Lifestyle

ဘီးဖာတဲ့ အလုပ်ကို ကျောင်းပိတ်ရက်တွေမှာ ကြိုးစားလုပ်ကိုင်နေတဲ့ (၁၀)နှစ်အရွယ် ကလေး

ဘီးဖာတဲ့ အလုပ်ကို ကျောင်းပိတ်ရက်တွေမှာ ကြိုးစားလုပ်ကိုင်နေတဲ့ (၁၀)နှစ်အရွယ် ကလေ

ယနေ့ နေ့လည်တုန်းက ဆိုင်ကယ်နဲ့ မိန်းနားသွားရင်းနဲ့ ဘီးပေါက်ပါလေရောဗျာ။အဲ့ဒီတော့ တွန်းရတာပေါ့။ပထမဆုံးတွေ့တဲ့ဆိုင်ကတော့ အဖိုးကြီးတစ်ယောက်ပါ။ သူကကြည့်ပြီးတော့ ကျွတ်လဲရမှာတဲ့။ကလစ်ဆိုင်ကယ်ဖြစ်လို့ မဖြုတ်ပေးနိုင်ဘူးတဲ့။ ခက်တယ်တဲ့။ ဟုတ်ပါတယ်။ Click ဆိုင်ကယ်တွေဟာ နောက်ဘီးဖြုတ်ရတာခက်တယ်။ရှေ့နားမှာ ဘီးဖာတဲ့ဆိုင်ရှိတယ်တဲ့။ တစ်ပြပဲဆိုတာနဲ့ ဆက်တွန်းသွားလိုက်တာ။ ၆၉လမ်းနဲ့ ၃၉ လမ်းဆုံမှာ။

ဒီဆိုင်လေးတွေ့ပါလေရောဗျာ။ဘီးဖာပေးတဲ့ဆရာကတော့ အသက် ၁၀ နှစ်ဆိုတော့ ဟဖြစ်ပါ့မလားပေါ့ဗျာ။ ကောင်လေးနာမည်က မင်းခန့်ကျော်တဲ့။ကျောင်းက ၄ တန်းဖြေထားတယ်တဲ့။Click ဆိုင်ကယ်ကို မပြီးတော့ ဘီးကိုတစ်ယောက်ထဲအလွယ်တကူဖြုတ်ပြီး ကျွတ်အသစ်လဲပေးတာဗျာ။အတော်ကျွမ်းကျင်တယ်။သူ့အဖေရဲ့ဆိုင်မှာ ကျောင်းပိတ်ရက်တွေ ကူလုပ်ပေးနေတာတဲ့ဗျာ။ အသက် ၈ နှစ်ကထဲက လာကူတာတော့ အခုတော့ တော်တော်လေးကို ကျွမ်းကျင်နေပြီ။

သူ့ဝမ်းသူကျောင်းနိုင်တဲ့ အသက်မွေးပညာတတ်သွားပြီ။ဒီနေရာမှာပြောချင်တာကတော့ မိဘတိုင်း သားသမီးကို ခိုင်းပါဗျာ။ငွေကြေးချမ်းသာတဲ့သူရော ဆင်းရဲတဲ့သူပါ သားသမီးကို အလုပ်လုပ်ခိုင်းကြပါ။ အလုပ်လုပ်ခြင်းကတော့လူကို ရင့်ကျက်စေတာပါ။ကိုယ်တိုင်အလုပ်လုပ်ပြီးရှာရတဲ့ ငွေရဲ့ တန်ဘိုးကိုသိသွားတဲ့အတွက်ကြောင့် ဘယ်တော့မှ လမ်းမှားမရောက်တော့ဘူးပေါ့။ မပျင်းတော့ဘူး။အခုခေတ်က မိဘတွေ သားသမီးကိုမခိုင်းကြဘူး။

