Knowledge

Pay တွေထဲက ငွေတွေအခိုးခံရပြီး တာဝန်မယူရင်ဖြေရှင်းမပေးရင် တိုင်လို့ရပီနော်

Pay ထဲက မိမိငွေအခိုးခံရရင် ဗဟိုဘဏ်ကို တိုင်ပါ။မြန်မာနိုင်ငံမှာ ဗဟိုဘဏ်ကနေ တရားဝင်ခွင့်ပြုပေးထားတဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ငါးခုရှိနေပြီး အဲဒီငါးခုက Wave Money, M Pitesan, OK$, Mytel Pay, MPT Money တို့ပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အဲဒီ Pay တွေထဲထားတဲ့ ပိုက်ဆံတွေ Hack ခံနေရတာ ခိုးယူခံနေရတာဖြစ်နေပြီး ဘာတစ်ခုမှ တာဝန်မယူဘူးလို့လည်း ကြားသိနေရပါတယ်။Pay တွေဘက်က တာဝန်မယူသလို ရဲစခန်းမှာ အမှုဖွင့်ရင်လည်း အရေးယူမပေးတဲ့ အခြေအနေတွေ ရှိနေတာကိုလည်း ကြားနေမြင်နေရပြန်ပါတယ်

တကယ်တမ်းမှာ Pay တစ်ခုခုထဲမှာထားတဲ့ မိမိပိုက်ဆံတွေ ခိုးယူခံရတယ်ဆိုရင် မိမိအသုံးပြုတဲ့ Pay ကို အသိပေးလို့မှအလုပ်လုပ်ရက်ငါးရက်အတွင်းအကြောင်းမပြန်ရင် ဖြေရှင်းမပေးရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တိုင်ကြားလို့ရပါတယ်။

တိုင်ကြားမှုတွေကို စိစစ်ပြီး ဗဟိုဘဏ်က အများပြည်သူနစ်နာစေတဲ့အဲဒီ Pay တွေကို ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အရေးယူပါတယ်။အောက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တိုင်ကြားရမဲ့ ဆက်သွယ်နိုင်သူတွေ ဖုန်းနံပါတ်တွေ Gmail တွေ ဖော်ပြပေးလိုက်ပါတယ်။Pay တွေနဲ့ သက်ဆိုင်တဲ့ဌာန အရေးယူနိုင်တဲ့ဌာနကိုတော့ တရားဝင်ထုတ်ပြန်မထားလို့မသိရပေမဲ့ ဥက္ကဋ္ဌရုံး၊ ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန၊ ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာနစတဲ့ Gmail တွေပါ တိုင်ကြားကြပါလို့ တိုက်တွန်းလိုပါတယ်။

https://www.cbm.gov.mm/?q=my/node/10

Unicode

#credit