Celebrities

ဖေဖေနဲ့အတူဆိုင်ကယ်စီးကာ စော်လေးတွေလိုက်ရှိတ်မယ်ဆိုပြီး မေမေ့ကိုစနောက်နေတဲ့ ဆုပန်ထွာသားလေး Roar ကျော်ရဲ့ဗီဒီယို

အရမ်းကိုလည်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ ဆုပန်ထွာရဲ့သားလေး Roar ကျော်ကတော့ ဖေဖေနဲ့အတူ ဆိုင်ကယ်ပတ်စီးဖို့အတွက် အရမ်းကိုစိတ်လှုပ်ရှားပြီးပျော်နေခဲ့ပါတယ်။ မေမေကတော့ နှစ်ယောက်အတူဆိုင်ကယ်သွားစီးတော့မယ့် သားအဖရဲ့ပုံစံကို Live လွှင့်ကာ စနောက်နေခဲ့ပါတယ်။

ဘယ်သွားမလဲလို့မေးတဲ့အချိန်မှာ Roar ကျော်လေးက ” စော်သွားရှိတ်မလို့ ” ဆိုပြီး ခပ်နောက်နောက်လေးပြန်ပြောခဲ့ပါတယ်။ စကားသိပ်တတ်တဲ့သားလေးကို မေမေရော ပရိသတ်တွေကပါ အချစ်တွေပိုနေခဲ့ပါတယ်။ မမပန်းရောင်ချယ်ကိုလည်း သဘောကျတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောခဲ့ပါသေးတယ်။

စကားတွေသိပ်တတ်နေတဲ့သားလေးကို မေမေကတော့ချစ်မဝဖြစ်နေခဲ့ပါတယ်။ ဖေဖေနဲ့အတူ ဆိုင်ကယ်စီးဖို့အတွက် ရင်တွေခုန်ပြီးပျော်မဆုံးဖြစ်နေတဲ့သားလေးက အမိုက်စားဆိုင်ကယ်ကြီးနဲ့ ခြံထဲကထွက်သွားတဲ့ သားအဖကို သဘောတကျနဲ့ အမိအရ မှတ်တမ်းတင်ထားတဲ့ live ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

#credit