အိမ်ကအကြွေးတင်နေပေမယ့်လည်း သားသမီးကြ ဖိနပ် သိန်းကျော်တန်ဆိုင်ကယ်အကောင်းစား ကားအကောင်းစားနဲ့ထားကြတယ်။ အဲ့ဒီတော့ သားသမီးက မိဘကို ကိုယ်ခြင်းလဲမစာတတ်ဘူး။လောကနိယာမတရားလဲမသိ။ အလုပ်လဲမလုပ်ချင်။မိမိဘဝအခြေအနေမှန်ကိုလဲ မသိ နဲ့ ဟေးလားဝါးလားနဲ့။ အသက်ကြီးပြီးတော့ မတိုးတက်ပဲလူညွှန့်တုန်းရပါတယ်။ အခုခေတ်ကလေးတွေပိုဆိုးတယ်။Game နဲ့ Facebook ကို ဘဝထင်ပြီးတော့ တစ်ချိန်လုံးနှိပ်နေတယ်။

ကိုယ်ရှာတဲ့ ပိုက်ဆံနဲ့ ကိုယ်နှိပ်ရင်တော့ မပြောလိုပါဘူးဗျာ။ မိဘပိုက်ဆံနဲ့နှိပ်တာတော့ လွန်ပါတယ်နော်။အဲ့ဒီတော့ မိဘများ သားသမီးကိုချစ်တယ်ဆို များများခိုင်းကြပါနော်။ ဒါမှလဲ သူတို့ဘဝတွေတိုးတက်မှာပါ။ငွေပုံကြီးပေးထားလဲ အချိန်တန်ကုန်သွားမှာပါ။ငွေရှာနည်းသင်ပေးလိုက်ရင် တစ်သက်မကုန်တော့ပါဘူးဗျာ။ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားနေတဲ့ လူတော်လေး မောင်မင်းခန့်ကျော်ကိုအားပေးချင်ရင်တော့၆၉လမ်းနဲ့ ၃၉ လမ်းဒေါင့်မှာရှိတဲ့ သူ့ဆိုင်မှာ တာယာလဲတာ လေချိန်တာ ဘီးဖာတာတွေ လုပ်ပေးနေပါတယ်နော်။

Unicode

ဘီးဖာတဲ့ အလုပ်ကို ကျောင်းပိတ်ရက်တွေမှာ ကြိုးစားလုပ်ကိုင်နေတဲ့ (၁၀)နှစ်အရွယ် ကလေး

ယနေ့ နေ့လည်တုန်းက ဆိုင်ကယ်နဲ့ မိန်းနားသွားရင်းနဲ့ ဘီးပေါက်ပါလေရောဗျာ။အဲ့ဒီတော့ တွန်းရတာပေါ့။ပထမဆုံးတွေ့တဲ့ဆိုင်ကတော့ အဖိုးကြီးတစ်ယောက်ပါ။ သူကကြည့်ပြီးတော့ ကျွတ်လဲရမှာတဲ့။ကလစ်ဆိုင်ကယ်ဖြစ်လို့ မဖြုတ်ပေးနိုင်ဘူးတဲ့။ ခက်တယ်တဲ့။ ဟုတ်ပါတယ်။ Click ဆိုင်ကယ်တွေဟာ နောက်ဘီးဖြုတ်ရတာခက်တယ်။ရှေ့နားမှာ ဘီးဖာတဲ့ဆိုင်ရှိတယ်တဲ့။ တစ်ပြပဲဆိုတာနဲ့ ဆက်တွန်းသွားလိုက်တာ။ ၆၉လမ်းနဲ့ ၃၉ လမ်းဆုံမှာ။

