Celebrities

မြန်မာနိုင်ငံ မှာ ဒီလောက်အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းနယ်မြေတစ်ခု ရှိနေတယ်ဆိုတာ သင်သိပြီးပြီလား

နည်းပညာ အကူအညီတွေ မပါပဲနဲ့ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင်မှာ ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ ရွှေဘတောင်ကို နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ရွှေဘတောင်ဆိုတာက မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်းဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေး တော်တော်သွားရတာပါ။ မြန်မာနိုင်ငံထဲမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာကို သိရတော့ အလွန့်အလွန်ကို ဂုဏ်ယူမိပါတယ်နော်။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်း ဖြစ်ပြီး တော့ အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေတာပါ။ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်နော်။

မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေဟာ ကျောက်တွေနဲ့သာ ထွင်းထုထားတာပါ။ကျောက်သားနံရံများကို အင်္ဂတေ လုံးဝမပါပဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်နော်။ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီး နေရာဖြစ်ပြီးတော့ ကျောက်နံရံကို ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ၊ ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာတော့ စေတီများ ဘုရားများ တည်ထားတာပါ။နောက်ထပ် အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားတာပါ။

ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘ မှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီးတော့ ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းဖြစ်ပါတယ်။ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှမပါဝင်ပဲနဲ့ လက်နှင့်ဆောက်ကိုသာသုံးပြီး ကျောက်သားများကို ထွင်းထုခဲ့ကြတာပါ။ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင်လည်း ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါတယ်

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီး မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးမှတ် ထားသင့်ပါတယ်နော်။

Credit ot original

Zawgyi
နည်းပညာ အကူအညီတွေ မပါပဲနဲ့ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင်မှာ ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ ရွှေဘတောင်ကို နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ရွှေဘတောင်ဆိုတာက မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်းဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေး တော်တော်သွားရတာပါ။ မြန်မာနိုင်ငံထဲမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာကို သိရတော့ အလွန့်အလွန်ကို ဂုဏ်ယူမိပါတယ်နော်။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်း ဖြစ်ပြီး တော့ အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေတာပါ။ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်နော်။

မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေဟာ ကျောက်တွေနဲ့သာ ထွင်းထုထားတာပါ။ကျောက်သားနံရံများကို အင်္ဂတေ လုံးဝမပါပဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်နော်။ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီး နေရာဖြစ်ပြီးတော့ ကျောက်နံရံကို ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ၊ ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာတော့ စေတီများ ဘုရားများ တည်ထားတာပါ။နောက်ထပ် အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားတာပါ။

ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘ မှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီးတော့ ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းဖြစ်ပါတယ်။ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှမပါဝင်ပဲနဲ့ လက်နှင့်ဆောက်ကိုသာသုံးပြီး ကျောက်သားများကို ထွင်းထုခဲ့ကြတာပါ။ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင်လည်း ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါတယ်။

လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ ရသောကျောက် ဖြစ်ပါတယ်နော်။လူသွားလမ်းများ၊ သာသနာ ကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့ တွေ့ရတာပါ။ဥပမာပြောရရင်တော့ အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ ရှေးဟောင်းလက်ရာ ကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်ဗျာ။