Dhamma

အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်ပေမယ့် မြေနေရာအကျယ်ကြီးကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့တဲ့သူ

အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သော်လည်းဘဲ မြေအကျယ်ကြီးကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသို့လှူဒါန်းခဲ့တာ လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

ယခု ပုံလေးတွေကို အမှတ်မထင် ကြည့်လိုက်မယ်ဆိုလျှင်တော့ မြန်မာပြည်ထဲက ဒေသတစ်ခုမှာလို့ ထင်မှတ်မှားစရာပါနော်။တကယ့် နေရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ချစ်တကောင်းတိုင်းဒေသအတွင်းရှိ ဘန်ဒါဘန်ခရိုင် မှာဖြစ်ပါတယ်။

ထိုဒေသရဲ့ မြေပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သော မစ္စတာမာဘူဘာရဲ့ အလှူပွဲတစ်ခုမှာ လှူဒါန်းခဲ့တာပါ။သူဟာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပေမယ့်လည်း အဆိုပါဒေသရှိ မိဘမဲ့ ကလေးများ ဂေဟာတစ်ခုအတွက် မြေနေရာ အကျယ်ကြီး တစ်နေရာကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းထံပေးအပ်လှူဒါန်းခဲ့ပြီးတော့ ပုံပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူကိုလည်း ထုလုပ် ပူဇော်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်နော်။

ဘာသာ မတူပေမယ့်လည်း ယခုလို လုပ်ရပ်ဟာ တကယ်ကို မွန်မြတ်တဲ့ လုပ်ရပ်ပါနော်။ဖတ်ရအားပေးခဲ့ကြတဲ့ ချစ်ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ် နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Source & Photo Credit: Original Uploader

Zawgyi