ဒီဆိုင်လေးတွေ့ပါလေရောဗျာ။ဘီးဖာပေးတဲ့ဆရာကတော့ အသက် ၁၀ နှစ်ဆိုတော့ ဟဖြစ်ပါ့မလားပေါ့ဗျာ။ ကောင်လေးနာမည်က မင်းခန့်ကျော်တဲ့။ကျောင်းက ၄ တန်းဖြေထားတယ်တဲ့။Click ဆိုင်ကယ်ကို မပြီးတော့ ဘီးကိုတစ်ယောက်ထဲအလွယ်တကူဖြုတ်ပြီး ကျွတ်အသစ်လဲပေးတာဗျာ။အတော်ကျွမ်းကျင်တယ်။သူ့အဖေရဲ့ဆိုင်မှာ ကျောင်းပိတ်ရက်တွေ ကူလုပ်ပေးနေတာတဲ့ဗျာ။ အသက် ၈ နှစ်ကထဲက လာကူတာတော့ အခုတော့ တော်တော်လေးကို ကျွမ်းကျင်နေပြီ။

သူ့ဝမ်းသူကျောင်းနိုင်တဲ့ အသက်မွေးပညာတတ်သွားပြီ။ဒီနေရာမှာပြောချင်တာကတော့ မိဘတိုင်း သားသမီးကို ခိုင်းပါဗျာ။ငွေကြေးချမ်းသာတဲ့သူရော ဆင်းရဲတဲ့သူပါ သားသမီးကို အလုပ်လုပ်ခိုင်းကြပါ။ အလုပ်လုပ်ခြင်းကတော့လူကို ရင့်ကျက်စေတာပါ။ကိုယ်တိုင်အလုပ်လုပ်ပြီးရှာရတဲ့ ငွေရဲ့ တန်ဘိုးကိုသိသွားတဲ့အတွက်ကြောင့် ဘယ်တော့မှ လမ်းမှားမရောက်တော့ဘူးပေါ့။ မပျင်းတော့ဘူး။အခုခေတ်က မိဘတွေ သားသမီးကိုမခိုင်းကြဘူး။

အိမ်ကအကြွေးတင်နေပေမယ့်လည်း သားသမီးကြ ဖိနပ် သိန်းကျော်တန်ဆိုင်ကယ်အကောင်းစား ကားအကောင်းစားနဲ့ထားကြတယ်။ အဲ့ဒီတော့ သားသမီးက မိဘကို ကိုယ်ခြင်းလဲမစာတတ်ဘူး။လောကနိယာမတရားလဲမသိ။ အလုပ်လဲမလုပ်ချင်။မိမိဘဝအခြေအနေမှန်ကိုလဲ မသိ နဲ့ ဟေးလားဝါးလားနဲ့။ အသက်ကြီးပြီးတော့ မတိုးတက်ပဲလူညွှန့်တုန်းရပါတယ်။ အခုခေတ်ကလေးတွေပိုဆိုးတယ်။Game နဲ့ Facebook ကို ဘဝထင်ပြီးတော့ တစ်ချိန်လုံးနှိပ်နေတယ်။ကိုယ်ရှာတဲ့ ပိုက်ဆံနဲ့ ကိုယ်နှိပ်ရင်တော့ မပြောလိုပါဘူးဗျာ။ မိဘပိုက်ဆံနဲ့နှိပ်တာတော့ လွန်ပါတယ်နော်။အဲ့ဒီတော့ မိဘများ သားသမီးကိုချစ်တယ်ဆို များများခိုင်းကြပါနော်။ ဒါမှလဲ သူတို့ဘဝတွေတိုးတက်မှာပါ။ငွေပုံကြီးပေးထားလဲ အချိန်တန်ကုန်သွားမှာပါ။ငွေရှာနည်းသင်ပေးလိုက်ရင် တစ်သက်မကုန်တော့ပါဘူးဗျာ။ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားနေတဲ့ လူတော်လေး မောင်မင်းခန့်ကျော်ကိုအားပေးချင်ရင်တော့၆၉လမ်းနဲ့ ၃၉ လမ်းဒေါင့်မှာရှိတဲ့ သူ့ဆိုင်မှာ တာယာလဲတာ လေချိန်တာ ဘီးဖာတာတွေ လုပ်ပေးနေပါတယ်နော်။

#credit