Knowledge

ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး

ထိုင်း မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ လေးတောခိုကျေးရွာမှာနေထိုင်နေတဲ့ တာလခုန်းဘာသာဝင်တွေဟာ သူတို့ရွာမှာ အထဋ်အမြတ်ထားပြီး ကိုးကွယ်တဲ့ ရှေးဟောင်းဆင်စွယ်တော်ကိုမသူတော်အချို့က သူတို့ပိုင်သလိုလိုဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီးတော့ လာရောက်ယူဆောင်တာတွေရှိခဲ့တာပါတဲ့။


ဒါပေမယ့်လည်း အချိန်တန်တော့လည်း မူလတည်နေရာကို ပြန်လည်လို့ရောက်လာတာက ထူးခြားမှုဖြစ်စဉ်တရပ်ဖြစ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုကြတာပါ။သက်သတ်လွတ်စားတဲ့ တလာခုံးတွေ ကိုးကွယ်ကြသော ဆင်စွယ်တော်ကို အများပြည်သူတွေ မြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်နော်။

လေးတောခိုရွာက တလာခုံးဘာသာဝင်တွေက လမ်းပန်းခရီးခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှသီးသန့်ရွာတည်ပြီးတော့ နေထိုင်ကြတာဖြစ်ပါတယ်နော် ယလုမှာ လေးတောခိုမှာနေထိုင်ကြတဲ့ တလာခုံးဘာသာဝင်အများစုက ထိုင်းနိုင်ငံသားတွေဖြစ်နေကြပါပြီတဲ့။သူတို့ပြောတဲ့စကားဟာ ပိုးကရင်ဘာသာစကားပါ။တလာခုံးဘာသာဝင် ကရင်လူမျိုးတွေကို လူသိများစေတာက မီးပုံပွဲပူဇော်ကျင်းပတာဘဲဖြစ်ပါတယ်နော်။ မီးပုံပူဇော်တဲ့ပွဲတွေထဲမှာတော့ကရင်ပြည်နယ်ကျုံဒိုးမြို့က မီးပုံပူဇော်ပွဲဆိုရင် ထူးခြားတဲ့ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာလဲ အထူးထင်ရှား လူသိများတာပါနော်။

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်(ဓာတ်ပုံ – မူရင်းဓာတ်ပုံပညာရှင်(စာစု – ဘားအံသားစစ်စစ်)