Celebrities

အိမ်ထောင်သက်(၆)လပြည့်တဲ့နေ့မှာ ခင်ပွန်းဖြစ်သူဆီကလက်ဆောင်ရခဲ့တဲ့ အိမ့်ချစ်

အသံအားကောင်းကောင်းနဲ့ သီချင်းတွေကို အကောင်းဆုံးစီးမျောခံစားပြီးသီဆိုလေ့ရှိတဲ့အိမ့်ချစ်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာမျိုးဆက်တစ်ယောက်ဖြစ်သလို သီချင်းအသစ်ထွက်တိုင်းလည်း ပရိသတ်အားပေးမှုများစွာကို ရယူထားနိုင်သူပါ။

အိမ့်ချစ်ကတော့ (၂၀၂၀)ခုနှစ်ဇွန်လထဲမှာလက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အိမ်ထောင်သက်တမ်း(၆)လရှိခဲ့ပါပြီ။ လိုက်ဖက်တဲ့အိမ့်ချစ်တို့စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချစ်ခင်ဂရုစိုက်ကြတာကလည်း အားကျစရာပါ။ ဒီနေ့မှာတော့ ချစ်ခင်ပွန်းဆီက အိမ်ထောက်သက်(၆)လပြည့်တဲ့အနေနဲ့နားကပ်တစ်ရံလက်ဆောင်ရခဲ့တဲ့အကြောင်းကိုတော့ အိမ့်ချစ်ကသူ့ရဲ့ မှာ My Day တင်ထားတာလည်း ဖြစ်ပါတယ်။

နားကပ်လေးကတော့ လှပပြီး အိမ့်ချစ်နဲ့လိုက်ဖက်လွန်းတောလည်း ဖြစ်ပါတယ်။ အိမ့်ချစ်ရဲ့ခင်ပွန်းဖြစ်သူကတော့ လက်ထပ်ခွင့်တောင်းတာကို ရိုမန်တစ်ဆန်ဆန် ပဲရစ်ကအီဖယ်မျှော်စင်ရှေ့မှာလက်ထပ်ခွင့်တောင်းခဲ့သလို အခုလိုမျိုးအိမ်ထောင်သက်(၆)လပြည့်ဆိုတဲ့အချိန်မှာလည်း သတိတရနဲ့လက်ဆောင်ပေးတတ်သူတစ်ယောက်ပါ။ အိမ့်ချစ်တို့စုံတွဲကတော့ကြည်နူးစရာကောင်းပြီး အခြားသူတွေကိုလည်းအားကျနေစေတော့မှာပါပဲနော်….
Source : EintChit

#credit