Celebrities

Asian Academy Creative Awards အတွက် မြန်မာနိုင်ငံကိုယ်စားပြု ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ပန်းရောင်ခြယ်

ပရိသတ်အချစ်တော် တေးသံရှင် ပန်းရောင်ခြယ်ကတော့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ပန်းရောင်ကတော့ ပရိသတ်တွေအားပေးရတာနဲ့ ထိုက်တန်တဲ့ ရလဒ်တစ်ခုအဖြစ် နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့ပါပြီ ပရိသတ်ကြီးရေ ။

ဒီဇင်ဘာလ (၂)ရက်နေ့ ဒီနေ့မနက်က Asian Academy Creative Awards အတွက် ပန်းရောင်က မြန်မာနိုင်ငံကိုယ်စားပြု ဆန်ကာတင်စာရင်းဝင် တစ်ယောက်အနေနဲ့ တစ်ခြားအာရှနိုင်ငံမှ အမျိုးသမီးသရုပ်ဆောင်များနဲ့အတူ conference လေး ပြုလုပ်ခဲ့ကြပါတယ်။အဓိကကတော့ ကိုယ့်ရဲ့ဇာတ်လမ်းလေးအကြောင်းနဲ့ ကိုယ့်ရဲ့ အနုပညာအတွေ့အကြုံအကြောင်းတွေကို ဆွေးနွေးဖြေကြားခဲ့ကြတာဖြစ်တယ်လို့ပန်းရောင်က ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

ဆုပေးပွဲက ၄ ရက်နေ့ည ၈ နာရီ CANAL+ မှာ ပြသမှာဖြစ်ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် တခြားနိုင်ငံမှ အရမ်းထူးချွန်သူတွေ၊ တကယ့်ဝါရင့် အမျိုးသမီးသရုပ်ဆောင်တွေလဲ ဆန်ကာတင်ပါဝင်မှာဖြစ်ပါတယ် ။ တကယ်ထိုက်တန်တဲ့သူရသွားမှာပါ၊ ပန်းရောင် ဒီဆုအတွက် ဆန်ကာတင်ဝင်ရတာရော သူတို့နဲ့အတူ nomination ဝင်ရတဲ့အတွက်ရော ပျော်ရွှင်မိပါတယ် လို့ ပန်းရောင်ခြယ်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

#credit