Dhamma

ဘုန်းတော်ကြီးတွေကိုယ်တိုင် ဆွမ်းကွမ်းချက်ပြုတ်ရတဲ့ရွာလေး

ဆွမ်းမပို့တဲ့ရွာ( မြေပြန့်ဒေသတွေမှာတော့ ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေကတာဝန်ယူကြတာဟာ တာဝန်တစ်ရပ်လိုကိုဖြစ်နေပါပြီ ဗုဒ္ဓဘာသာရွာမှန်ရင် ဘုန်းတော်ကြီးတွေရဲ့ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေကဆွမ်းပို့ပေးပြီးတာဝန်ယူကြတာဟာ မြေပြန့်ဒေသတွေမှာတော့ဓလေ့ထုံးစံတစ်ခု၊ တာဝန်တစ်ရပ်လိုကိုဖြစ်နေပါပြီ။ ချင်းပြည်နယ်က တစ်ချို့သောရွာလေးတွေမှာတော့ မြေပြန့်ကသာသနာလာပြုတဲ့ရဟန်းတွေဟာ ဆွမ်းကွမ်းအတွက်ကိုကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးကြရပါတယ်။ ဒါကလည်း ချင်းပြည်နယ်မှာသာသနာပြုတာဝန်ကျတဲ့ရဟန်းတော်တွေအတွက် အထူးအဆန်းတော့မဟုတ်ပါဘူး။ ချင်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တွေဖြစ်တဲ့ ကန်ပက်လက်မြို့နယ်ထဲမှာဆို သာသနာပြုဌာနပေါင်း (၃၆)ဌာနရှိပြီး မင်းတပ်မြို့နယ်ထဲမှာဆိုရင်ဌာနပေါင်း (၅၀)ကျော်ရှိပါတယ်။

ကန်ပက်လက်မြို့နယ်ထဲမှာ ဒေသခံချင်းတိုင်းရင်းသားတွေက ဆွမ်းပို့တဲ့ရွာပေါင်း (၂၀)လောက်ရှိပြီး မင်းတပ်မြို့နယ်ထဲမှာလည်းကျောင်းပေါင်း(၂၀)လောက်ရှိပါတယ်။ ဆွမ်းမပို့လို့ကိုယ်တိုင်ချက်ဘုဉ်းပေးရတဲ့ရွာတွေကတော့ နှစ်မြို့နယ်ပေါင်း (၅၀)ကျော်ရှိတာမို့ အဲဒီရွာတွေမှာတာဝန်ကျတဲ့ဦးဇင်းတွေကတော့ ချက်တတ်သည်ဖြစ်စေ၊ မချက်တတ်သည်ဖြစ်စေ ချက်ပြုတ်နည်းကိုသင်ယူလေ့လာပြီး ဖြစ်သလိုချက်စားကြရတော့တာပါပဲ။ ကိုယ်ကတော့ မင်းတပ်နယ်ထဲကမဲင်းရွာရောက်တိုင်း သူငယ်ချင်းနဲ့အတူဝိုင်းဝန်းကူချက်လေ့ရှိပါတယ်။ ကိုယ့်ရွာကဒကာဒကာမတွေကဆွမ်းပို့တာကြောင့် ဆွမ်းကွမ်းအတွက်ဘာမှမပူရလို့ တစ်ခြားအလုပ်တွေ လုပ်ချိန်ပိုရပါတယ်။ စာရေးမလား၊ စာဖတ်မလား၊ ကျောင်းဝိုင်းသန့်ရှင်းရေးလုပ်မလား၊ ဘုရားတည်မလား၊ ကျောင်းဆောက်မလား၊ သစ်ပင်စိုက်မလား ကြိုက်တာလုပ်နိုင်ပါတယ်။

