Celebrities

မနက်(၅) နာရီလောက် မွေးကင်းစကလေးကို ဂေဟာရှေ့မှာ စွန့်ပစ်သွားကြောင်းပြောလာတဲ့ ခိုင်နှင်းဝေ

အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ ပရိသတ်တွေက ပရဟိတမင်းသမီးတစ်ယောက်လို့တောင် သက်မှတ်ခံထားရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လက်ရှိ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး လူမှုရေးအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ ဝေးကွာနေတဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ပေးထားတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း မနက်(၅) နာရီလောက်မှာ မွေးကင်းစသမီးလေးတစ်ယောက်ကို ဂေဟာရှေ့မှာလာရောက်စွန့်ပစ်သွားကြောင်းပြောပြလာပါတယ်။

“ဒီနေ့ မနက် ၅ နာရီလောက်မှာ ကျွန်မရဲ့ ဂေဟာအရှေ့မှာ မွေးကာစ သမီးလေး တစ်ယောက်ကို လာရောက် စွန့်ပစ်သွားပါတယ်။ ကလေးငိုသံကြားလို့ ထွက်ကြည့်တဲ့အခါ သမီးလေးကို အေးစက်ပြီး ငိုနေတာတွေ့ရပါတယ်။ စိတ်လဲမကောင်းဖြစ်ရသလို တော်တော်လဲ စိတ်တိုမိပါတယ်။ ကျွန်မဂေဟာရှေ့လာပစ်တာ ကျွန်မဆီရောက်စေချင်လို့ဆိုလဲ ကလေးတွေကို ခုလိုမျိုးတွေ မလုပ်ဖို့ တောင်းပန်ပါတယ်။

ကလေးတွေက အရမ်းနုနေတဲ့ ချိန်မှာ ဆောင်းတွင်းဖြစ်တာရယ် အိတ်ထဲမှာမို့ အသက်ရှူကျပ်တာတွေ ဖြစ်ပီး ကလေး အသက် ဆုံးရှူံးနိုင်ပါတယ်။ စုံစမ်းမေးမြန်းစရာတွေ စုံစမ်းပြီး သမီးလေးကို ကျွန်မတို့ “ခိုင် ” မိသားစု ဂေဟာရဲ့ (၃၉) ယောက်မြောက် သမီးလေးအဖြစ် စောင့်ရှောက်ထားလိုက်ပါတယ်ရှင် …” ဆိုပြီး ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ သူမဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့ ကလေးတစ်ယောက်ကို ခေါ်ယူမွေးဖွားဖို့ စောင့်ရှောက်ဖို့ ဝန်မလေးပေမယ့် ရက်ရက်စက်စက် အိတ်ထဲထည့် စွန့်ပစ်တာကိုတော့ စိတ်တိုကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ သမီးလေးလည်း ခိုင်နှင်းဝေရဲ့ လက်ထဲမှာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Unicode

#credit