရမ်းထုတ် ခံခဲ့ရတာ။ ဒါက ဝန်ကြီးချုပ်တွေနော်။

အရပ်သား အတိုးပေး စပါးဝယ် ကုန်သည် ပွဲစား စက်ပိုင်လောက်တော့ စဉ်းစား ကြည့်ပေါ့ဗျာ။ ကျုပ်တို့ဆီက ကောင်တွေက အတိုးပေးတယ်။ ကမ္ဘာမှာ ဘယ်မှာမှ မရှိတဲ့ အတိုးနူန်းနဲ့ ။ နိင်ငံခြားသားနဲ့ ကျုပ်စကားပြောတော့ သူက မင်းတို့ဆီမှာ အတိုးနူန်း ဘယ်လောက်ရှိလဲ မေးတော့ ပြောပြတော့ သူက oh! amazing အံ့ဩသွားတယ် you တို့ မြန်မာတွေ လူတွေမှ ဟုတ်ရဲ့လားတဲ့။ ဘာလို့လဲ ဆိုတော့ ဒီအတိုးနဲ့ ဘယ်လူ ဖြစ်တော့မလဲတဲ့။

သူက သူတို့ဆီမှာ သိန်းတစ်ရာ ချေးမှ ၁၂လကို အတိုး ၂သိန်း ပဲ ပေးရတာတဲ့။ မင်းတို့ဆီမှာ ဘာမှ အာမခံချက် မရှိ ထုတ်ကုန် ဈေးနူန်းက ငရဲပြည်မှာ။ ကိုယ်ဝယ်သုံးနေတဲ့ ပစ္စည်းနဲ့ ကိုယ်ယူထားတဲ့ အတိုးက တာဝတိံသာမှာ ကျိန်းသေ တက်နေတာ။

ပြီးတော့ အတိုးက ကမ္ဘာမှာ တစ်ခါမှ မကြားဖူးဘူးတဲ့ အတိုး အရမ်းကြီးတယ်တဲ့။ အရပ်အခေါ် ၆ကျပ်တိုး ဆိုတာ သိန်း၁၀၀ချေးရင် ၁၂လ ကြာရင် ၇၂သိန်း ပေးရမှာ တဲ့။ နိင်ငံခြားမှာ အတိုး ၂သိန်းတောင် မကိုက်ဘူးတဲ့ ယူတဲ့လူက။ မင်းတို့လူမျိုးတွေ ဆင်းရဲနေတာ အတိုးကြောင့်ပဲလို့ ပြောသွားတယ်။

ဆန်စပါးမှ မဟုတ်ဘူးနော်။ တခြား သီးနှံတွေ အားလုံးလည်း ခေါင်းပုံဖြတ် ကုန်သည် ပွဲစားပွဲရုံ အလွှာကို နိုင်ငံတကာ နည်းတူအောင် ဖယ်ရှားပြီး ဈေးကွက်နဲ့ တိုက်ရိုက် ချိတ်ဆက် မပေးနိုင်သ၍ မြန်မာနိုင်ငံရဲ့လူများစုကြီးဖြစ်တဲ့ လယ်သမားထုဟာ လူမွှေးလူရောင် ပြောင်မှာ မဟုတ်ဘူး။

အတိုးနူန်းချရင် ငွေကြေးဖောင်းပွမယ် ဆိုသူက ရှိသေး။ သီအိုရီကြောက်ရောဂါ။ အစိုးရ ပြည်သူ လုပ်ငန်းရှင် လယ်သမားတွေ လက်ထဲ ငွေမရှိပဲ ဘယ်ကလာ ဖောင်းပွမလဲ။ ကျုပ်တို့ရဲ့ နိင်ငံက စိုက်ပျိုးရေး မွေးမြူရေး လုပ်နေသူတွေဟာ ထမင်းမစားပဲ ရေသောက်ပြီး စိုက်ပျိုး မွေးမြူပေးနေရမှာလား?

