Local News

SP Bakery ပိုင်ရှင် မိုးကုတ်မြို့ရဲ့ မြို့မျက်နှာဖုံးဖြစ်သူ ဦးကျော်ဝင်း လက်နက်ကိုင်လူတစ်စု၏ဖမ်းဆီးခံရ

SP Bakery ပိုင်ရှင် မိုးကုတ်မြို့ရဲ့ မြို့မျက်နှာဖုံးဖြစ်သူ ဦးကျော်ဝင်း လက်နက်ကိုင်လူတစ်စု၏ဖမ်းဆီးခံရ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းအား ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းသည် ၎င်း၏သူငယ်ချင်းဖြစ်သူများနှင့် မိုးကုတ်မြို့ အောင်ချမ်းသာဈေးသို့ လာရောက်စဉ် အမည်မသိ လက်နက်ကိုင် လူတစ်စုမှ လက်နက်ပြ၍ ကားပေါ်သို့ အတင်းခေါ်ဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးသွားတဲ့ အဖွဲ့က လေးယောက်လို့ ပြောတယ်။ ဦးကျော်ဝင်းကို ကားပေါ်ဆွဲသွင်းတာက သုံးယောက်ပြောတာပဲ။ ဖမ်းဆီးတဲ့အဖွဲ့က Mask တွေ တပ်ထားတယ် အားလုံး။ SURF ကားခဲရောင်လေးနဲ့ အတင်းအဓမ္မကို ဆွဲသွင်းသွားတာတဲ့ လက်နက်ပြပြီးတော့မှ။ အဲဒါနဲ့ စံပြကျော်ဝင်းနဲ့လာတဲ့ သူငယ်ချင်း သုံးယောက်က ထွက်ပြေးသွားတယ်။ သူက ရုန်းတော့ရုန်းသေးတယ်တဲ့။ ကားပေါ်တက်တဲ့ အချိန်မှာပဲ လက်နက်ပြပြီး ပြန်ပေးဆွဲသွားတာ။ မျက်မြင်သက်သေတွေက ရှိတယ်။ ဘယ်သူမှ မပြောရဲဘူး။ ခဲရောင် SURF ကားနဲ့ ခေါ်သွားတယ်။ သူဌေးက အကျႌအမဲရောင် ဝတ်ထားတယ်” ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးကုတ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လည်း သတင်းရလို့ လိုက်တော့ အတည်ပြုတုန်းပါ။ လိုက်ပြီးတော့ စုံးစမ်းနေဆဲပါ” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။Crd – DVB

unicode

SP Bakery ပိုင်ရှင် မိုးကုတ်မြို့ရဲ့ မြို့မျက်နှာဖုံးဖြစ်သူ ဦးကျော်ဝင်း လက်နက်ကိုင်လူတစ်စု၏ဖမ်းဆီးခံရ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းအား ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းသည် ၎င်း၏သူငယ်ချင်းဖြစ်သူများနှင့် မိုးကုတ်မြို့ အောင်ချမ်းသာဈေးသို့ လာရောက်စဉ် အမည်မသိ လက်နက်ကိုင် လူတစ်စုမှ လက်နက်ပြ၍ ကားပေါ်သို့ အတင်းခေါ်ဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးသွားတဲ့ အဖွဲ့က လေးယောက်လို့ ပြောတယ်။ ဦးကျော်ဝင်းကို ကားပေါ်ဆွဲသွင်းတာက သုံးယောက်ပြောတာပဲ။ ဖမ်းဆီးတဲ့အဖွဲ့က Mask တွေ တပ်ထားတယ် အားလုံး။ SURF ကားခဲရောင်လေးနဲ့ အတင်းအဓမ္မကို ဆွဲသွင်းသွားတာတဲ့ လက်နက်ပြပြီးတော့မှ။ အဲဒါနဲ့ စံပြကျော်ဝင်းနဲ့လာတဲ့ သူငယ်ချင်း သုံးယောက်က ထွက်ပြေးသွားတယ်။ သူက ရုန်းတော့ရုန်းသေးတယ်တဲ့။ ကားပေါ်တက်တဲ့ အချိန်မှာပဲ လက်နက်ပြပြီး ပြန်ပေးဆွဲသွားတာ။ မျက်မြင်သက်သေတွေက ရှိတယ်။ ဘယ်သူမှ မပြောရဲဘူး။ ခဲရောင် SURF ကားနဲ့ ခေါ်သွားတယ်။ သူဌေးက အင်္ကျီအမဲရောင် ဝတ်ထားတယ်” ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးကုတ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လည်း သတင်းရလို့ လိုက်တော့ အတည်ပြုတုန်းပါ။ လိုက်ပြီးတော့ စုံးစမ်းနေဆဲပါ” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။Crd – DVB

#credit