Knowledge

ပုံသဏ္ဍာန် ထူးခြားလှတဲ့ ရှေးဟောင်းရွှေထည်ပစ္စည်းများကို မြောင်းမြို့နယ်မှာ တွေ့ရှိ

ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းက စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာအနောက်ဘက်မှာရှိတဲ့ ဧရာဝတီမြစ်ဆိပ်ကမ်းအနီးမှာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားလှတဲ့ ရှေးဟောင်းရွှေထည်ပစ္စည်းများကိုဒေသခံတစ်ဦးမှ တွေ့ရှိခဲ့သည်ဟု သိရတာဖြစ်ပါတယ်။ရွှေသားချည်းသက်သက်နဲ့ အနုလက်ရာပြောင်မြောက်စွာ ပြုလုပ်ထားသော ထိုရွှေထည်ပစ္စည်းများမှာ ရွှေနားဒေါင်းများ ရွှေဆွဲပြားများပါဝင်ပြီး အခြားသော အမျိုးအမည် မခန့်မှန်းနိုင်သေးသော

ရွှေထည်ပစ္စည်းများလည်း ပါဝင်ပြီးတော့ ပျူခေတ်လက်ရာများဖြစ်နိုင်သည်ဟု (အကြမ်းမျဉ်း) ခန့်မှန်းထားကြတာပါ။ရှေးဟောင်းယဉ်ကျေးမှု အနုလက်ရာ ရွှေထည်ပစ္စည်းများတွေ့ရှိရတဲ့ ကျောင်းဖြူရွာသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာဒေသမှာ တည်ရှိပြီးတော့ ယောအတွင်းဝန်ဦးဖိုးလှိုင်ရဲ့ ဇာတိရွာဖြစ်တဲ့ ရွာပုလဲရွာ အနီးမှာ တည်ရှိသည့် ရွာတစ်ရွာပါ။မြောင်မြို့ဟာ အထက်မြန်မာပြည် စစ်ကိုင်းခရိုင်ရဲ့ အနောက်ဖက်ပိုင်းမှာ ရှိပြီး မြင်းမူမြို့ရဲ့ အနောက်တောင်ဖက် ၁၄ မိုင်အကွာ

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ဆုံရာ ထောင့်ချိုးမှာဧရာဝတီနှင့် ချင်းတွင်းမြစ်တို့ဆုံရာ ထောင့်ချိုးတွင် ဧရာဝတီမြစ်၏လကျာ်ဖက်ကမ်းပေါ်၌ တည်ရှိတာ ဖြစ်ပါတယ်။ မြောင်မြို့နယ်ရရုံးစိုက်ရာ မြို့ဖြစ်ပါတယ်။ မြောင်မြို့နယ်ဟာ ၁၇၉ စတုရန်းမိုင်

ကျယ်ဝန်းတာပါ။ ချောင်းဦး မရိုးကုန်း ပေတရာ လမ်းမကြီးက ထိုမြို့ကို ဖြတ်သွားတာပါ။မြို့အတွင်းသို့ မြစ်ရေ မဝင်နိုင်ရန် မြောက်အင်းမကြီးတွင် ရေကာတာကြီးတစ်ခုကို ပြုလုပ်ထားတာဖြစ်ပါတယ်နော်။ မြင်းခြံ-မန္တလေးသွား သင်္ဘောများဟာ

ထိုမြို့ရဲ့ အစုန်အဆန် ဆိုက်ကပ်ကြတာပါ။မြောင်မြို့၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၇၇၉၅ ယောက်ရှိတာ ဖြစ်ပါတယ်။၁ မြို့ပေါ်မှာ မြို့ပိုင်ရုံး၊ ရဲဌာနာ၊ဆေးရုံ၊ အစိုးရအထက်တန်းကျောင်း စတဲ့ အစိုးရ အဆောက်အအုံများလည်း ရှိတာပါ။

မြောင်မြို့ဟာ မြန်မာမင်းများ လက်ထက်က မြင်းခေါင်းတစ်ဦး အုပ်ချုပ်ရသော နယ်ဖြစ်ပြီးတော့ဘ ထိုစဉ်က ရွှေဘိုမြို့ဝန်၏ လက်အောက်ခံ ဖြစ်ခဲ့တာပါ။နောင်အခါ အာလာကပ္ပမြို့ဝန်၏ လက်အောက်ခံဖြစ်ခဲ့တာပါ။မြောင်မြို့နှင့်တကွ အနီးအပါး တစ်ဝိုက်ကို ရှေးအခါက ပေါင်းမြောင်းတိုက်ဟု ခေါ်တွင်ခဲ့၍၊ ပုဂံပြည့်ရှင် ဘုရင်နရပတိစည်သူက တည်ထောင်ခဲ့တာလို့သိရတာဖြစ်ပါတယ်။

Unicode

#credit