Local News

ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံရတဲ့ ကိုအောင်ကြီးက ရဲတပ်ဖွဲ့ကို နစ်နာကြေး သိန်းငါးထောင် ရလိုမှုနဲ့တရားစွဲ

ဗစ်တိုးရီးယား အမှုမှာ မှားယွင်း ဖမ်းဆီးခံခဲ့ရတဲ့ကိုအောင်ကြီးက နစ်နာမှုအတွက် သိန်းငါးထောင်ရလိုမှုဖြင့် တရားစွဲဆို လိုက်ပါတယ်။

နေပြည်တော် သပြေကုန်း Wisdom Hill မူကြိုကျောင်းမှာ အသက်သုံးနှစ် မပြည့်သေးတဲ့ ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ မူကြိုကျောင်း သူလေးကို အဓမ္မပြု ကျင့်ခဲ့တဲ့ကိစ္စမှာ ဖမ်းဆီးခံရပြီး လွတ်မြောက်ခဲ့တဲ့ ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ ကနေ သိန်းငါးထောင် ရလိုကြောင်းနဲ့ ဒက္ခိဏခရိုင် တ ရားရုံးမှာ တရားစွဲ လိုက်ပါတယ်။

မမှန် မကန်တရားစွဲဆို ချုပ်နှောင်ခံရ သည့်အတွက် လျော် ကြေးနှင့်နစ်နာကြေး ငွေ ၅၀၀,၀၀၀,၀၀၀ိ/-(ကျပ်သိန်းငါးထောင် တိတိ) ရလိုမှု” ဆိုပြီးစွဲဆိုတဲ့အ ကြောင်း ဒီအမှုကို လိုက်ပါ ဆောင်ရွက် ပေးတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် ပြောပြတာက “ကိုအောင်ကျော်မျိုး ခေါ် အောင်ကြီးပေါ့နော် သူကနေပြီးတော့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို တရားမနစ်နာမှုနဲ့ တရားစွဲထား ပါတယ်ဗျ။ ဒီနေ့ (ဒီဇင်ဘာ၈) ပဲ ဒက္ခိဏ ခရိုင်တရား ရုံးမှာတင်ပါ တယ်။ အမှုရဲ့ အမည်ကတော့ မမှန်မကန် တ ရားစွဲဆို ချုပ်နှောင် ခံရသည့်တွက် လျော်ကြေး နဲ့ နစ်နာကြေးငွေ ကျပ်သိန်း ၅၀၀၀ ရလိုမှုပါဗျ။

ဗစ်တိုးရီးယားလို့ လူတွေသိ ကြတဲ့အမှုမှာ သူ့ကိုမှား ဖမ်းမိတဲ့ ခါကြတော့ လူသိရှင်ကြား လည်း သိက္ခာတွေချ၊ အချုပ်ထဲမှာလည်း လအများကြီး နေခဲ့ရတယ်။ အဲ့ဒီဟာ တွေတွက်ပေါ့ဗျာ။ လျော် ကြေးနဲ့ နစ်နာကြေး ပေါင်းပြီးတော့ သိန်း ၅၀၀၀ တောင်းတာပါ လို့ ပြောပါတယ်။ ဒီအမှုကို နေပြ ည်တော် အဆိုလွှာ တင်သွင်း စွဲဆိုတာမှာ တရား ရုံးက အမှုကိုလက်ခံပြီး တရားမကြီးမှု အမှတ် (၃ ၁၂/၂၀၂၀) အဖြစ်သတ်မှတ် ကြားနာမှာ ဖြစ်ပြီး အမှုကို ခရိုင် တရားသူကြီးရဲ့ တရားခွင်က ဒီဇင်ဘာ ၁၈ရက် နေ့မှာ အဆိုလွှာကို စိစစ်ဖို့ ချိန်း ဆိုထားပါတယ်။

ဒီအမှုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တာဝန်ခံ၊ တာဝန်ယူ သူအဖြစ် ရဲချုပ် အောင်ဝင်းဦး (မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့) ကို တရားပြိုင် အဖြစ်ထားပါ တယ်။ တရားလို ရှေ့နေတွေ အဖြစ်နဲ့ နေပြည်တော်က တရားလွှတ်တော် ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင် တို့က လိုက်ပါ ဆောင်ရွက်ကြမယ်လို့ သိရပါတယ်။ ကိုအောင်ကြီးကို ၂၀၁၉ မေလ၃၀ ရက်က ပထမ အကြိမ် ဖမ်းပြီး ဇွန်၂၄ ရက်မှာ အာမခံနဲ့ပြန်လွှတ် ပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ဇူလိုင် ၄ ရက်မှာ ပြန်ဖမ်းခဲ့ကာ ၂၀၁၉ ဒီဇင်ဘာ ၁၂ ရက်မှာ တရားရှင် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက် ရှိအနေအထား မှာတော့ ဗစ်တိုးရီးယားရဲ့ အမှုဟာ တရားခံ အစစ်ဖမ်းဆီးနိုင် ခြင်းမရှိသေးလို့တိုးတက်မှု မရှိသေးဘဲ တရားခွင်မှာပဲ ရှိနေပါသေးတယ်။ ကိုထွန်း(VOM) TheVoiceDaily