Lifestyle

ဗိုလ်တထောင်ဘုရားရှိ အမတော်မြနန်းနွယ် ရဲ့ပါးကိုနမ်းမိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသူ(ဖြစ်ရပ်မှန်)

ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ် အဆောင်၊ ဘိုးဘိုးကြီးအဆောင် ၊ ဝိဇ္ဖာဓာတ်နန်းစသည့်နေရာအသီးသီးတွင် လုံခြုံရေးနှင့်အစစအရာရာကိစ္စများအတွက် ဘုရားဂေါပကအဖွဲ့မှခန့်အပ်ထားသော ဝန်ထမ်းများမှအလှည့်ကျတာဝန်ယူရသည်။

တစ်ရက် စာရေးသူ မြနန်းနွယ် အဆောင် သို့ရောက်ရှိစဉ် ဝန်ထမ်းတစ်ဦးမှ အမတော်အားပွဲဆက်သူတစ်ဦးအတွက် ကိုယ်စားဆုတောင်းပေးနေသည်ကို မြင်မိသည်။ အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အစီစဉ်တကျပြောဆို ပွဲအပ်ဆုတောင်းပေးကြပါသည်။ ထိုသူသည် သုံးလေးဦးဆက်တိုက် ပြောဆိုဆုတောင်းပေးပြီးနောက် ခတ္တခဏ စာရေးသူ အနီးရှိ ထိုင်ခုံတွင် ထိုင်၍ နားနေခိုက်တွင် စာရေးသူသိလိုသမျှကိုသွားရောက်မေးမြန်းရင်း စကားလက်ဆုံကျကာ အမတော်မြနန်းနွယ်ရဲ့ထူးခြားဆန်းပြားဖြစ်ရပ်များနဲ့ ဆုတောင်ပြည့်ပုံများကိုမှတ်သားခဲ့ရသည်။

ထိုမှတ်သားခဲ့သည်များအထဲမှ အမတော် မြနန်းနွယ်ရဲ့ပါးကိုနမ်းမိ၍ အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူတစ်ယောက်အကြောင်းကို စာဖတ်သူများသိရှိစေရန် ရေးသားလိုက်ပါသည်။ ထိုသို့အသက်ဆူံးရှုံးရန်သိသိလေးလိုသည် အထိဖြစ်ခဲ့ရသူမှာအခြားမဟုတ် ယခုထိုအကြောင်းကိုပြောပြသော ဝန်ထမ်းရဲ့အဖေဖြစ်သည်။ သူ၏ အဖေမှာ ဘုရားတွင်ဝန်ထမ်းအဖြစ်လုပ်သက်၃၅နစ်အထိလုပ်သွားသူဖြစ်ပြီး အခုတိုင်အသက် ၉၃နှစ်ထိအသက်ရှင်လျက်ရှိသေးကြောင်း ရှေးဦးစွာပြောပြသည်။ နာမည်မှာဦးဘချစ်ဖြစ်သည်။ ယခုအဖြစ်အပျက်မှာ ဦးဘချစ်အလုပ်ဝင်စကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သူသည်ပျော်ပျော်နေတက်မျက်နှာပြောင်တက်သည်။ တစ်ရက်သူ၏စိတ်ထဲမှာ အမတော်ရဲ့ရုပ်ပုံသည်အရမ်းချစ်စရာကောင်းပြီး ချောမောလှပနေသည်ကိုသာတွေးမိနေသည်။ ထိုနောက်ရုတ်တရက် အမတော်နားကိုသွားပြီး အမတော်၏ပါးကိုနမ်းလိုက်မိသည်။ ညဘက်ရောက်သောအခါနေရင်းထိုင်ရင်း အထက်လန်အောက်လျောဖြစ်ကာ ဆေးရုံသို့ချက်ချင်းပို့လိုက်ရသည်။

ဆေးတွေသွင်းပြီးလူလည်းမသေရူံတမယ်သာကျန်သည်။ ထို့နောက်အမတော်ကိုကန်တော့ပွဲပေးကာတောင်းပန်ရသည်။ နောင်တွင်လည်းအမတော်ကို ဤကဲ့သို့မလေးမစားမလုပ်ရဲတော့ချေ။ ဦးဘချစ်အတွက်တော့ဘဝတွင် မမေ့နိုင်စရာအဖြစ်အပျက်တစ်ခုအဖြစ် အမှတ်ရနေမှာမလွဲပေ။ နောင်လည်းအလျင်းသင့်သလို ဆက်လတ်ရေးသားပါဦးမည်။

စာရေးသူ[email protected]

Zawgyi
ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ် အဆောင်၊ ဘိုးဘိုးကြီးအဆောင် ၊ ဝိဇ္ဖာဓာတ်နန်းစသည့်နေရာအသီးသီးတွင် လုံခြုံရေးနှင့်အစစအရာရာ ကိစ္စများအတွက် ဘုရားဂေါပကအဖွဲ့မှခန့်အပ်ထားသော ဝန်ထမ်းများမှအလှည့်ကျတာဝန်ယူရသည်။