Celebrities

အောန်ဆိုင်းဟာ လူတိုင်းကိုမေတ္တာစစ်စစ်ပေးတက်တဲ့သူလို့ ဆိုလာတဲ့ မေဦး

မေဦးကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပြီး ပြင်ဆင်ခြယ်သမှုအပိုင်းမှာလက်ရာမြောက်တာကြောင့် လူသိများကာနာမည်ကျော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မေဦးကတော့ စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီး ဒီနေ့မှာချီးကျူးစကားဆိုလာတာပါ။

မနေ့ကတော့ ချစ်သူဆီကနေပြီး လက်ထပ်ခွင့်တောင်းခံတဲ့အကြောင်းကို အောန်ဆိုင်းက ပရိသတ်တွေကိုအသိပေးခဲ့တာ ဖြစ်ပါတယ်။ မေဦးကတော့ အောန်ဆိုင်းရဲ့ Wedding အတွက်ကြိုရင်ခုန်နေတဲ့အကြောင်းကို “အမုန်းနဲ့မာနတွေဆိုတာမရှိပျော်ရွှင်ခြင်းနဲ့ချစ်ခြင်းတရားကိုရင်ဝယ်ထားပြီး လူတိုင်းကို မေတ္တာစစ်စစ်ပေးတက်တဲ့သူမ အခုလို ပျော်ရွှင်ခြင်းနဲ့ချစ်ခြင်းတရာသာပြန်ရတာ သူမရဲ့ စေတနာမေတ္တာတွေကြောင့်ပါ။ Congratulations ပါမေဦးတို့အားလုံးအရမ်းချစ်ရတဲ့ Awn Seng ထာဝရပျော်ရွှင်ခြင်းတွေပဲဘုရားကထက်မံပေးအပ်မယ်ဆိုတာယုံကြည်လို့ Wedding ကျရင်လှလှပေးပြင်ပေးဖို့ ကြိုပြီးရင်ခုန်နေတော့မယ်နော်” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ

စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အောန်ဆိုင်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ အေးဆေးတည်ငြိမ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်သူနဲ့ချစ်သူရဲ့မိသားစုတွေကပါ ချစ်ခင်ဂရုစိုက်ခံရတဲ့အထိကံကောင်းတဲ့အောန်ဆိုင်းကတော့ လေးစားစရာကောင်းတဲ့စိတ်နေသဘောထားလေးကိုပိုင်ဆိုင်တဲ့အကြောင်း မေဦးကတော့ ချီးကျူးစကားဆိုလာတာပါ။

#credit