Lifestyle

အသက် ၁၀၁ နှစ်အရွယ်အဘွား ကိုဗစ်ကူးစက်မှု ၃ ကြိမ်တိုင်တိုင်ခံခဲ့ရပေမဲ့ ကျန်းမာရေးကောင်းမွန်လျက်ရှိ

အီတလီနိုင်ငံက ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ စပိန်တုပ်ကွေးရောဂါ၊ ဒုတိယကမ္ဘာစစ်ကာလတွေမှာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး အခုအခါ ကိုဗစ်ကူးစက်မှု ၃ကြိမ်တိုင်တိုင်ခံခဲ့ရပေမယ့် ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အသက် ၁၀၁ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ ခံနိုင်ရည်နဲ့ပတ်သက်ပြီး ပါးစပ်အဟောင်းသားဖြစ်ကာ အံ့သြနေကြရပြီဖြစ်ပါတယ်။

Maria Orsingher လို့ အမည်ရတဲ့ အဖွားအိုဟာ အသက်ရာကျော်အထိ နေထိုင်ခဲ့ရသူဖြစ်ပြီး ဖေဖော်ဝါရီအစောပိုင်းအတွင်းမှာ ပထမဆုံးအကြိမ် ကိုဗစ်ကူးစက်မှုကိုခံခဲ့ရပါတယ်။ “ဖေဖော်ဝါရီလအတွင်းမှာ အမေ့ကို ဆေးရုံတင်ကုသခဲ့ရပါတယ်၊ ဒီလောက်အသက်ကြီးသူတစ်ဦးကို ဗိုင်းရပ်စ်ကူးစက်တာမျိုး သူတို့မတွေ့ဖူးဘူးလို့ ပြောခဲ့ကြပါတယ်၊ အမေက ကောင်းကောင်းအသက်ရှူနိုင်ခဲ့ပြီး ဖျားတာနာလည်းမရှိခဲ့ဘူး” လို့ သူမရဲ့ သမီးဖြစ်သူက ပြောခဲ့ပါတယ်။

ဒီနောက်မှာတော့ အဖွားအိုဟာ သူမရဲ့မွေးနေ့အဖြစ်ကျရောက်မယ့် ဇူလိုင်လအတွင်းမှာ ပြန်လည်သက်သာခဲ့ပြီး ဆေးရုံကဆင်းခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ဘဲ စက်တင်ဘာလအတွင်းမှာ နောက်ထပ်တစ်ကြိမ် ကူးစက်မှုခံခဲ့ရပြီး သူမဟာ ၁၈ ရက်ကြာ ကုသမှုခံယူခဲ့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ သူမရဲ့ခံနိုင်ရည်အတွက် အံ့အားသင့်ခဲ့ကြရပြီး ဆေးရုံကိုပို့ဆောင်ကာ ကုသမှုက သူမကို ကာကွယ်ပေးနိုင်ခဲ့တယ်လို့လည်း ဒေသခံမီဒီယောတွကို ဖွင့်ဟခဲ့ကြပါတယ်။

အခုအခါ ပြီးခဲ့တဲ့ သောကြာနေ့က သူမဟာ နောက်တစ်ကြိမ်ထပ်မံကူးစက်ခံခဲ့ရပြီဖြစ်ပါတယ်။ တတိယအကြိမ်မြောက်ဖြစ်လာခဲ့ပေမယ့် ရောဂါလက္ခဏာတစ်စုံတစ်ရာပြသခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် သူမဟာ အိပ်ယာပေါ်မှာသာ လဲလျောင်းနေရပြီး သူမရဲ့ သမီးသုံးဦးနဲ့ ဆက်သွယ်နိုင်ဖို့ကိုတော့ အခက်တွေ့နေရပါတယ်။ သူမရဲ့ သမီးတွေကတော့ သံမဏီအမျိုးသမီးကြီးဖြစ်တဲ့ သူတို့ရဲ့မိခင်နဲ့ ပြန်ဆုံဆည်းဖို့ ယုံကြည်ချက်အပြည့်အဝရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

Unicode

#credit