Knowledge

ရွှေတိဂုံဘုရားမှာတကယ်ဖြစ်ပျက်ခဲ့တဲ့နဂါးသိုက်ကလာတဲ့သူအကြောင်း

သိုက်က လာတယ် ဆိုတာ ကြားဖူးကြမှာပေါ့.. တကယ်လည်း သိုက်ကလာကြတယ်၊သိုက်အဆက်တွေ ရှိကြတယ်၊၊အချို့ဆိုရင် မွေးရာပါ ဆြံအ နားမကြား ခြေလက်မသန် နဲ့ မွေးလာကြတယ်။

အချို့ဆိုရင် အရွယ်ရောက် ကြီးပြင်းလာပြီးမှ ဆြံအ နားမကြား ခြေလက်မသန်တွေ ဖြစ်ကုန်ကြတယ်။ကျွန်တော် တွေ့ဖူးတဲ့ သိုက်အဆက်က နဂါးသိုက် ခင်ဗျ။ အဖြစ်အပျက်က ရွှေတိဂုံ စေတီတော်မြတ်ကြီးပေါ်မှာပါ။ ရွှေတိဂုံ ရင်ပြင်ပေါ်မှာ နဂါးသိုက်ဘုရား(နဂါးရုံဘုရား)(၃) ဆူ နဲ့ တည်နေရာကို ကျွန်တော်ပြောပြမယ်။နံပါတ်(၁)နဂါးရုံ ဘုရားတစ္ဆူ ရဲ့ တည်နေရာဟာ ရွှေတိဂုံ ဘုရား မြောက်ဘက်မုဒ် နောင်တော်ကြီးစေတီတော် ရဲ့အောက်ခြေ မွာ နဂါးခေါင်း (၉)လုံးနဲ့ နဂါးရုံဘုရား တစ်ဆူရှိပါတယ်။

ဝိဇ္ဇာဇော်ဂျီ တန်ဆောင်းရဲ့ဘေးချင်းကပ်လျှက်မှာပါ။နံပါတ်(၂)ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ် အဝင်နံဘေး(စက်လှေကားတန်ဆောင်းအနီး)မွာ နာဂသိင်္ဂီ အမည်ရှိ သိုက်ဘုရား တစ္ဆူ ရှိပါတယ်။ နံပါတ်(၃)ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ် ဘုရားရင်ပေါ်က ပြတိုက်ရှေ့တည့်တည့်မှာ နဂါးရုံ ဘုရား တစ္ဆူ ရှိတယ်။ယခု ကျွန်တော်ဖော်ပြပေးခဲ့တဲ့ နဂါးရုံဘုရား(၃)ဆူထဲက ရွှေတိဂုံ စေတီတော် ရင်ပြင်ပေါ်က ပြတိုက်ရှေ့တည့်တည့်မှာ တည်ထားတဲ့ နံပါတ်(၃) နဂါးရုံ ဘုရားအကြောင်းကို ပြောပြပါ့မယ်။အဲဒီ နဂါးရုံ ဘုရားဟာ နှစ်ပေါင်း ကြာလာသည့်အမျှ ဆွေးမြည့်ပျက်စီးလာနေခြင်းကြောင့် ရွှေတိဂုံ ဂေါပကကနေပြီး ပြန်လည်ပြုပြင်ဖို့ လုပ်ကြပါတယ်။

ထို့နောက် မြန်မာမှု ပန်းတော့၊ပန်ပု ဆရာတွေလည်း ပြုပြင်ပြင်ဖို့ ငြမ်းဆင်၊အမိုးအကာ ပြုလုပ်ပြီးနောက် ဟောင်းနွမ်းဆွေးမြည့်ပျက်စီးနေပြီဖြစ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားရှင်းလင်းကြရပါတယ်။ ထူးဆန်းတာက နောက်နေ့ နံနက်(၉)နာရီ ဝန်းကျင်ခန့်မှာ အကျႌ လက်ရှည် အနီရောင် ဝတ်ဆင်ထားသည့် ဆွံအနားမကြား မသန်စွမ်း ကလေးငယ် တစ်ယောက်အပါအဝင် လူပေါင်း(၁၀၀)ခန့် စုဝေးရောက်ရှိလာကြတယ်။

