International News

ကိုဗစ်ကူးစက်မှု ဖြစ်စဉ်ကို တရုတ်နိုင်ငံက ဖုံးကွယ်ခဲ့တဲ့ အတွင်းသတင်းထွက်ပေါ်လာ

ဝူဟန်မြို့မှာ စတင်တွေ့ရှိတဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို နိုင်ငံဂုဏ်သိက္ခာ ထိခိုက်မှာစိုးတဲ့အတွက် ကနဦးဖြစ်စဉ်နဲ့ ကူးစက်မှုအခြေအနေကို တရုတ်အစိုးရက ဖုံးကွယ်ထားခဲ့ကြောင်း စာမျက်နှာ(၁၁၇) မျက်နှာပါ အစီအရင်ခံ ချက်တွေ နဲ့အတူ ပေါက်ကြားပေါ်ထွက်လာပါတယ်။

ဖုံးကွယ်ထားတဲ့ ဒီသတင်းအချက်အလက်မှတ်တမ်းဟာ အင်တာနက်ပေါ်မှာပေါက်ကြားသွားခဲ့ပြီး(ကျေးဇူးပြုပြီး သတင်းလျှို့ဝှက် ထားပါ) ဆိုတဲ့ မှတ်ချက်တောင်ပါတယ်လို့ CNN သတင်းဋ္ဌာနက ဖော်ထုတ်ရေးသားခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဟာ ဝူဟန်မြို့မှာ ကိုဗစ်ရောဂါပိုး စတွေ့တာကို နောက်ကျမှ သတင်းထုတ်ပြန်ခဲ့သလို ရက်သတ္တပတ်ပေါင်းစွာ ကူးစက်မှုအသစ်တွေအတွက် အချက်အလက်မှတ်တမ်းတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လူနာတွေကို ပျမ်းမျှ(၂၃) ရက်အကြာ ရောဂါဝေဒနာခံစားတာတွေ့ရပြီးမှ ကိုဗစ်ဖြစ်ကြောင်း အတည်ပြုတာတွေ၊ ကိုဗစ်ပိုးရှိသူတွေကို အာခေါင်တို့ဖတ်ယူပြီး အဖြေထုတ်ရာမှာ အများစုကို ဇန်နဝါရီ(၁၀) ရက်နေ့အထိ စာရင်းမသွင်းဘဲ အချက်အလက် ဖျောက်ဖျက်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“သူတို့အမှားတွေ လုပ်ခဲ့တယ်။ အမှားလုပ်ရုံသာမက ကိုဗစ်ကို ကိုင်တွယ်ဖြေရှင်းမှုတွေမှာလည်း ဗျူရိုကရက်ဆန်စွာနဲ့ မှားယွင်းလုပ်ဆောင်ခဲ့ကြတယ်။

ဒီလိုကနေ တစ်ကမ္ဘာလုံးကို ကူးစက်သွားတာပဲ”လို့ တရုတ်ပြည်ပဆက်ဆံရေး ကောင်စီဝင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ကြည့်လေ့လာမှုအဖွဲ့ဝင် ယန်ဇောင်းဟွမ်က ပြောပါတယ်။

ဝူဟန်မြို့အခြေစိုက်တဲ့ ဟူဘေးခရိုင်မှာ ဖေဖော်ဝါရီ(၁၀) ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်ပိုးအသစ် ကူးစက်သူပေါင်း(၅၉၁၈) ယောက် ရှိခဲ့ပေမဲ့ တရုတ်နိုင်ငံက အဲဒီအချက်အလက်တွေကို ချပြတာ မရှိခဲ့ပါဘူး။

သူတို့ချပြတဲ့ ကူးစက်ခံရမှုနှုန်းထက် အပြင်မှာတကယ်ကူးစက်နှုန်းက နှစ်ဆကျော်များတယ်လို့ အချက်အလက်တွေကို ဖော်ထုတ်မယ့်သူက ဆိုပါတယ်။

တရုတ်အာဏာပိုင်တွေက သူတို့ရဲ့တရုတ်နှစ်သစ်ကူးနေ့တွေဖြစ်တဲ့ ဇန်နဝါရီလ (၁၄) ရက်နေ့ကနေ (၂၀) ရက်နေ့အထိ ခြောက်ရက်အကြား ဖြစ်ပွားခဲ့တဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ(၂၀) ရက်နေ့ တစ်ရက်တည်းမှာ တရုတ်နိုင်ငံကဖော်ပြတဲ့ ကိုဗစ်ကူးစက်ခံရမှုက သုံးထောင်ကျော်ရှိခဲ့ပြီး တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်တွေဟာ တစ်ကမ္ဘာလုံးကို သန်းနဲ့ချီပြီးခရီးသွားလာ လည်ပတ်မှုကနေ ဒီကိုဗစ် ဗိုင်းရပ်စ် တစ်ကမ္ဘာလုံးဆီ ပျံ့နှံ့သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi

#credit