Celebrities

ကြည်နူးစရာမွေးနေ့အမှတ်တရလေးတွေကို ပရိသတ်ကိုမျှဝေလာတဲ့ပိုးကြာဖြူခင်

ဆိုင်းမိုင်လို့ပရိသတ်တွေချစ်စနိုးခေါ်တဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ ရုပ်သံဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရယူထားနိုင်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းအသစ်လည်းထွက်ရှိထားပြီး ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကိုလည်း ရယူထားနိုင်သူပါ။

ဒီနေ့ကတော့ ဆိုင်းမိုင်ရဲ့မွေးနေ့လေးလည်းဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ မွေးနေ့အတွက်ပြင်ဆင်ရင်း ညကတည်းကစိတ်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ မွေးနေ့ရက်မြတ်လေးမှာ ကုသိုလ်ကောင်းမှုတွေလုပ်နေခဲ့တာဖြစ်ပြီး မွေးနေ့အမှတ်တရဗီဒီယိုလေးကို ပရိသတ်တွေကိုမျှဝေလာတာလည်းဖြစ်ပါတယ်။

ဆိုင်းမိုင်ရဲ့မွေးနေ့မှာတော့ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ပရိသတ်တွေကတော့ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြတာပါ။ ဆိုင်းမိုင်တစ်ယောက် မွေးနေ့မှစပြီး များစွာသောအောင်မြင်မှုတွေရရှိပြီး အနုပညာလောကမှာတောက်ပတဲ့ကြယ်ပွင့်လေးအဖြစ်ဆက်လက်ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#credit