Celebrities

အမှုဖွင့်ခံထားရတဲ့ ခြိမ့်ကေကို နဲ့ ဦးဇော်မင်းထိုက်တို့ရဲ့ နောက်ဆုံးအခြေအနေ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရသော ဖေ့စ်ဘုတ် ဆယ်လီ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ကိုလူစုလူဝေနဲ့ဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်တို့ကို ဒီဇင်ဘာ ၃ရက်နေ့မှာ အမှုဖွင့် ထားခဲ့ပေမယ့်လည်း ဒီဇင်ဘာ ၁၅ရက် ဒီနေ့အချိန်ထိ ဖမ်းမမိသေးဘူးလို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရဲစခန်းက စုံစမ်းသိရှိရတာ ဖြစ်ပါတယ်။

ဖမ်းမမိသေးပါဘူး သူတို့လာအဖမ်းခံမယ်လို့တော့ သတင်းတော့ကြားတယ် ဒီတစ်ပတ်အတွင်း ဖမ်းမိမှာပါလို့ ဒုရဲအုပ် တစ်ဦးကပြောခဲ့တာပါ။ဒီဇင်ဘာ ၅ရက်နေ့မှာ ရစ်ကန်ကျေးရွာ နယ်မြေခံ ရဲစခန်းက ရဲတပ်ဖွဲ့တွေဟာ မြစ်သားမြို့နယ် အတွင်းက သူတို့နှစ်ဦးနေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့်လည်း ဦးဇော်မင်းထိုက်နဲ့ ဖေ့စ်ဘုတ် ဆယ်လီ ခြိမ့်ကေကို တို့နှစ်ဦးကို မတွေ့ရှိခဲ့ဘူးလို့သိရပတာပါ

ခြိမ့်ကေကိုက ကျွန်တော်ကအိမ်မှာအငယ်ဆုံးလူပျိုလေး မိဘနှစ်ပါးကို ကိုယ်ရတဲ့အနုပညာကြေးလေးတွေနဲ့ ထောက်ပံနေတဲ့သားလိမ်မာလေးပါ ကျွန်တော်မုန်းတဲ့သူတွေရော ချစ်တဲ့သူတွေရောကျွန့်တော်အကုန်လုံးကိုညီအကိုမောင်နှမတွေလိုဘဲအရမ်းချစ်ပါတယ် ဒီအပြစ်အရမ်းကြီးမှန်းကျွန်တော်သိပါတယ် ခွင့်လွှတ်မရမှန်လည်းကျွန်တော်သိပါတယ် ဒီတကြိမ်တခါတော့ ကျွန်တော်ကိုနာလည်ခွင့်လွတ်ပေးကြပါလို ကျွန်တော်အမေနဲ့အဖေနဲ့မခွဲနိုင်လိုပါ ကျွန်တော်လက်ဆယ်ဖြာထိပ်မှာမိုးပြီ ရှိခိုးဦးချတောင်ပန်းပါတယ် ကျွန်တော်ကိုခွင်လွတ်ကြပါနော် လို့ဆိုပြီးတော့ သူရဲ့လူမှုကွန်ယက် စာမျက်နှာကတဆင့် ဒီဇင်ဘာ ၆ရက်က ရေးသားထားခဲတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မင်းဝန်ကျေးရွာမှာ ဦးဇော်မင်းထိုက် ရဲ့သမီးဖြစ်သူရဲ့မွေးနေ့ပွဲကို လူဦးရေ ၅၀ ဖိတ်ကြား ကျင်းပခဲ့မှုမှာ ခြိမ့်ကေကို ဟာပါဝင် ဖျော်ဖြေခဲ့မှု ကြောင့်လူဦးရေ ၅၀ ထက်ကျော်လွန်သွားတဲ့ အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) နဲ့တရားစွဲ ခဲ့တာဖြစ်ပါတယ်နော်။

source;အိုင်းရစ်

Zawgyi
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရသော ဖေ့စ်ဘုတ် ဆယ်လီ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ကိုလူစုလူဝေနဲ့ဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်တို့ကို ဒီဇင်ဘာ ၃ရက်နေ့မှာ အမှုဖွင့် ထားခဲ့ပေမယ့်လည်း ဒီဇင်ဘာ ၁၅ရက် ဒီနေ့အချိန်ထိ ဖမ်းမမိသေးဘူးလို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရဲစခန်းက စုံစမ်းသိရှိရတာ ဖြစ်ပါတယ်။

ဖမ်းမမိသေးပါဘူး သူတို့လာအဖမ်းခံမယ်လို့တော့ သတင်းတော့ကြားတယ် ဒီတစ်ပတ်အတွင်း ဖမ်းမိမှာပါလို့ ဒုရဲအုပ် တစ်ဦးကပြောခဲ့တာပါ။ဒီဇင်ဘာ ၅ရက်နေ့မှာ ရစ်ကန်ကျေးရွာ နယ်မြေခံ ရဲစခန်းက ရဲတပ်ဖွဲ့တွေဟာ မြစ်သားမြို့နယ် အတွင်းက သူတို့နှစ်ဦးနေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့်လည်း ဦးဇော်မင်းထိုက်နဲ့
ဖေ့စ်ဘုတ် ဆယ်လီ ခြိမ့်ကေကို တို့နှစ်ဦးကို မတွေ့ရှိခဲ့ဘူးလို့သိရပတာပါ