Celebrities

ကိုဗစ်ကာလပြီးသွားတဲ့အချိန်မှာလုပ်ဖို့အတွက် ဆုံးဖြတ်ထားတဲ့အရာတွေကို ပြောပြလာတဲ့ ပိုင်ဖြိုးသု

မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ သရုပ်ဆောင်ကောင်းသလို ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ နာမည်ကျော်မင်းသမီးတစ်လက်ပါ။ အကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားသလို အနုပညာအရည်အချင်းအပြည့်ရှိတာကြောင့်လည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိထားတာပါ။

လက်ရှိအချိန်ကတော့ ကိုဗစ်ကပ်ရောဂါကြီးကြောင့် အလုပ်တော်တော်များများရပ်ဆိုင်းထားရတာဖြစ်ပြီး သုသုတို့လိုအနုပညာရှင်တွေလည်း အိမ်တွင်းအောင်းနေရတာပါ။ သုသုကတော့ ကိုဗစ်ရောဂါတွေလျော့နည်းလာပြီး အပြင်ပြန်ထွက်ရမယ့်အချိန်ကိုစောင့်နေပုံရပါတယ်။ သူ့ရဲ့ခံစားချက်တွေကိုတော့ :ကိုဗစ်ပြီးလို့ကတော့ အိမ်မှာကိုမနေဘူး … မြန်မာတစ်ပြည်လုံးရောက်ဖူးပြီးသားရော မရောက်ဖူးသေးတဲ့နေရာရောလျှောက်သွားပြီ… ဆိုပြီးတော့ ဖေ့ဘွတ်ခ်ကတစ်ဆင့် ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

ပရိသတ်တွေကလည်း သုသုရဲ့အနုပညာခြေလှမ်းအသစ်တွေကိုလည်း မြင်တွေ့နေကြပြီလို့ထင်ပါတယ်။ သုသုလိုပဲ ကိုဗစ်ကာလကြီးပြီးသွားပြီး လွတ်လွတ်လပ်လပ်နဲ့အပြင်ပြန်ထွက်ရမယ့်အချိန်တွေကို မျှော်လင့်နေကြတဲ့သူတွေအများကြီးထင်ပါရဲ့နော်…

#credit