ဆွမ်းပို့ခြင်း၊မပို့ခြင်းက ဘယ်လောက်ကွာခြားသလဲဆိုတာကိုလည်း ကိုယ်တိုင်သိမြင်လာရပါတယ်။ ဆွမ်းကွမ်းချက်နေရတာနဲ့တင်ကို မနက်ပိုင်းတစ်ခုလုံးဟာ ကုန်မှန်းမသိကုန်သွားပါတယ်။ နောက်ပြီးရွာထဲကဒကာဒကာမတွေကဆွမ်းမပို့တော့ ကျောင်းကိုအရောက်အပေါက်နည်းပြီး ဗုဒ္ဓဘာသာရဟန်းသံဃာတွေနဲ့ထိတွေ့ခွင့် နည်းပါးတာကြောင့် လုံလောက်တဲ့ခင်မင်ရင်းနှီးမှု၊ လုံလောက်တဲ့ကြည်ညိုလေးစားမှုလည်း နည်းပါးလှပါတယ်။ ဆွမ်းပို့တဲ့ရွာတွေဆိုရင် ရဟန်းသံဃာတွေဘက်ကလည်း “ဪ…ဒီရွာထဲကဒကာဒကာမတွေလှူဒါန်းတဲ့ဆွမ်းကွမ်းကိုအမှီပြုပြီး ငါအသက်ရှင်ရပ်တည်နေရတယ်။ ငါ့အပေါ်မှာ ဒကာဒကာမတွေရဲ့ကျေးဇူးတွေရှိတယ်။ ဒါကြောင့်ငါနေချင်သလိုနေဖို့မသင့်ဘူး။ ငါလုပ်ချင်တာလုပ်ဖို့မသင့်ဘူး။ ငါ့အပေါ်ကျေးဇူးရှိလို့ သူတို့အပေါ်ကိုလည်းပြန်ပြီးကျေးဇူးပြုနိုင်ရင်ကောင်းမှာပဲ” ဆိုတဲ့ အတွေးတွေဟာ ရဟန်းတစ်ပါးရဲ့စိတ်ကိုပိုပြီးပီသစေပါတယ်။ ဆွမ်းမပို့တဲ့ရွာတွေမှာကျ ရဟန်းတွေနဲ့ဒကာဒကာမတွေဟာ ခပ်စိမ်းစိမ်းဆိုတော့ ကျေးဇူးဆိုတာလည်း သိပ်ပြီးမရှိလှသလိုပါပဲ။

ကျေးဇူးတွေနည်းပါးတော့ တစ်ဖက်နဲ့တစ်ဖက်ထောက်ထားငဲ့ညှာစရာတွေလည်းသိပ်မလိုကြလို့ ခပ်စိမ်းစိမ်းဟာခပ်စိမ်းစိမ်းပဲနေခဲ့ကြပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ကျေးဇူးတရားလေးတွေ အပြန်အလှန်ရှိမှသာလျှင် နေရထိုင်ရတာလည်းပိုပြီးပျော်မွေ့စရာကောင်းမယ်ထင်ပါတယ်။ ရဟန်းတွေဘက်ကလည်း “သူတို့ပို့တဲ့ဆွမ်းနဲ့ အသက်ရှင်နေထိုင်ရတဲ့ဘဝမို့ သူတို့ဟာငါ့ရဲ့ကျေးဇူးရှင်တွေပါလား”ဆိုတဲ့အသိမျိုးဝင်သင့်သလို လူတွေဘက်ကလည်း “ဦးဇင်းရှိလို့ဆွမ်းကွမ်းလှူရတာကြောင့် ဒါနကုသိုလ်တွေရတယ်။ ဦးဇင်းရှိလို့ဘုရားတည်ဖြစ်တယ်။ ကျောင်းဆောက်ဖြစ်တယ်” ဆိုတဲ့ အပြန်အလှန်ကျေးဇူးတရားလေးတွေရှိနေနိုင်ရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။ ချင်းတောင်ပေါ်က ဆွမ်းမပို့တဲ့ရွာလေးတွေကိုလည်း အပြစ်မဆိုသာပါဘူး။ တကယ်တော့သူတို့ရွာလေးတွေဟာ ဗုဒ္ဓဘာသာသက်တမ်း အင်မတန် နုနယ်ကြပါသေးတယ်။

ရွာထဲမှာခရစ်ယာန်တစ်ဝက်၊ ဗုဒ္ဓဘာသာတစ်ဝက်မို့ ဗုဒ္ဓဘာသာကလည်း ခရစ်ယာန်ထဲအချိန်မရွေးဝင်သွားနိုင်သလို ခရစ်ယာန်ကလည်းဗုဒ္ဓဘာသာထဲကို အချိန်မရွေး ဝင်လာနိုင်ပါတယ်။ သူတို့လေးတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး ခံစားချက်သိပ်မရှိကြတာကိုလည်းတွေ့ရပါတယ်။ လူသာသနာပြုပုဂ္ဂိုလ်နဲ့မတည့်လို့ ခရစ်ယာန်ထဲ ပြောင်းသွားရတာနဲ့၊ ဘုန်းကြီးနဲ့မရင်းနှီးလို့ တစ်ခြားဘာသာထဲပြောင်းသွားရတာနဲ့။ သူတို့အတွက်ကတော့ ဘာသာတစ်ခုကနေတစ်ခုကိုကူးပြောင်းကိုးကွယ်ဖို့က ရေသောက်သလောက်တောင်ခက်ပုံမရပါဘူး။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာသက်တမ်းနုသေးတဲ့ ချင်းတောင်ပေါ်ကရွာလေးတွေမှာ ဆွမ်းကွမ်းကိုကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးရပ်တည်နေရတဲ့သူငယ်ချင်း၊ ညီတော်၊ နောင်တော်အားလုံးကိုလေးစားမိပါကြောင်း…။

မောင်ခေမိန်(မကွေး)

Zawgyi