Lifestyle

လေဖြတ်နေတဲ့ အဖေကို ကိုယ်တိုင် လုပ်ကျွေး ပြုစုနေခဲ့တဲ့ ၇နှစ်အရွယ် ကလေးငယ်လေး Yanglin

အသက် ၇ နှစ်အရွယ်ရှိ Yanglin အမည်ရတဲ့ ကလေးလေးဟာ ရွေးချယ်စရာ လမ်းမရှိပဲ၊ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ခန္ဓာကိုယ် မလှုပ်ရှားနိုင်တဲ့ ဖခင် ဖြစ်သူကို ကျွေးမွေး ပြုစုနေရတာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ အသက် ၃၇ နှစ် အရွယ်ရှိ Tongming ဟာ သူအလုပ် လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ ပြုတ်ကျပြီး နံရိုးနဲ့ ကျောရိုးမကြီး အပါအဝင် အရိုးတွေ ကျိုးအက် ခဲ့တာကြောင့် ခန္ဓာကိုယ် အောက်ပိုင်း မလှုပ်ရှားနိုင်ဘဲ အိပ်ရာထဲမှာသာ လှဲပီး အချိန် ကုန်နေရသူပါ။

တစ်နှစ် ကြာတဲ့အထိ Tongming ရဲ့ ခန္ဓာကိုယ်ဟာ မလှုပ်ရှား နိုင်သေးတဲ့အခါ ဇနီးဖြစ်သူက စွန့်ခွာ သွားပါတော့တယ်။ ဘေးနားမှာ အဖေ ဖြစ်သူကို မထားသွားနိုင်ဘဲ ဆက်ပြီး ပြုစုဖို့ နေခဲ့တာကတော့ Yanglin လေးပါ။ Yanglin လေးဟာ အဖေဖြစ်သူကို အရမ်းချစ်ပြီး အဖေမရှိဘဲ သူ မနေနိုင်ဘူး လို့ ပြောခဲ့ပါတယ်။

Yanglin လေးဟာ မနက် ၆ နာရီမှာ အိပ်ရာထ၊ ပြီးရင် သူ့အဖေကို ဆေးထည့်ပေး၊ မနက်စာ ကျွေးပြီးတာနဲ့ ကျောင်းကို သွားပါတယ်။ နေ့လည်စာ ခဏတာ စားပြီးတာနဲ့ အိမ်ပြန်လာပြီး အဖေ ဖြစ်သူကို နေ့လည်စာ ကျွေးပါတယ်။

Yanglin လေးဟာ သူတို့ နေထိုင်ရာ Guizhou ပြည်နယ်၊ Wangpu ရွာမှာ ပစ္စည်း အတိုအစလေးတွေ ကောက်ပြီး ပြန်ရောင်းပါတယ်။ အဲအတွက် တစ်နေ့တာ ယွမ်၂ဝ ရပါတယ်။ ဖခင်ဖြစ်သူ Tongming ကတော့ ဝင်ငွေ မရှိပေမယ့် အစိုးရ ထောက်ပံငွေ တစ်လကို ယွမ် ၃ဝဝ ရပါတယ်။ သူတို့ သားအဖကို အိမ်နီးချင်း တွေက အမြဲ ကူညီပေးပြီး အစားအသောက်၊ ငွေကြေး စသဖြင့် တတ်နိုင်သလောက် ထောက်ပံ့ကြပါတယ်။

Tongming ဟာ ဝင်ငွေ မရှာနိုင်ဘဲ သားငယ်လေး ဖြစ်သူကို ဒုက္ခ ပေးနေမိတဲ့ သူ့ဘဝကို အဆုံး စီရင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကို သိပ်ချစ်တဲ့ သားငယ်လေးရယ်၊ သားငယ်လေး မိဘမဲ့ ဖြစ်ရမှာကို မလိုလားတဲ့ အတွက် ထိုအကြံအစည်ကို လက်လျှော့ခဲ့ရတယ်လို့ ဆိုပါတယ်။

Source : viral4real

Zawgyi