တစ်ခါတလေ သီအိုရီတွေ ဆိုတာ ဟာသ‌တွေ။ အတိုးပေးစားတဲ့လူတွေ နောင်ဘဝ လူမဖြစ် နိင်တော့ဘူးတဲ့။ ကျုပ်စိတ်မကောင်းဘူး ကျုပ်တို့ လူမျိုးတွေ အတွက် နိင်ငံတစ်ကာက_အတိုးနူန်း ၂ % တောင် ဆန္ဒပြနေချိန်မှာ ကျုပ်တို့ နိင်ငံသားတွေရဲ့ အတိုးနူန်းက % အများကြီးနဲ့။

ကျုပ်တို့ဟာ နည်းပညာ ရှိယုံနဲ့ မရ‌တော့ဘူးလေ။ ငွေမရှိပဲ ကမ္ဘာကို ဘယ်လိုမှ မယှဉ်ပြိုင်နိင်ပါဘူး။ မြန်မာမှာက အတိုးရာခိုင်နူန်း အများကြီးနဲ့ ပေးစားနေသူတွေက အလုပ် မလုပ်ကြတော့ဘူး။ အတိုးလေးနဲ့ ထိုင်စား လှူတန်း သူဌေး လုပ်နေကြတာဗျ။ မြန်မာမှာ အတိုး ပေးစားသူ 1သိန်းမက ရှိနေပါတယ်။ အဲ့လူတစ်သိန်းရဲ့ လုပ်အား ခ တွက်ကြည့်ဗျာ။ တစ်နေ့ 1သောင်းပဲထား။

10000*100000 တစ်နေ့ ကို တစ်ဘီလီယံ ဖိုးလောက် လုပ်အားခ ဆုံးရူံးနေတယ်ဗျ။ ဒါလုပ်အားခ ပဲရှိသေး တယ်။ သူတို့ရဲ့ စိတ်ကူး ရင်းနှီး မြှုပ်နှံမှု တွေ ကနေ ဆုံးရူံးနေတာတွေ မပါသေးဘူးနော်။ အခု ဆန်စပါး ဈေးကျတယ် ဆိုတာကလည်း နိင်ငံခြား ဝယ်လက်ထက် ပြည်တွင်းက ကုန်သည် ပွဲစား စက်ပိုင် ငွေတိုးပေးစားသမားတွေကြောင့်လို့ ဆိုရင် ငြင်းနိင်မလား။ သူတို့က စပါးပေါ်ချိန် မှာ ဝယ်လှောင်ထား ရှားချိန်တက် ဈေးစောင့်။

ကြားထဲမှာ ပစ္စည်းပျက် ဈေးကွက်မှာ အရင်နှစ်တွေက နိင်ငံခြားကို ထွက်နေတော့ ဈေးကောင်းထားတော့ မျှော်လင့်ချက်နဲ့ လှောင်ထားကြတာ ဆိုတော့ အမှန်က တစ်လကို ဥပမာ တန်ချိန် ၁သန်း ဈေးကွက် ဝယ်လိုအား ရှိနေရဲ့သားနဲ့ တက်ဈေးစောင့်ပြီး ၃ လမှ စုပြုံ ထုတ်ကြတော့ တန်ချိန် ၃ သန်း ဘယ်မှာ ရောင်းမလဲ။ ဈေးကွက်က ဝယ်လိုအားက ၁သန်း ပုံမှန် ရှိနေပေမယ့် ကြားထဲမှာ မထုတ်ပဲ ၃ လ ၄လ လောက်မှ စုပြုံ ထုတ်လေတော့ ဦးနှောက် ရှိသူတွေဆို ပြောစရာမလိုတော့ပါ။

အခု မြန်မာပြည်ရဲ့ အစိုးရ၊ ဝန်ထမ်း၊ ကုန်သည်၊ ပွဲစား၊ ငွေတိုးသမား၊ ခရိုနီ တွေဟာ ကျောက်ခေတ် အတွေးအခေါ် ခလေး အထာတွေနဲ့ လုပ်စား နေကြတာပါ။ နိင်ငံတကာ အမြင်လည်းမရှိ ကိုယ့်နိင်ငံ လူမျိူး တိုးတက် စေချင်တဲ့ စေတနာ ကလည်း မူးလို့တောင် ရှူစရာမရှိပါ။ ကုန်သည် ပွဲစား စက်ပိုင် ငွေတိုးသမား ကုမ္ပဏီ ခရိုနီ တွေဟာ လူကမွေး ခွေး‌ချီးပါနေကြောင်းပါ။

Credit အညာကလူ