ဘာ့ကြောင့် စုဝေးရောက်ရှိလာကြတာလဲလို့ မေးကြည့်တော့ ဒီဘုရားက အိမ်မက်ပေးလို့..ဘယ်လို အိမ်မက်ပေးသလဲဆိုတော့ နဂါးရုံ ဘုရား ပြန်လည်မွင်းမံပြုပြင်နေတယ် အလှူငွေသွားထည့်ပါ၊အလှူဒါန သွားလုပ်ပါပြောလို့ ရောက်လာရခြင်းဖြစ်တယ်။ အိမ်မက်ပေးခံရတဲ့ ကလေးငယ်ဟာ အသက်(၁၂)အရွယ်ခန့်ရှိ ယောကျာ်လေးငယ် တစ်ဦး..သူဟာ မသန်းစွမ်းသူတစ်ယောက်ဖြစ်သည့်အလျောက် သူ့ကို Wheelchair နဲ့တွန်းပြီးခေါ်လာကြတယ်။

ရွှေတိဂုံ ဘုရားပေါ်မှာရှိတဲ့ နဂါးရုံးဘုရား အားလုံးကို လိုက်ပြပြီးပြီ သို့ပေမဲ့ သူ့ အိမ်မက်ထဲက ဘုရားဟာ ယခု ကျွန်တော်ဖော်ပြပေးတဲ့ ဘုရားသာဖြစ်တယ်။ ဒီကေလးက သိုက်ကနေလာတာ၊၊သူက ပဲခူးတိုင်းထဲကဖြစ်ပြီး ရွာအမည်ကိုတော့ညကျွန်တော်မေ့သွားပါတယ်။သူ (၉)နှစ်သား အရွယ်လောက်မှာ မြွေအကိုက်ခံရပြီးနောက် အသက်မသေပဲ ဆွံအနားမကြား မသန်စွမ်းဖြစ်သွားပါတယ်။ သူနဲ့စကားပြောဖို့ဆိုရင် ကျောက်သင်ပုန်းနဲ့ကျောက်တံ ကို အမြဲဆောင်ထားရပြီး သူပြောချင်တဲ့စကားမှန်သမျှ ကျောက်သင်ပုံးပေါ်မှာ ချရေးပြပါတယ်။

သိုက်ကလာတဲ့ ဒီကေလးဟာ အိမ်မက်အရ သူ့မိဘတွေကို ချဲဂဏန်းပေးတာကစတယ်. သူပြောတဲ့ ဂဏန်းကို ထိုးတယ်..ပေါက်တယ်။တစ်ကြိမ်မက သူ့မိဘတွေ ချဲပေါက်ပြီး ကြီးပွားလာကြတယ်..ထို့နောက် အလှူတွေလည်း လုပ်ဖို့ ကေလးက ခဏခဏပြောတယ်။ဒီလိုနဲ့ လူသိများလာပြီး ချဲဂဏန်းပေးတဲ့ ကလေးကို ဘိုးတော်သဖွယ် လူတွေ ကိုးကွယ်လာကြတယ်။ ဒါ့ကြောင့် ဒီကေလး ဘယ်သြားသြား နောက်ကနေ လျှောက်လိုက်တဲ့ လူအုပ်ကြီးက အမြဲရှိနေတယ်။ဒီဘုရားရောက်တော့ အုန်းငှက်ပျော ကန်တော့ပွဲတွေအပြင် နှင်းဆီပန်းနဲ့ နွားနို့တွေလည်း ဆပ်ကပ်ကြတယ်။

သူနဲ့အတူ လိုက်ပါလာတဲ့အမျိုးသမီးတစ်ယောက်ဟာ ဒီဘုးရားရှေ့မှာပဲ ဝင်ပူးတာ။နောက်တော့ ရွှေတိဂုံ ဂေါပရုံးမှာ ယခု ပုံပါ နဂါးရုံဘုရား ရဲ့ ပြုပြင်စရိတ် အားလုံးကို ဒီကေလးကပဲ အကုန်လှူသွားပါတယ်။ ဒါက ကျွန်တော့်ရဲ့ မျက်မြင် ကိုယ်တွေ အဖြစ်ပျက်ပါ..မယုံရင် အဲဒီ ဘုရားကို အရောက်သွားကြည့်ပါ.. ဘုရားရဲ့အောက်ခြေမှာ စကျင်ကျောက်ပြား(သို့)ကြေးပြားနဲ့ ရေးထိုးထားသည့် အလှူရှင် ကဗျည်းစာ ရှိပါတယ်။ ဒါမွ မယုံသေးဘူးဆိုရင် ရွှေတိဂုံ ဂေါပကရုံးမှာ ဒီဘုရားကို ပြန်လည်ပြုပြင်သည့် အလှူရှင်အမည်ကို စုံးစမ်းမေးမြန်းနိုင်ပါတယ်။

credit