Knowledge

နတ်တွေဖွတ်ထားကြတဲ့ ရတနာမျိုးစုံထွက်သော သပိတ်ကျင်းနယ်ထဲမှ ကျောက်တွင်းကြီးအကြောင်း

ရတနာတွင်းကြီးလို့ ခေါ်လိုက်ပါရစေနော်။ တကယ်တမ်းကတော့ သဘာဝအတိုင်းဖြစ်တည်နေတဲ့ လူးတွင်းကြီးပါ။ အဲ့ဒီအထဲမှာတော့ ကျောက်မျက် ရတနာမျိုးစုံပြည့်နှက်နေပါတယ်နော်။ အဲ့တွင်းကြီးက ကျောက်ကြီးရွာရဲ့ အရှေ့ဘက်မှာတည်ရှိပါတယ်နော်။

ကျောက်ကြီးရွာဆိုတာဟာ ကျောက်ကြီးနည်းပညာတပ်ရဲ့ဘေးနားကပါ။ အဲ့ဒီနားက ဒေသတစ်ဝိုက်ဟာ ရွှေ ငွေ သယံဇာတ ကျောက်မျက်ရတနာတွေများစွာ ထွက်ရှိတဲ့ ရတနာနယ်မြေဖြစ်ပါတယ်။ သပိတ်ကျင်းနယ်ထဲကနေထွက်တဲ့ ပတ္တမြား နီလာတို့ဟာ ဝါးဖြူတောင်ကျောက်လို့သိကြပါသည်။ နည်းပညာတပ်ဟာလည်းယူရေနီယမ်အတွက်ဘဲ တည်ထားတာလို့ ပြောကြတာပါ။ ကျောက်ကြီးနည်းပညာတပ်ရဲ့ဝင်ပေါက်ကနီလာကျောက်ကျောကြီးဟု ကျောက်ကြီးရွာရဲ့ ရှေ့မှီနောက်မှီ လူကြီးတွေကပြောကြတာပါ။ တစ်နေ့မှာ ကျောက်ကြီးရွာကနေမုဆိုးကြီး ခြောက်ယောက်က တောလည် ထွက်လာတာပါ။

မုဆိုးတွေဟာ သူတို့ရွာရဲ့အရှေ့ဘက်ကို တောလိုက်ကြတာ ဖြစ်ပါတယ်။ အရင်တုန်းက ကျောက်ကြီးရွာဆိုတာဟာ တောကြီးမျက်မဲကြီး ဖြစ်ပါတယ်။ ကျွန်းတွေ ပိတောက်တွေအရမ်းပေါတယ်။ ခုချိန်မှာကားလမ်းဘေးတစ်ဝိုက်မှာတော့တောင်ကတုံးတွေပဲ ကျန်တော့တာပါ။ တောလည်ထွက်လာရင်း မုဆိုးကြီး ခြောက်ယောက်ဟာမျက်စိလည်လမ်းမှားကြပါတယ်။ လမ်းပျောက်ရှာဖွေရင်းနဲ့ ကျောက်မျက်ရတနာ မျိုးစုံတွေပြည့်နေတဲ့ လူးတွင်းကြီးကို တွေ့လိုက်ကြတာပါ။ အဲ့ဒီနယ်ဘက်ကမုဆိုးတွေဟာကျောက်ရတနာသယံဇာတနယ်မြေမှာ နေသူတွေဖြစ်ကြတဲ့အတွက် ကျောက်အကြောင်းတွေကို အတန်သင့်နားလည်တတ်မြောက်ထားကြတာပါ မုဆိုး ခြောက်ယောက်ဟာလည်း ရတနာတွင်းကြီးထဲကနေ အကောင်းဆုံးဖြစ်နိုင်မဲ့ကျောက်တွေကိုရွေးချယ်ပြီးနေရာဒေသကို မှတ် ထားခဲ့ကာရွာကို ပြန်လာကြပါတော့တယ်။

သို့သော်လည်းမုဆိုးတွေဟာသယ်ယူလာတဲ့ ကျောက်မျက် ရတနာတွေကိုသယ်ယူချင်စိတ် မရှိ လောက်အောင်ကိုလေးလံလာတာပါ။ သူတို့တွေကလည်း ဆက်လက်သယ်ယူဖို့အားမရှိတော့ပဲ လွှင့်ပစ်ခဲ့ကြပြီး နောက်ဆုံးမှာနီလာကျောက်တစ်တုံးပဲ ကျန်ပါတော့တယ်။ မှောင်ရီပျိုးစအချိန်မှာသူတို့တွေရာကို ပြန်ရောက်လာကြပါတယ်။ နောက်ဆုံးပြန်ရောက်ချိန်မှသိလိုက်တာဟာသူတို့မျက်စိလည်လမ်းမှားနေတာက သူတိုရွာခေါင်းရင်းတောင်ပေါ်မှာပဲ ဖြစ်နေတာပါ။ သူတို့တွေလည်း နောက်တစ်ခါပြန်လည်ရှာဖွေရာမှာတော့ မတွေ့ရတော့ပါဘူး။ သူတို့အရင် အဲ့တွင်းကြီးကိုရောက်ဖူးသူတွေ ရှေးလူကြီးတွေပြောပြတာကတော့အဲ့တွင်းကြီးကို ခွေးနတ် တွေစောင့်ရှောက်တာပါတဲ့နော်။ တစ်ခေါက် ပြန်ရောက်ချင်တယ်ဆိုရင်ခွေးနတ်တွေကို ပူဇော်ပသရတယ်လို့ ဆိုပါတယ်။ မုဆိုးခြောက်ယောက်ထဲမှာ ယခုချိန်မှာတစ်ယောက်ပဲကျန်ရှိတော့တာပါ။

ကျောက်ကြီးနယ် ကျောက်ကြီးရွာဟာလည်း အခုထိ နီလာ ပတ္တမြားမျိုးစုံထွက်နေဆဲပါဖြစ်ပါတယ်နော်။လေ့လာချင်ရင်တော့ သွားကြည့်ကြပါနော်။ဗဟု သုတရစေရန် ပြန်လည် မျှဝေလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

ခရက်ဒစ်

Zawgyi