အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးကတော့ မကြာသေးခင်ကဘဲ ခင်ပွန်းနဲ့သူမရဲ့ဓာတ်ပုံကြောင့် social media မှာ လူသိများသွားခဲ့ပြီးတော့ သူမရဲ့အသွင်အပြင်က ဇနီးထက် သမီးနဲ့ပိုတူနေတဲ့အတွက် လူအများကို တအံ့တဩဖြစ်စေခ့တာပါ။
Jakartaမြို့မှာနေထိုင်ပြီးတော့ influencerတစ်ဦးလည်းဖြစ်တဲ့ Puspa Dewiဘဆိုတဲ့ သူမဟာ တစ်ကယ်တမ်း းတော့ အသက် ၅၃နှစ်အရွယ်ဆိုပေမယ့်လည်း အသက်၂၀ကျော်အမျိုးသမီးတစ်ဦးလိုဖြစ်နေတာပါ။ခုလိုနုပျိုနေတာဟာ သူမရဲ့တက်ကြွတဲ့နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးလုပ်ထုံးလုပ်စဉ်တွေကြောင့်လို့ သိရပါတယ်။
သူမကတော့ သားနှစ်ယောက်ရှိသလို မြေးတစ်ယောက်လည်းရှိပြီဖြစ်ပြီးတော့ အသက်၅၆နှစ်အရွယ်ခင်ပွန်းနဲ့ လက်ထပ်ခဲ့တာ ၂၆နှစ် ရှိနေပါပြီတဲ့။သူမတင်ထားတဲ့ဓာတ်ပုံနှစ်ပုံမှာ လွန်ခဲ့တဲ့ ၂၇နှစ်က ဒိတ်လုပ်ခဲ့တဲ့ပုံ နဲ့ နောက်တစ်ပုံက အဖိုးအဖွားဖြစ်သွားတဲ့စုံတွဲပုံတွေပါနော်။Puspaဟာ ၂၄နှစ်အရွယ်သားဖြစ်သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့အခါတိုင်းမှာ ငယ်ရွယ်နုပျိုလွန်းတဲ့သူမရုပ်ရည်ကြောင့်ဘဲ စုံတွဲတွေလိုတောင် အထင်မှားစေတာပါ။
Puspaကတော့ ငယ်ရွယ်နုပျိုဖို့ ပုံမှန်လေ့ကျင့်ခန်း လုပ်ရင်း ကျန်းမာတဲ့အစားအသောက်နဲ့ စိတ်ကိုပျော်ရွှင်အောင် အမြဲထားတာပါ။သူမကတော့ အထက်တန်းအရွယ်ကတည်းက အခုလက်ရှိအထိ ဆယ်စုနှစ်များစွာ အားကစားမှာ စိတ်အားထက်သန်နေခဲ့တာပါ။
Puspaကတော့ Zumba အကမှာ တက်ကြွစွာပါဝင်တတ်သလို တစ်ခြား အေရိုးဗစ်၊အပြေး နဲ့ ဘတ်စကတ်ဘော စတဲ့ကျန်းမာရေးအားကစားတွေကိုလည်း စိတ်ဝင်စားတာပါ။ သူမရဲ့အားကစားဗီဒီယိုတွေကို Tik Tok မှာလည်း ဝေမျှပေးတတ်ပါသေးတယ်။
Puspaအတွက်တော့ အသက်ကလုံးဝကိန်းဂဏာန်းတစ်ခုပါဘဲနော်။အကယ်လို့ ခင်ဗျားတို့လည်း ပိုမိုကျန်းမာသန်စွမ်းတဲ့ဘဝပုံစံအသစ်ကို စတင်ကျင့်သုံးချင်နေရင်တော့ Puspaရဲ့အရာအလုံးစုံအောင်မြင်မှုတွေကို ကြည့်ရင်း inspireယူလိုက်ပါနော်။
via (Mckzone Daily)
Source : worldofbuzz
Zawgyi
အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးကတော့ မကြာသေးခင်ကဘဲ ခင်ပွန်းနဲ့သူမရဲ့ဓာတ်ပုံကြောင့် social media မှာ လူသိများသွားခဲ့ပြီးတော့ သူမရဲ့အသွင်အပြင်က ဇနီးထက် သမီးနဲ့ပိုတူနေတဲ့အတွက် လူအများကို တအံ့တဩဖြစ်စေခ့တာပါ။
Jakartaမြို့မှာနေထိုင်ပြီးတော့ influencerတစ်ဦးလည်းဖြစ်တဲ့ Puspa Dewiဘဆိုတဲ့ သူမဟာ တစ်ကယ်တမ်း းတော့ အသက် ၅၃နှစ်အရွယ်ဆိုပေမယ့်လည်း အသက်၂၀ကျော်အမျိုးသမီးတစ်ဦးလိုဖြစ်နေတာပါ။ခုလိုနုပျိုနေတာဟာ သူမရဲ့တက်ကြွတဲ့နေထိုင်မှုပုံစံနဲ့
ကျန်းမာရေးလုပ်ထုံးလုပ်စဉ်တွေကြောင့်လို့ သိရပါတယ်။သူမကတော့ သားနှစ်ယောက်ရှိသလို မြေးတစ်ယောက်လည်းရှိပြီဖြစ်ပြီးတော့ အသက်၅၆နှစ်အရွယ်ခင်ပွန်းနဲ့ လက်ထပ်ခဲ့တာ ၂၆နှစ် ရှိနေပါပြီတဲ့။သူမတင်ထားတဲ့ဓာတ်ပုံနှစ်ပုံမှာ လွန်ခဲ့တဲ့ ၂၇နှစ်က ဒိတ်လုပ်ခဲ့တဲ့ပုံ နဲ့ နောက်တစ်ပုံက အဖိုးအဖွားဖြစ်သွားတဲ့စုံတွဲပုံတွေပါနော်။Puspaဟာ ၂၄နှစ်အရွယ်သားဖြစ်သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့အခါတိုင်းမှာ ငယ်ရွယ်နုပျိုလွန်းတဲ့သူမရုပ်ရည်ကြောင့်ဘဲ စုံတွဲတွေလိုတောင် အထင်မှားစေတာပါ။Puspaကတော့
ငယ်ရွယ်နုပျိုဖို့ ပုံမှန်လေ့ကျင့်ခန်း လုပ်ရင်း ကျန်းမာတဲ့အစားအသောက်နဲ့ စိတ်ကိုပျော်ရွှင်အောင် အမြဲထားတာပါ။သူမကတော့ အထက်တန်းအရွယ်ကတည်းက အခုလက်ရှိအထိ ဆယ်စုနှစ်များစွာ အားကစားမှာ စိတ်အားထက်သန်နေခဲ့တာပါ။